Tuesday, March 15, 2022

မီးတိုင် အောက် က စောင့်နေတဲ့ လူ တစ်ယောက်


 

❝ မီးတိုင် အောက် က စောင့်နေတဲ့ လူ တစ်ယောက် ❞

ကျုပ် အနေနဲ့ ပြောရ ဦးမယ်ဗျာ ။ ကျုပ် အမေ နဲ့ ကျုပ် အဖေ က သားသမီး ဆိုလို့ ကျုပ် တစ်ယောက်တည်း ကိုပဲ မွေး ခဲ့တာပါ ။ ပြီးတော့ ကျုပ် ကို ဘယ်မှ သွားတာကို မှ မကြိုက်ပါဘူး ။ အိ မ်မှာ မြဲစေချင်လို့ “ မောင်အိမ်မြဲ ” လို့ နာမည် ပေးခဲ့ပါတယ် ။

ဒါပေမဲ့ ကျုပ် ကတော့ အဲဒီ နာမည် နဲ့ ပြောင်းပြန်ပဲ ဗျ ။ လူမှန်း သိတတ်စ ကတည်းက အိမ် ကို မကပ်ခဲ့ပါဘူးဗျာ ။ ဆယ်တန်း ကို ရောက်တဲ့ နှစ် မှာ ပဲ ကျုပ် ဟာ ဆယ်တန်း ဖြေပြီး တဲ့ နေ့ မှာ အိမ် က အပြီးအပိုင် ထွက်ပြေး သွားခဲ့တယ် ။ ပြီးတော့ ဆိုးတဲ့  ၊ မိုက်တဲ့ လူတွေနဲ့ မှ ရွေးပြီး ပေါ င်းမိတယ် ။ အဲဒီ တော့ ကျုပ် ကိုယ်တိုင်လည်း ဆိုးပေ့ မိုက်ပေ့ ဆိုတဲ့ လူ တစ်ယောက် ဖြစ်လာတာပေါ့ ။

ဒါပေမဲ့ ကျုပ် အဖေ က ကျုပ် ကို မရမက လိုက် ရှာပြီး အိမ် မှာ ခေါ်ထား ပြန်တယ် ။ ဆန်းတာ တစ်ခုတော့ ရှိတယ်ဗျို့ ။ စာ ကောင်းကောင်း မ ကျက်ဘဲနဲ့ စာမေးပွဲ ဖြေခဲ့တဲ့ ကျုပ် ဟာ ဆယ်တန်း အောင် နေတယ်ဗျ ။ ကျုပ် တို့ ခေတ် မှာ တုန်း က အခု ခေတ်လို ပထမနှစ် ၊ ဒုတိယနှစ် ခေါ်လေ့ မရှိဘူးဗျ ။ တက္ကသိုလ် စ ရောက်တဲ့ နှစ် မှာ အိုင်အေ ဂျူနီယာ ပဲ ၊ ပထမနှစ် လို့ မခေါ်ဘူး ။ အဲဒီ နှစ် မှာ ပဲ ကျုပ် တို့ လမ်း ထဲ က မိန်းကလေး တစ်ဦး နဲ့ ချစ်ကြိုး သွယ်ခဲ့တယ် ။ အဲဒီ မိန်းကလေး က ကျောက်မြောင်းဈေး ထဲမှာ အထည်ဆိုင် ဖွင့်တ ယ် ။ သူ့ နာမည်က “ တင်တင် ” တဲ့  ။ ကိုယ်လုံးကိုယ်ပေါက်  လှတယ် ။ မျက်နှာ သွယ် တယ် ။ သွား က အလွန် ညီတယ် ။ လျှာ ၊ အာ ၊ နှုတ်ခမ်း အလွန် နီတယ် ။ အသားအရောင် ကလည်း ဝင်းဝါတ ယ် ။ အသံ ကလည်း အေး တယ် ။ ခြေဆံလက်ဆံ သွယ်တယ် ။ ဆံပင် က နက်ပြီး ရှည်တယ် ။ မျက် ဝန်း ကျယ်တယ် ။ မျက်တောင် ၊ မျက်ခုံး လှတယ်  ။ ဒီလောက် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြရရင် တော်ပါပြီဗျာ ။ အတို ချုံးရင်တော့ တင်တင် ဟာ မိန်းမချော တစ်ယောက်ပဲပေါ့ ။

တင်တင် က မိန်းမချော တစ်ယောက် ဖြစ်တယ် ဆိုတော့ ကျုပ် ကကော ဘယ်လို လူစား ဖြစ် တယ် ဆိုတာ ပြောပြရဦးမယ် ။ အီဖေကိုယ် လည်း ခေသူမှ မဟုတ်ဘဲ ။ အရပ်အမောင်း ကောင်းတယ် ။ ရင်အုပ် ကျယ် တယ် ။ အသံသြဇာ ရှိတယ် ။ မျက်နှာ ကလည်း မိ န်းမလျာ လို လှတာ မဟုတ်ဘူး  ။ ယောက်ျား ပီ ပီသသ နဲ့ ကြည့် ကောင်းတာ ။ နှတ်ခမ်းမွှေး သဲ့သဲ့ထားတယ် ။  အဲဒီတော့ ကျုပ် နဲ့ ရွယ်တူ မိန်း ကလေး တွေ ရဲ့ ပါးစပ်ဖျားမှာ “ ကိုအိမ် ... ကိုအိမ် နဲ့ ...” တစ်အိမ် တည်း ဖြစ် နေပြန်တာပေါ့ ။ အဲဒီထဲမှာ မှ တင်တင် က ချစ်ကံကောင်းသူ ဆုကြီး ကို ပေါက် သွားတာ ။ အခုခေတ် စကား နဲ့ ပြော ရရင်တော့ မဟာ ကံထူးရှင်ဆုကြီးပေါ့ ဗျာ ။ တစ်ခါများ နှစ်ယောက် သား ကန်တောင်ကြီးစောင်း မှာ ချိန်းတွေ့ကြ တာ ရဲ တစ်ယောက် က ဘာဘာညာညာ ထင် ပြီး အရေး ယူမလို့ လာသေးတယ် ။ ကျုပ် တို့ နှစ်ယောက် ကိုလည်း မြင် ရော “ ရှေ့သွား နောက်လိုက် ညီပါပေတယ် ” ဆိုပြီး ချီးမွမ်းထောပနာ ပြုပြီး လွှတ် လိုက်တယ် ။ တစ်ခုတော့ ပြောရဦးမယ် ။ တင်တင် ကို ကျုပ် ချစ်တာ အပေါ်ယံကြော ချစ် ခဲ့တာ မဟုတ်ဘူး  ။ နှလုံးသား မှာ ကျောက်ထက် အက္ခရာ တင်ပြီး နစ်နစ်နောနော ချစ်ခဲ့တာ ... ။

ဒါပေမဲ့လည်း ဗျာ ... အချစ်စစ် ၊ အချစ်မှန် ဆိုတာ ဘယ်အခါမှ မဖြောင့်ဖြူးဘူး ဆိုတဲ့ သီချ င်း စာသား အတိုင်း ကျုပ်တို့ ရဲ့ အချစ် ဟာလည်း မဖြောင့်ဖြူးခဲ့ပါဘူး ။ တင်တင့် အမေကြီး က ကျုပ် ကို နည်းနည်း မှ ကြည့် မရ ဘူးဗျာ ။ “ အိမ်မြဲ ဆိုတဲ့ အကောင် ကို ငါ့ သမီး က မျက်စိ ကျပြီး လိုက် သွားရင် တော့ ကြွက်သတ်ဆေး ကို သက်စေ့ သောက်ပြီး သေမယ် ” လို့ ကြိမ်း တယ်ဗျ ။ အဲဒါက သူ့ အမေကြီး ကြိမ်းတာ ...  ။ သူ့ အဒေါ် ဒေါ်ခင်ရီ ဆိုတဲ့ မိန်းမကြီး က “ ငါ့ တူမ တင်တင် သာ အိမ်မြဲ ဆိုတဲ့ အကောင် နောက် လိုက်သွားလို့ ကတော့ ငါ့ လျှာ ကို ငါ ကိုက်ဖြတ် ပြီး ငုတ်တုတ် သေမယ် ” တဲ့ ဗျ ။

ကျုပ် အနေနဲ့ ဒီအကြောင်းတွေ ကို ပြန်ပြီး စားမြုံ့ပြန်ရတာ စိတ် မချမ်းသာပါဘူးဗျာ ။ ဒါကြောင့် တိုတို နဲ့ လိုရင်းပဲ စကားကြော ဖြတ် လိုက်တော့မယ် ။ တင်တင် ဟာ အလွန် သတ္တိ နည်းတဲ့ မိန်းကလေး ဗျ ။ သူ့ အမေကြီး ကြွက်သတ်ဆေး သောက်မှာ ကို စိုး တယ်ဗျ ။ အဲဒီတော့ ဒီဇာတ်လမ်း မှာ အဓိက ဇာတ်ကောင် “ တင်တင် ” ဆိုတဲ့ မိန်းကလေး ရယ် ၊ သူ့ အမေကြီး ရယ် ၊ ကျုပ် အိမ်မြဲ ရယ်ပေါ့ ဗျာ ။

အဲဒီတော့ ဒီ ဇာတ်လမ်းမှာ ဖြစ်ဖော်ဖြစ်ဖက် သုံးဦး သာ ရှိတဲ့ အနက် ကံကွက်ကြား မိုးရွာပြီး ကျွန်တော်မျိုး “ ငအိမ်မြဲ ” အပေါ် ကျွန်တော် ချစ် တဲ့ တင်တင် က “ ကိုအိမ်မြဲ ရှင့် ကို တင်တင် မ ယူနိုင် ဘူး ။ မေ့ပစ်လိုက်ပါတော့ .. ” တဲ့  ။ အိမ်မြဲ ဆိုတဲ့ ကောင် က ဘယ်လောက် ဆွေး သွားမယ် ဆိုတာ ဒင်း မသိရှာဘူး ။ အဆွေးကြီး ဆွေး သွားတယ်ဗျာ ။

ကျုပ် က စာရေးဆရာ မဟုတ်တော့ ရေးလည်း မရေးပြတတ်ဘူး ။ ရင်ထဲမှာ တော့ အနှစ် ရှစ်သောင်း ရွာတဲ့ ကမ္ဘာဖျက် မိုး လိုပဲ ။ ကျုပ် ရဲ့ နှလုံးသား ထဲ မှာ မျက်ရည်မိုးတွေ ရွာ ခဲ့ရတယ် ။ အဟုတ်ပါ ။

အဲဒီ အဖြစ်အပျက်တွေကြောင့် ကျုပ် ဟာ အ ရက်ပြင်းပြင်း ကို ရေ မရောဘဲ သောက်တတ် လာ တယ် ။ စီးကရက် ကို ဖွာပြီး မီးခိုးတွေ ကို မှုတ်ထုတ် တတ်လာတယ် ။ ပြောရဦးမယ် အိုင်အေ ဂျူနီယာ က နေ ဆက်ပြီး ကျောင်း မတက်တော့ ဘူး ။ ကျောင်း လည်း ထွက် ပစ်လိုက်တယ် ။ ကျုပ် ရင်ထဲမှာ လွမ်းမိုး တွေ စွေပြီး မပြေခင်မှာ ပဲ ကျုပ် ရဲ့ မိဘနှစ်ပါး ဟာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဆုံးပါး သွားခဲ့ကြတယ် ။ ကျုပ် လည်း ပဲ တင်တင် နဲ့ ဝေးအောင် ဆိုပြီး မိဘတွေ ထားခဲ့တဲ့ အိမ်ကြီး ကို လျှော့ဈေးပေါ့ဈေး နဲ့ ရောင်း ပြီး သင်္ဘောသား အဖြစ် နဲ့ ပင်လယ်ပြင် ကို ဖြတ် ခဲ့ရတ ယ် ။ တစ်ခါတလေ ကျုပ် လိုက်တဲ့ သင်္ဘော က တိုင်းပြည်တစ်ပြည် မှာ အကြာကြီး နေရတယ် ။ ဥပမာ ပေါ့ဗျာ ... ဒေါက် တင် တဲ့ အခါမျိုးမှာ နေ ရတာ ပေါ့ ။ သင်္ဘော ကုမ္ပဏီ မှာ ပြဿနာတက် တဲ့ အခါမျိုးမှာ လည်း တိုင်းပြည်တစ်ပြည် ရဲ့ ဆိပ်ကမ်းမြို့ကြီး တစ်မြို့ မှာ အကြာကြီး နေ ရ တာပေါ့ ။

အဲဒီလို နေရတဲ့ အခါမျိုးမှာ အခြားအခြား သင်္ဘောသားတွေကတော့ စိတ် ညစ်ကြတာပေါ့ ။ ကျုပ် ကတော့  စိတ် မညစ်ရေးချ မညစ်ဘူး ။ အဲဒီ မြို့မှာ ရှိတဲ့ ဂျပိုးတေလေတွေ နဲ့ ပေါင်း တယ် ။ သူခိုးသူဝှက်တွေ နဲ့ မိတ်ဆွေ ဖွဲ့တယ် ။ မကောင်းမှု မှန်သမျှ ဖိဖိစီးစီး သင်ယူခဲ့တယ်ဗျာ  ။ ကိုယ့်  တိုင်းပြည် လည်း ပြန် ရောက်ရော ကျုပ် ဟာ လုံးဝ အဖတ်ဆယ် လို့ မရတော့ဘူး ။ လူ ကောင်း စာရင်း မှာ လည်း မရှိ တော့ဘူး ။ လူဆိုး စာရင်း ဝင် သွားပြီပေါ့ဗျာ ။ တစ်ခု ပြောထားရဦးမယ် ။ လူဆိုး ဖြစ်သွား တဲ့ အခါမှာ နာမည်က “ အိမ်မြဲ ”  မဟုတ်တော့ဘူးဗျ ။ တစ်မျိုး ပြောင်းထားပြီ ။ ဒုစရိုက်လော က မှာ “ စွယ်စုံမောင်မောင် ” ရယ်လို့ လူ သိ များ တယ်ဗျ ။ ခါးပိုက် နှိုက်တတ်တယ်ဗျာ ။ သူများ အိမ်ပေါ် တက် ခိုးတယ်ဗျာ ။ အဖော် ကောင်းရင် ဓားပြ တိုက်တယ်ဗျာ ။ ကလေး ကို ခမည်းပေး ထားတဲ့ နားဆွဲကလေး ကို ဖြတ် ယူတဲ့ အမှုမျိုး ကနေ သိန်းပေါင်းများ စွာ ရလိုက်တဲ့ ဓားပြမှုကြီး အထိ ကျုပ် ဟာ ကျူးလွန် ခဲ့ပြီးပြီ ။

တစ်ခုတော့ ရှိတယ်ဗျို့ ။ ကျုပ် နဲ့ လက်တွဲ လုပ်တဲ့ လူတွေ ရဲ က ဖမ်းမိတဲ့ အခါ ရဲ က မရမက စစ် တာပေါ့ဗျာ ။  အဲဒီအခါမှာ သူတို့ ရဲ့ ခေါင်းဆောင် ဟာ စွယ်စုံမောင်မောင် ဆိုတဲ့ လူ ဖြစ်တယ်ဆိုတာ မဖော်တဲ့ လူ တစ်ယောက် မှ မရှိဘူး ။ ဒါပေမဲ့ ရဲ က  ကျုပ် ကို မျက်ခြည် ပြတ်နေတယ် ။ နာမည် နဲ့ လူ နဲ့ လွဲ နေ တယ် ။ အဲဒါကြောင့် ကျူပ် ဟာ ထောင်နန်း မစံရသေးတာပေါ့ ။ ပြီးတော့ လည်း ပြောရဦးမယ် ။ ကျုပ် ကျက်စားခဲ့တာ က ရန်ကုန်မြို့ မပါဘူး ။ နယ်မြို့တွေမှာ ကျက်စား ခဲ့တာပေါ့ဗျာ ။

ဒါပေမဲ့ ဒီနှစ် ဆောင်း အဝင်မှာ ဘယ်လိုဖြစ် တယ် မသိဘူး ။ တင်တင့် ကို အရမ်း သတိရတ ယ် ။ သတိ ရမယ့်သာ ရတာပါဗျာ ။ တင်တင် ဟာ ကျုပ် နဲ့ တန်းဖြုတ်ပြီးတဲ့ နောက်မှာ သူ့ အမေ သဘော ကျတဲ့ ယောက်ျား တစ်ယောက် နဲ့ ယူ လိုက် ရတယ် ။ ဒါပေမဲ့ အဲဒီ ယောက်ျား နဲ့ မမြဲပါဘူး ။ ဆီးချို ရောဂါနဲ့ အဲဒီ ယောက်ျားဟာ ကွယ်လွန် အနိစ္စ ရောက်သွားရှာတယ် ။

ကြေးချင်း တိုက်ပြီး ပြော တာတော့ မဟုတ် ပါ ဘူး ။ တင်တင် က တစ်ခုလပ်မ နော် ။ အိမ်မြဲ ဆို တဲ့ ကျုပ် ကတော့ “ မ ” ဆိုလို့ ယင်မတောင် မသန်း ဖူးသေးတဲ့ လူပျို အစစ် ဗျ ... ဟေ ဟေ့ ... ။

ပြောလက်စ နဲ့ ဆက် ပြောရဦးမယ် ။ ဆောင်း ဝင်လာတဲ့ အခါမှာ တင်တင့် ကို ဘာလို့ သတိရ တာ လဲဆိုတော့ သူ နဲ့ ကျုပ် ချစ်သူ ဖြစ်ကြရတာ အဲဒီ ဆောင်းရာသီ ပဲဗျ ။ ကျုပ် က သူ့ ကို သဇင်ပန်းကလေး လက်ဆောင် ပေးဖူးတယ် ။ ဟဲ ... ဟဲ .. ပြောရဦးမယ် ။ သဇင်ပန်း လို့ အများ ခေါ်နေကြတဲ့ ပန်း ဟာ ရှေးအခါက သန့်စင်ပန်း လို့ တောင် ခေါ်တယ်တဲ့ ဗျ ။ နှင်းတွေ လှိုင်လှိုင် ကျတဲ့ အခါမှ ဝေဝေဆာဆာ ဖြစ်တဲ့ ပန်းမျိုးဗျ ။  ကဲဗျာ ... သည် ဆောင်းဟေမန် ဆိုတဲ့ သီချင်း ခင်ဗျား တို့ လည်း ရပါတယ် ။ ကျုပ် က တော့ အကြိုက်ဆုံးပဲ ။  ရှမ်းပြည်နယ် ကို ယူဆောင်ဆက်သွင်း ဆိုတဲ့ အပိုဒ်ကလေးနားက အတော့် ကို နွဲ့နွဲ့လေး ဆို ရတာဗျ ။ ဟဲ ... ဟဲ .. သူခိုးဓားပြ ဆိုလို့ အထင် မသေးနဲ့ နော် ၊ အနုပညာ ဘက်ကလည်း သိပ်ပြီး မဆိုးလှဘူးဗျ ။ ကျူပ်တို့ ခေတ် က တယောဆရာကြီးတွေ ဆီမှာ လက်ကျလက်န မီအောင် သင်ထားတဲ့ တယော သမား ဗျ ။ တင်တင် တို့ အိမ်တံခါး ပိတ်ပြီး အိပ် တဲ့ အခါမှာ သည်ဆောင်းဟေမာန် သီချင်း ကို တယော နဲ့ ထိုး ခဲ့တာပေါ့ဗျာ ။ ထိုးရုံတင် မဟုတ် ဘူး ဗျို့ ။ ကျုပ် ရဲ့ အသံဝါကြီး နဲ့ သည် ဆောင်း ဟေမာန်ခါ ဆိုတဲ့ အပိုဒ် ကို ငိုသံပါကြီးနဲ့ ဆို ခဲ့ တာပေါ့ဗျာ ။

တိုတို ပြောမယ်ဗျာ ။ သိပ်ပြီး သတိရလာတော့ တင်တင် တို့ အိမ် မှာ တယ်လီဖုန်း ရှိတယ် ။ တယ်လီဖုန်း နံပါတ် ကို ရှာ ပြီးတော့ တင်တင့် ဆီ ကို တယ်လီဖုန်း ဆက်လိုက်တယ် ။ အောက် ကျ ခံပြီး ဆက်လိုက်တာပေါ့ဗျာ ။ တစ်ခါလောက်တော့ တွေ့ပါရစေ လို့ တောင်းပန်ရတယ် ။ ကျွန်တော့် အသည်း နှလုံး ကို တင်တင့် ခြေထောက် အောက် ကို ထိုး ထည့်ပြီး အသနား ခံခဲ့ရတာပါ ။

အဲဒီတော့ တင်တင် က ကျွန်တော့် ကို ပြန်ပြီး စကား ပြောတယ် ။ ကိုအိမ် တဲ့ ... ဘယ်တော့ တွေ့ ရမှာ လဲ ၊ ဘယ်နား မှာ တွေ့ရမှာ လဲ တဲ့ ..  ။ ကျွန်တော် ဖြင့် ဝမ်းသာလုံး ဆို့ပြီး လဲမသွား အောင် မနည်း ကို ထိန်းထားရတယ် ။ ပြီးတော့ အထစ်ထစ် အငေါ့ငေါ့နဲ့ “ အခုလာမယ့် ဒီဇင် ဘာလ ( ၂၅ ) ရက် ၊  မမှားနဲ့ နော် ။ အဲဒီ နေ့ ဟာ ခရစ္စမတ်နေ့ ည ( ၈ ) နာရီ ၊ မင်္ဂလာဒုံ ခရေပင်လမ်းခွဲ လမ်းဆုံ နား က မီးတိုင် အောက် မှာ စောင့်နေမယ် ၊ မဖြစ်ဖြစ်တဲ့ နည်း နဲ့ လာပြီး တွေ့ စေချင်တယ် ” လို့ လည်း အသနား ခံလိုက် သေးတယ် ။ ကျွန်တော် က အဲဒီတုန်းက မန္တလေး ကနေ ဆက် လိုက်တာ ။ ဆက်တဲ့ နေ့ က ဒီဇင်ဘာလ  ( ၂၀ ) ရက် နေ့ ။ ကျုပ် က ရန်ကုန် ကို ရထား နဲ့ ဆင်း လာခဲ့တယ် ။ ( ၂၁ ) ရက် နေ့ မှာ ရန်ကုန် ကို ရောက်လာ ခဲ့တယ် ။ ( ၂၅ ) ရက် ခရစ္စမတ်နေ့ ည ( ၈ ) နာရီ မှာ တော့ ကျုပ် ဟာ မင်္ဂလာဒုံ ခရေပင်လမ်းခွဲ က ဓာတ်မီးတိုင် အောက် ကို ရောက်နေပြီ ဆိုတာ အသေအချာပေါ့ ဗျာ ။ ပြီးတော့ ကျုပ် က အသည်း နင့်အောင် ချစ်ခဲ့ရ တဲ့ ကျုပ် ရဲ့ ချစ်သူ တင်တင် နဲ့ တွေ့ရဖို့ ကလ ည်း မြေကြီးလက်ခတ် မလွဲပေါ့ဗျာ ။ အဲဒီတော့ ဘယ်လောက် အူမြူးနေမယ် ဆိုတာ စဉ်းစား သာ ကြည့်ကြပေတော့ဗျို့ ... ဟေ ... ဟေ့ ... ။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပြီး နောက် ဒီဇင်ဘာလ ( ၂၅ ) ရက် နေ့ ခရစ္စမတ် ည ( ၈ ) နာရီ တွင် မင်္ဂလာဒုံ ခရေပင်လမ်းခွဲ နဲ့ အနီးဆုံး လူသွားလမ်း ပလက်ဖောင်း ပေါ် ရှိ ဓာတ်မီး တိုင် အောက် ၌ ဘောင်းဘီ ၊ ကုတ်အင်္ကျီ တို့ ကို ဝတ်ဆင်လျက် သက္ကလပ်ဦးထုပ် ကို ခပ်ငိုက်ငို က် ဆောင်းထားသော အရပ်မြင့်မြင့် လူတစ်ယောက် သည် ဓာတ်တိုင် ကို မီလျက် ရပ်နေသ ည် ကို တွေ့ရ မည် ဖြစ်၏ ။

ထို သူ သည် သူ ၏ အနီး မှ ဖြတ်သွားသော မော်တော်ကားများ ပေါ်သို့ စိတ်အားထက်သန် စွာ လှမ်း၍ ကြည့်ရှုနေ၏ ။ ထို့အတူ အနီး မှ ဖြ တ် သွား သူများ ကိုလည်း စေ့စေ့စပ်စပ် လိုက်၍ ကြည့်နေ၏ ။ ( ၈ ) နာရီ ထိုးပြီးသော အခါ၌ သူ နှင့် သက်တူရွယ်တူ ခန့် ရှိ မိန်းမတစ်ဦးသည် ကြိမ်ခြင်းကလေး ကို လက်တစ်ဖက် က ကိုင် လျ က် အခြားသော လက် တစ်ဖက် တွင် ခြောက်နှစ် အရွယ် ကလေးမလေး ကို ဆွဲကာ သူ ၏ အနီး သို့ ရောက် လာပြီးလျှင် လိပ်စာ ပါသော စာအိတ်ကလေး ကို ထိုးပြလျက် -

“ တော က လာတာပါရှင် ... အဲဒီ လိပ်စာ ကို ဘယ်လို သွားရမလဲ ... ” ဟု မေး လိုက်လေ၏ ။ ထို သူ လည်း ထို လိပ်စာ ကို ကြည့်ပြီးလျှင် စိတ် ထဲ၌ ထို မိန်းမ အား သံသယ ဖြစ်ကာ ကြည့်ရှုလိုက် လေ၏ ။ ထိုသူ သည် တစ်ခါက သူ့ ချစ်သူ ဖြစ် ခဲ့ဖူးသော တင်တင် ဆိုသည့် မိန်းမတစ်ဦး ကို စောင့်မျှော် နေခြင်း ဖြစ်၏ ။ သို့ရာတွင် ယခု သူ ၏ ရှေ့မှောက် တွင် လာ ရောက်မေးမြန်းနေသော မိန်းမ မှာ တင်တင် မဟုတ်ကြောင်း သိနေ၏ ။ အဘယ်ကြောင့် ဆိုသော် တင်တင်သည် လှ၏ ။ ထို မိန်းမ သည် မလှပေ ။

“ ခင်ဗျား မေးတဲ့ လိပ်စာ က ဒီဘက်မှာ မဟုတ်ဘူး ဗျ ။ ဟိုဘက် ကို ပြန် သွားရမယ် ၊ ကန်တော်မင် ဈေးဘက် ကနေ သွားရမယ် ... ” ဟု ပြောလိုက်ရာ ထို မိန်းမ လည်း ကလေးမလေး ကို လက် ဆွဲလျက် ခရေပင်လမ်းခွဲ ရှိ တစ်ဖက်သော ပလက်ဖောင်း ဆီ သို့ ခပ်သုတ်သုတ်ကူး သွားလေ၏ ။ အတော်လှမ်းလှမ်း သို့ ရောက်လျှင် ယာဉ်ထိန်းရဲ တစ်စု ကို တွေ့ရလေ၏ ။ သူ သည် ထို ရဲများ ဆီသို့သွား ကာ -

“ ဒီမှာ ရှင့် ... ဒီမှာ ... သိပ် ကို အရေး ကြီးပါ တယ် ။ ရဲတပ်ဖွဲ့ က အလို ရှိနေတဲ့ လူဆိုးဝရမ်းပြေး စွယ်စုံမောင်မောင် ဆိုတာ ရှင် တို့ ကြားဖူးတယ် မဟုတ်လား ... ” ဟု ပြောလိုက်လျှင် ယာဉ်ထိန်းရဲ တစ်စုလည်း မျက်လုံး ပြူး ၍ သွားလေ၏ ။ ထိုအခါ မိန်းမ က

“ အဲဒါ တခြား လူ မဟုတ်ဘူး ...  ၊ ဟောဟို ဓာတ်တိုင် အောက်မှာ ဆေးလိပ် သောက် နေတဲ့ ဦးထုပ် နဲ့ လူ ပါပဲ ... ” ဟု ပြော လိုက်လျှင် ယာဉ် ထိန်းရဲများ လည်း စခန်း ကို တယ်လီဖုန်း ဆက် သူ ဆက် ၊ ထိုသူ အနီးသို့ မယောင်မလည် ကပ် သူ က ကပ်ကြပြီးလျှင် ထို သူ အား ဝိုင်းဝန်း ဖမ်းဆီးလိုက်ကြ လေ၏ ။ ထို သူ သည် အဖမ်းခံရ သော အခါ၌ -

“ ကျွန်တော် ဂါတ် ကို လိုက်ဆိုရင်လည်း လိုက်ခဲ့ပါမယ် ... မကြာပါဘူး ... ခဏလေးတော့ ဆက်ပြီး စောင့်ပါရစေဗျာ ... ကျွန်တော့် ရဲ့ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ကျွန်တော့် ချစ်သူ ကို ဆက်ပြီး စောင့်ပါရစေဗျာ ... ၊ သူ လာ ဖြစ်အောင် လာမှာ ပါ... ” ဟု ဆို့နစ်သံကြီး ဖြင့် ပြောလိုက်လေ၏ ။ အမှန်စင်စစ် သူ့ အား စာအိတ် ပေါ် မှ လိပ်စာ ကို ပြ၍ လာ မေးသော မိန်းမ မှာ သူ၏ ချစ်သူ တင်တင် ဖြစ်၏ ။ တင်တင် သည် အိမ်မြဲ ၏ သတင်း ကို အစဉ် သဖြင့် နားစွင့် နေသူ ဖြစ်၏ ။ ထို့ကြောင့် အိမ်မြဲ သည် ဓားပြကြီး ဖြစ်သွားပြီ ... နာမည် မှာ လည်း အိမ်မြဲ မဟုတ်တော့ ၊ စွယ်စုံမောင်မောင် ဟူသော နာမည် ရ ထားကြောင်း ကိုလည်း သိပြီး ဖြစ်၏ ။ ထို့ကြောင့် တင်တင် သည် သူ၏ ချစ်သူ ကို ဒုစရို က်လောက တွင် ဆက်၍ ကျင်လည်ခွင့် မပေးတော့ဘဲ ဥပဒေဘောင် အတွင်း သို့ သူ ကိုယ်တိုင် ဆွဲသွင်းလို၏ ။ ပြီးလျှင် အပြစ် ရှိက အပြစ်ဒဏ် ကို ကျခံစေလို၏ ။ အပြစ်ဒဏ် ကျခံပြီး လူကောင်း ပကတိ ဖြစ်သွားမှ မောင်အိမ်မြဲ နှင့် တင်တင် တို့ ပေါင်းကြလေသတည်း ဟု အဆုံး သတ် လို ၏ ။ ထို့ကြောင့် သူ သည် ထိုသို့ ပြုလုပ်လိုက်ခြင်း ဖြစ်၏ ။

“ အိမ်မြဲ မှာ လည်း ချစ်သူ တင်တင် ကို လှတုန်းပတုန်း အရွယ် တွင် သာ တွေ့ခဲ့ဖူး၏ ။ ထို့ကြောင့် တင်တင် မှန်း မသိရှာခဲ့သော ၊ ဤသို့ဖြင့် အချစ်ကြီး ချစ် တတ်သော အိမ်မြဲ သည် အချုပ်ခန်း အတွင်း သို့ ဝင် သွားသော အခါ၌ -

“ ရက်စက်လှချေလား တင်တင် ရယ် ... ၊ ငါ မင်း ကို စောင့် နေခဲ့ပါတယ် ၊ မင်း ငါ့ ကို လာ မတွေ့ဘူးကွယ် ”

“ မင်း ငါ့ ကို လာ မတွေ့ဘူးကွယ် ... ”

“ မင်း ငါ့ ကို လာ မတွေ့ဘူးကွယ် ... ”

“ မင်း ငါ့ ကို လာ မတွေ့ဘူးကွယ် .. ”

ဟု ရေ ရွတ်ရင်း ရူး သွပ်သွားရှာလေတော့သတည်း ။

သဗ္ဗေသတ္တာ ကမ္မဿကာ

◾ မင်းသိင်္ခ

📖  ဖတ်စရာဂျာနယ်
       အမှတ် ( ၁ )  ၄ - ၁ - ၂၀၀၅

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment