Wednesday, March 13, 2019

တမာလမ်းကို ပြန်ခဲ့ပါ


🌳🌳  တမာလမ်းကို ပြန်ခဲ့ပါ

.                   တမာတွေ ဆယ်ကြိမ်ဖူး
                  နှစ်ဦးခွဲခွါ ဆယ်လီနှစ်များ
                              ကြာခဲ့ပြီ မေ ရေ

        ဒုံမင်း ဦးဆန်းတင့် တီးထားတာကို ဖြည့်စွက် ဆိုထားတာပါ ။
သူ့ရဲ့ ဒုံမင်း လက်သံ သီးသန့်ကိုလည်း တင်ပေးထားပါတယ်။
       ချိုပြုံးဆိုထားတဲ့ တီးလုံး သီးသန့် ကို လည်း တင်ပေးထားပါတယ် ။

      ချိုပြုံး ငယ်ငယ်က ဆိုထားတာရယ် ၊ ၉၀ ခုနှစ်လောက်က ဆိုထားတာရယ် တင်ပေးပါတယ်။

     ဒီသီချင်းကိုပဲ.....

အောင်သူ
ဟေမာနေဝင်း
မေဆွိ
ဘိုမ
ပိုးအိစံ  ...တို့ သီဆိုထားတာကိုလည်း တင်ပေးလိုက်ပါတယ်။

       ထူးခြားတာက.. စိုင်းထီးဆိုင် ပါ။
` တမာလမ်းကို ပြန်ခဲ့မယ် ´ တဲ့ ။ အဲဒီ သီချင်းလဲ ကောင်းတယ်ဗျ ။ တင်ပေးထားတယ် ။ နားထောင်ကြည့်လိုက်ပါ ။

ဦးဆန်းတင့် ရဲ့ ဒုံမင်း လက်သံ သီးသန့်ပါ။ 9mb ရှိပါတယ် ။ အောက်မှာ ပါ။

https://yadi.sk/d/pMqc4pfcnLe1BQ

ချိုပြုံးဆိုထားတဲ့ သီချင်းရဲ့ တီးလုံးပါ။9mb ရှိပါတယ်။ အောက်မှာပါ။

https://yadi.sk/d/w9wt8qGjdp3D4Q

ချိုပြုံး ငယ်စဉ်က ဆိုထားတာပါ ။ 5.5 mb ရှိပါတယ် ။ အောက်မှာပါ။

https://yadi.sk/d/onKqFjzECuFGZA

ချိုပြုံး  ၉၀ ခုနှစ် လောက်က ဆိုထားတာပါ ။ 5mb ရှိပါတယ် ။ အောက်မှာပါ ။

https://yadi.sk/d/T6qMtEC8-sj7lQ

အောင်သူ ဆိုထားတဲ့ သီချင်းပါ ။ 4.8mb ရှိပါတယ် ။ အောက်မှာပါ ။

https://yadi.sk/d/RogF5P1CAoi87A

ဟေမာနေဝင်း ဆိုထားတဲ့ သီချင်းပါ ။ 4.5mb ရှိပါတယ် ။ အောက်မှာပါ ။

https://yadi.sk/d/a6DP8i6hxSMeeQ

မေဆွိ ဆိုထားတာပါ ။ 8mb ရှိပါတယ် ။

https://yadi.sk/d/biUO8DoK9oTodA

ဘိုမ ဆိုထားတာပါ ။ 6.6mb ရှိပါတယ်။  အောက်မှာပါ ။

https://yadi.sk/d/aOzB-g-rGEi_KQ

ပိုးအိစံ ဆိုထားတာပါ ။ 7.5 mb ရှိပါတယ်။
အောက်မှာပါ ။

https://yadi.sk/d/iz_4DenH3h1Pog

စိုင်းထီးဆိုင် ဆိုတာကတော့   တမာလမ်းကို ပြန်ခဲ့မယ်... တဲ့ဗျ ။ 7mb ရှိပါတယ် ။ အောက်မှာပါ ။

https://yadi.sk/d/FJ_5SSrnj3-8tQ

 🌳🌳     တမာလမ်းကို ပြန်ခဲ့ပါ

တေးရေး      ကိုဝင်းစိုး

◼      နှစ်ပြောင်းလရှည် ကြာခဲ့ပြီ မောင်ရေ ငယ်ကကျွမ်းလို့လည်း လွမ်းရပါတယ်လေ ဒါကြောင့်သာပဲ မောင်နဲ့ နှစ်ယောက်သားတွေ့ရာ အညာက တမာလမ်းလေတွေ မောင်ရေ မောင်ရေ ပြေးကြည့်မိလေတော့ တမာတွေ ဆယ်ကြိမ်ဖူး နှစ်ဦးခွဲခွါ ဆယ်လီနှစ်များ ကြာခဲ့ပြီ မောင်ရေ
◼      ( တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ် မောင်ရယ်လေ အညာမြေကို မေ့လို့လား အညာသူလေးကို မေ့လို့လား ခွဲခွဲခြားခြား ပြောပါ မောင်ရေ ) ရွှေစည်းခုံ စေတီအပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်းပြည့်စေသားလို့ မြတ်ဘုရားထံ ဆုပန်ဆုပန်ခြွေ
◼      မောင့်ကို ထားတဲ့မေတ္တာတွေ တမာတောမှာ ရွာသည့်မိုးနှယ် မေတ္တာမိုးပြေး မဟုတ်ပါမောင်ရေ ချစ်မိုးအုံ့ဖြန့် တားမတတ်အောင် ရွာသည့်အလား မောင့်သည်းပြင်ဝယ် ချစ်မိုးစွေချင်ပါပေ မောင်ပြန်လာမယ့် ရက်တွေ ချိုးရေတွက်သော် တွက်သည့်ရက်များ အခက်သား ရှင်ရေ မြောက်လေပြေ ညှင်းရယ်နှင့် နှင်းပွင့်ကိုချွေ ရွှေမင်းဝံ ဟိုတောင်ရိုးဆီက သစ္စာထားခဲ့ကြတဲ့ လွမ်းစေတီကိုလေ ဆောင်းညတိုင်း သတိရနေ သဇင်တွေ ပွင့်ပြီမောင်ရေ မောင်ပြန်ချိန်ဖြင့် သင့်ပြီ ထင်တယ်လေ
◼     ( တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ် မောင်ရယ်လေ အညာမြေကို မေ့လို့လား အညာသူလေးကို မေ့လို့လား ခွဲခွဲခြားခြား ပြောပါ မောင်ရေ ) ရွှေစည်းခုံ စေတီအပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်းပြည့်စေသားလို့ မြတ်ဘုရားထံ ဆုပန်ဆုပန်ခြွေ

No comments:

Post a Comment