Friday, January 8, 2021

ဆောင်းရယ် နှင်းရယ် ချစ်သူရယ်

❝ ဆောင်းရယ် နှင်းရယ် ချစ်သူရယ် ❞


တေးရေး   စန္ဒရားလှထွဋ်


      ဆောင်းမှာမွေး၍ နှင်းမှာသန္ဓေတည် ကိုယ်ချစ်သော ဆောင်းမင်းသမီးရယ်ကွယ် ဆောင်းရယ် နှင်းရယ် ချစ်သူရယ် အတူတူပါပဲကွယ်


     ( ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါပဲ အသည်းမှာ အမြဲ တင်စားကမ္ပည်းချယ် ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဆောင်တယ် ငွေနှင်းမြူက သန့်စင်တယ်လို့ အဓိပ္ပါယ်ကို ယူမယ် ချစ်သူကကွယ် ဆောင်းနှယ်အေး နှင်းလိုဖြူတယ် ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ် )


      နှင်းမြူနှယ် အဆင်းဖြူတယ် ယမင်းနွယ် အချစ်ရဲ့ အသည်းနှလုံးက နှင်းလိုဖြူစင်တယ် ပုလဲလိုကွယ် အမြဲကိုတစ်ကယ် အသည်းဝယ် ယုယချစ်မယ် ချစ်သူရယ် လှစ်ကြူတဲ့ စကားရယ်ဆောင်း၌သွေး ညှင်းလေပြည်နှယ် ကိုယ့်ရွှေရင် အသည်းမှာကွယ် အမြဲတကယ် အေးမြလှတယ် ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဆောင်တယ် ငွေနှင်းမြူက သန့်စင်တယ်လို့ အဓိပ္ပါယ်ကို ယူမယ် ချစ်သူကကွယ် ဆောင်းနှယ်အေး နှင်းလိုဖြူတယ် ဆောင်းရယ် နှင်းရယ် က်ိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်

              

      နှင်းမြူနှယ် အဆင်းဖြူတယ် ယမင်းနွယ် အချစ်ရဲ့ အသည်းနှလုံးက နှင်းလိုဖြူစင်တယ် ပုလဲလိုကွယ် အမြဲကိုတစ်ကယ် အသည်းဝယ် ယုယချစ်မယ် ချစ်သူရယ် လှစ်ကြူတဲ့ စကားရယ် ဆောင်း၌သွေး ညှင်းလေပြည်နှယ် ကိုယ့်ရွှေရင် အသည်းမှာကွယ် အမြဲတကယ် အေးမြလှတယ် ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဆောင်တယ် ငွေနှင်းမြူက သန့်စင်တယ်လို့ အဓိပ္ပါယ်ကို ယူမယ် ချစ်သူကကွယ် ဆောင်းနှယ်အေး နှင်းလိုဖြူတယ် ဆောင်းရယ် နှင်းရယ် က်ိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်



 

No comments:

Post a Comment