❝ ရွှေပြည်တန် ❞
တေးရေး ••• ရွှေညာမောင်
( နေခြည်လျှံ မြအသွေးလို ရွှေပြည်တန် အလှကလေးကို မြင်တဲ့နေ့ကစ၍ စွဲနေပြီခင် )
( ညအိပ်ရာဝင်ရင် ခင် နဲ့ မောင်/ကိုကို နဲ့ ပေါင်းရပါစေသားလို့ ဆုတောင်းရနေ့စဉ် )
စွဲလန်းတဲ့ သံယောဇဉ် သနားပါ အပျိုစင် မောင့်ကိုချစ်ရင် ရွှေပြည်တန် အလှကလေးကို မောင်တောင်းပန်ချင်
( သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင် မောင် ခင့်အပေါ်မှာ ချစ်စိတ်တွေဝင် )
နှစ်ယောက်ထဲတွေ့ရင် ရွှေပြည်တန်မကလေးကို ချစ်တင်းနှောကာ သဘောကျစေချင် ရွှေပါးအပ်မယ်ခင်
( ဒေဝတိန် နတ်မှူးက ဓါတ်ကူးသလိုပင် အလှဧကရီဆိုလောက်တဲ့ ခင် )
( ကြယ်ဥက္ကာ ညဉ့်ရောင်မီးလို ခင့်မောင်ကြီးထင် )
မြင့်ဆောင်ထီးညောင်အလယ်တွင် ရှုစဖွယ် ပဝင်းလို့ လမင်းလိုပင် ထင် မျက်နှာတော် ကြည်ပြုံးလို့ရွှင်
( သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင် မောင် ခင့်အပေါ်မှာ ချစ်စိတ်တွေဝင် )
နှစ်ယောက်ထဲတွေ့ရင် ရွှေပြည်တန်မကလေးကို ချစ်တင်းနှောကာ သဘောကျစေချင် ရွှေပါးအပ်မယ်ခင်
◾ အေဝမ်း တင်မောင် သီဆိုထားတဲ့ ရွှေပြည်တန်
https://yadi.sk/d/SygMkgaKR_OidQ
◾ ဝင်းဦး သီဆိုထားတဲ့ ရွှေပြည်တန်
https://yadi.sk/d/hdb-LToUjwbrUQ
◾ မြန်မာပြည်သိန်းတန် သီဆိုထားတဲ့ ရွှေပြည်တန်
https://yadi.sk/d/Cdy57KLrEC2_SQ
◾ စိုင်းထီးဆိုင် သီဆိုထားတဲ့ ရွှေပြည်တန်
https://yadi.sk/d/5YvhPD6ojgs0uA
◾ မန္တလေး သိန်းဇော် သီဆိုထားတဲ့ ရွှေပြည်တန်
https://yadi.sk/d/TWx-qTzccj6qrw
🚩 မန္တလေး သိန်းဇော် သီဆိုထားတဲ့ ရွှေပြည်တန် သီချင်းရဲ့ တီးလုံးသီးသန့်
https://yadi.sk/d/v4gQRRV499-RwA
https://koaungnaingoo.blogspot.com
.
No comments:
Post a Comment