Showing posts with label ဇေယျ. Show all posts
Showing posts with label ဇေယျ. Show all posts

Tuesday, April 9, 2024

ဘိုးရွှေအိတ် ၏ ခါသင်္ကြန်


 ❝ ဘိုးရွှေအိတ် ၏ ခါသင်္ကြန် ❞  

              ( ဇေယျ )


ဗြောင်နောင် ... ဗြောင်နောင် ... ဗြောင်ပိန် ... ဗြောင်ပိန် စသည် ဖြင့် အိုးစည်ထိပ်ဝ ကို တအားကုန် ခေါက် နေသော အသံများ သည် ရွာလယ် ၌ ဆူညံလျက် ရှိ၏ ။ တယ့်နယ် ... တူနယ် ... တယ်နယ်... တူနယ် နှင့် ပလွေငါးပေါက် ကို လက်မကြီး နှင့် အတင်း ပိတ် ကာ တအားကုန် ကုန်း ၍ မှုတ် လိုက်သော အသံများ က လည်း အိုးစည်သံ ကို ကူပင့် ထောက်ပံ့ လျက်ရှိ၏  ။ “ သိကြားမင်း က မှာ လိုက်တယ် ၊ ဗိုက်ပူကြီး ဗိုက်ပူကြီး ” ဟု ကလေးတွေ သံချပ် ထိုး ကြသော အသံများ က လည်း တစ်ခါတစ်ခါ ရောထွေး ပေါ်ထွက် လာ၏ ။


သင်္ကြန် အကြိုနေ့ သာ ရှိ သေး၏ ။ သို့သော် တစ်ရွာလုံး ဆူညံလျက် ရှိလေပြီ ။


ဘိုးရွှေအိတ် သည် တဲကလေး ရှေ့ ကွပ်ပျစ်ကလေး ပေါ် တွင် ထိုင်လျက် ငေးမော နေ၏ ။ ရွာလယ် က လူပျို ကာလသားများ ပျော်ကြ ပါးကြ အော်ကြ ဟစ်ကြသော အသံ များ ကို နား ထဲ ၌ တစ်ခါတစ်ခါ ကြားမိ သယောင်ယောင် ရှိ၏ ။ ဟဲ့ လူကလေး ဘယ်သွား ပါလိမ့်မလဲ ၊ ရွာလယ် က ကာလသားကြီးတွေ ထဲ ရောက်နေပြီ ထင်တယ် ဟု မြေးကလေး ကို သတိရ မိ၏ ။ သို့သော် ရှိစေတော့ ဟု တွေးကာ ငေးမောမြဲ တိုင်း ငေး နေ၏ ။


ဘိုးရွှေအိတ် သည် ယခု မျက်မြင် တည် ရှိ၏ ။ သို့သော် ဘိုးရွှေအိတ် ၏ စိတ် မူ ကား နှစ်ပေါင်း ၇ဝ လောက် သို့ နောက်ပြန် သွား နေ၏ ။ ဆယ့်လေးငါးနှစ်သား လူပျိုကလေး ဘဝ က ယခု ကဲ့သို့ သင်္ကြန် ကျသည့် အချိန် တွင် ပျော်ပါးခဲ့ဖူးပုံများ ကို သွား၍ သတိရ၏ ။ ညဦးယံ လသာသာ အချိန် တွင် သျှောင်ကလေး တစောင်း ထုံး လျက် အပျိုကလေး မယ်ကျော့ ၏ အိမ်ရှေ့ သို့ လျှောက် ကာ ဝါးပလွေကြီး တစ်ချောင်း နှင့် လူရည် ပြ ခဲ့၏ ။ တစ်ခါတစ်ခါ ခန်းပြင်ကလေး ပေါ် မှ ရေအိုး တွင် ရေလဲ နေသော မယ်ကျော့ က မိမိ အား စောင်းကာ ငဲ့ကာ နှင့် “ ဟဲ့ခွေး ” ဟု အော် လိုက်သံကလေး ကား တပေါင်း လေပြည်ကလေး လို ချိုအေး လှ၏ ။ ဪ ... မယ်ကျော့ ... မယ်ကျော့ ... အဲဒီတုန်း က ရွာ ထဲ မှာ အချောကလေး ပေါ့ ... ။ ခေါင်းကလေး လျှော် ၊ သနပ်ခါးကလေး ဘဲကျားရိုက် ၊ သုံးထောင့်ထွာ ကျော် ဆံပင် ကို ဖားလျားချ လျက် ရွာလယ် သို့ လျှောက် သွား လျှင် ကာလသားတိုင်း စုတ်တသပ်သပ် နှင့် နေရ အောင် ချော လှ၏ ။ မယ်ကျော့ သည် ရုပ်ရည်ကလေး ချော သလောက် စိတ်ဆတ် လှ၏ ။ မိမိ က မရမနေ အတင်း ပိုးပန်း၍ နှစ်ဦးနှစ်ဝ သဘောကျ သဖြင့် ရက်ကန်းခတ် ရာ မောင်းထောင်း ရာ သက်ငယ်ပျစ် ရာ တွင် လက်ခံခြေထား စကား ပြောသည် အထိ မှာ ပင် တစ်ခါတစ်ရံ စိတ် မထင်လျှင် “ ဟဲ့ ... ခွေး ” ဟု စောင်းတတ် မြောင်းတတ် သေး၏ ။


ဪ ... မယ်ကျော့ ... မယ်ကျော့ ... အလောင်းကလေး မြေ သို့ မြှုပ် လိုက်ရသည် မှာ နှစ်ပေါင်း သုံးဆယ် ကျော် လောက် ရှိပြီ ။ သားသမီး သုံးယောက် ကျန်ရစ်ခဲ့၏ ။ အကြီး မောင်ရန်ကင်း ကား ထောင်ထောင်မောင်းမောင်းကြီး ဖြစ်၏ ။ အလတ် မောင်ရန်ရှင်း ကား လူချောကလေး တစ်ယောက် ဖြစ်၏ ။ အငယ်ဆုံး မယ်ငြိမ်း ကား သူ့ အမိ မယ်ကျော့ နှင့် တူလှ၏ ။ ကျော့ကျော့ကလေး ဖြစ်၏ ။ မကျော့ မရှိသည့် နောက် သားသမီးများ စုံစုံညီညီ ရှိသေး ၍ တော် သေး၏ ။ အားလုံးပင် အလုပ် နှင့် အကိုင် နှင့်ချည်း ဖြစ်သောကြောင့် အဘ ဘိုးရွှေအိတ် မှာ ချမ်းချမ်းသာသာ နှင့် သားသမီးများ အထောက်အပံ့ နှင့် နေခဲ့ရ၏ ။ ယခု မူကား မရှိတော့ပြီ ၊ တစ်ယောက် မှ မရှိတော့ပြီ ။ သူတို့ အမေ့ နောက် လိုက် ကုန်ကြပြီ ။ သားအကြီး မောင်ရန်ကင်း ရိုးမ က ဝါးခုတ် ၍ အပြန် ငှက်ဖျား မိပြီး သေစဉ် က “ မယ်ကျော့ ရေ .... မင်း သားကြီး ငရန်ကင်း လိုက်လာလေရဲ့ကွယ့် ” ဟု ငိုကြွေး ခဲ့မိ၏ ။ နောက် ငါးနှစ် လောက် ကြာသော အခါ သားလတ် မောင်ရန်ရှင်း သည် တောအုပ် နောက် လိုက်သွား ရာ မှ ဆင် နှင့် သစ်ချရင်း မတော်တဆ ရေနစ် ၍ သေခဲ့၏ ။ အလောင်း မှ မမြင်လိုက်ရ ။ သို့သော် သမီးကလေး မယ်ငြိမ်း ရှိသေး၍ တော်သေး၏ ။ မယ်ငြိမ်း ၏ ယောက်ျား သမက်ကလေး လွန်းမောင် ကား လူဆင်းရဲကလေး ဖြစ်၏ ။ သို့သော် လူရိုးလူကောင်းကလေး ဖြစ် သောကြောင့် ငါ့ သမီး လင်ကောင်း သားကောင်း ရပေသည် ဟု ဝမ်းသာခဲ့ရ၏ ။ နောက် သားကလေး တစ်ယောက် ရပြီး ဂျပန်ခေတ် တွင် ချွေးတပ်ဆွဲသွား ရာမှ သံဖြူဇရပ် တွင် သေသည် ဟု ကြားရ၏ ။ ရွာသူကြီး က “ ဟဲ့ ... မယ်ငြိမ်း ... ဝမ်းတော့ မနည်းနဲ့ တော့ ကွာ ... နင့် ယောက်ျား သံဖြူဇရပ် မှာ ငှက်ဖျား မိပြီး သေ သတဲ့ ။ အရေးပိုင်မင်း က ကျန်ရစ် ခဲ့တဲ့ သားမယား စားဖို့ ဆိုပြီး ဆုငွေ တစ်ရာ့ငါးဆယ် ပေး လိုက်တယ် ။ ချည်လုံချည် က တစ်ထည် ကွ ၊ ချည်လုံချည် တစ်ထည်ပဲ ခု ခေတ် ဆိုရင် လေးငါးရာ တန်တာပေါ့ကွာ ... အေး ... နင် က တော်သေးတော့ ... ငါ့ သမက် ငကျော် မနှစ် က လိုက် သွားတာ သေသည် ရှင်သည် တောင် မသိရသေးဘူးဟဲ့ ” ဆိုကာ ငွေ နှင့် လုံချည် ကို ပေးခဲ့၏ ။ ထိုနေ့ မှ စ၍ မယ်ငြိ မ်း သည် တငေးငေး တမှိုင်မှိုင် တပိန်ပိန် တလိမ်လိမ် ဖြစ်ခဲ့၏ ။ သမီး အတွက် စိုးရိမ်မိ၏ ။ ကြည့်ရင်း ကြည့်ရင်း သူ့ အမေ သေခါနီး နှင့် တူသည် ဟု စိတ် ထဲ က မစော စကောင်း စော ခဲ့မိ၏ ။ မယ်ငြိမ်း သည် လင် သေသည် ဟု ကြားပြီး နောက် ခြောက်လ လောက် သာ ခံ၏ ။ ဘာ ရောဂါမှန်း မသိ ။ မစား မသောက် တပိန်ပိန် နဲ့ နေရင်း က လဲ ခဲ့၏ ။ “ အဘ ရယ် ... ကျွန်မ သားကလေး ပစ် မထားပါနဲ့နော် .. ” ဟု လေသံသဲ့သဲ့ကလေး နှင့် မှာ ၏ ။ “ ဟယ် .. နင် ဘာတွေ ပြောနေသလဲ ... ဘယ်သူက ပစ်ထားရမှာလဲ ။ ဘုန်းတော်ကြီး ဦးကော ပေးတဲ့ ဆေးကလေး ရှိသားပဲ ။ ဆေးကလေး ကို သာ ကြိုးစားပြီး စားပါ ။ နင့် စိတ် ကောင်းအောင် ထား ” ဟု အားပေး စကား ပြောရ၏ ။ သို့သော် မယ်ငြိမ်း ၏ အသက် သည် တန်ခူးလ ကန်ရေ ကျ သွား သလို ကြည့်ရင်း ကြည့်ရင်း ပင် ကျသွားပြီး နောက် လွန်ခဲ့သည့် နှစ် သင်္ကြန် မတိုင်မီကလေး က သေခဲ့၏ ။


ဪ ... ဖြစ်မှ ဖြစ်ရလေ ... သင်းတို့ အမေ မယ်ကျော့ ကို လည်း မြှုပ်ခဲ့ရပြီ ။ ယခုလည်း သင်းတို့ မောင်နှမတွေ ကို ငါ က ပဲ အကုန် မြှုပ်ခဲ့ရပြီ ။ ငါ နှင့် ငါ့မြေး လူမမည် ကလေး သာ ကျန်ရစ်ခဲ့ပါတော့ တကား ။ 


“ ဦးရွှေအိတ် .. ဦးရွှေအိတ် .. ကံ ပဲ နော် .. ရှင် တော်မြတ်ဘုရား ဟောကြားတော် မူတဲ့ တရားတော်များ ဟာ တယ် မှန်တယ် ။ သင်္ခါရ တရား လက်အောက် က မလွတ်နိုင် ကြတဲ့ အနိစ္စကောင်တွေ ကလား ။ ဒီ ကနေ့ မသေ နက်ဖြန် သေရစမြဲပဲ ။ သေ တဲ့ လူ က သေ ၊ ရှင် တဲ့ လူ က ရှင် ။ ရှေ့ နဲ့ နောက် ပဲ ခြား ကြတယ် ။ ခင်ဗျားတို့ ၊ ကျုပ်တို့ လည်း သေမျိုးတွေ ကပဲ ။ သေကြရဦး မှာပဲ  ။ တရား နဲ့ ဖြေ တရား နဲ့ ဖြေ ” ဟု ဘုန်းတော်ကြီး ဦးကော က တရားပြ ခဲ့၏ ။


အေး ... ဟုတ်တယ် ။ သေမျိုးတွေ ဆိုရင် လည်း မှန်ရဲ့ ။ ရှေ့ နဲ့ နောက် သေရမယ် ဆိုတာ လည်း မှန်ရဲ့  ။ သို့သော်လည်း သင်းတို့ကလေးတွေ က ရှေ့ သေပြီး ငါ အဘိုးကြီး က နောက် ကျန်ရစ်ခဲ့တာ က ခက်လှတယ် ။ ငါ ရှေ့ က သွား ရရင် မကောင်းပေဘူးလား ဟု တွေးခဲ့မိ၏ ။


သို့သော် မြေးကလေး အတွက် ခက် နေပေ၏ ။ မိမိတို့ မှာ မယ်ကျော့ မရှိသည့် နောက် မှ ရှိစုမဲ့စုကလေးများ မတိုးပွား ဘဲ ကုန်ခဲ့၏ ။ စားစားသောက်သောက် နှင့် သာ နေခဲ့ရ၏ ။ မယ်ငြိမ်းတို့ လင်မယား က လည်း ထားခဲ့ဖို့ နေနေသာသာ သင်းတို့ ရှိစဉ်ကပင် အလျဉ်မမီခဲ့ ။ တခြား ဆွေထောက် မျိုးခံကလေးများ ရှိလျှင် တော် သေး၏ ။ ယခု မှာ တစ်ကောင်တစ်မြီး မှ မရှိ ။ အဝတ်အစား ထားဘိဦး ။ ထမင်းကလေး မှ ဟိုအိမ် က ဆန်ကလေး တစ်ပြည် ၊ ဒီ အိမ်က တစ်ခွဲ စသည်ဖြင့် သနား သဖြင့် ဝိုင်းဝန်း ထောက်ပံ့ ထားသောကြောင့် မသေရုံ စားခဲ့ရ၏ ။ မြေးကလေး ငခွေး ငါးနှစ်သား ရှိပြီ ၊ အင်္ကျီ မရှိ ၊ ပုဆိုးစုတ်ကလေး တစ်ထည် သာ ပခုံး တင်၍ နေ ရ၏ ။ တစ်ခါတစ်ရံ ရွာ တွင်း မှ မိစုံဖစုံ သားသမီးကလေးများ အဝတ်သစ် အစားသစ်ကလေးများ ဝတ် လာတာ မြင် လျှင် ပခုံး ပေါ် က ပုဆိုးစုတ်ကလေး ကိုင်ကာ ကိုင်ကာ နှင့် ငေး ၍ ကြည့် နေရှာ၏ ။ “ အဘ ကျွန်တော့် လည်း တစ်ထည် ဝယ်ပေးနော် ” ဟူသော အသံကလေး ကို ကြား လိုက် လျှင် ဘိုးရွှေအိတ် ၏ အသည်း တွင်း သို့ လှံ နှင့် ဆွ လိုက် သကဲ့သို့ ရှိ၏ ။ မည်သို့ပင် ဆည် သော်လည်း မရ ။ မျက်ရည်တွေ ဝဲ လာသောကြောင့် ငခွေးကလေး မမြင်အောင် တခြား ဘက်သို့ လှည့် ထား လိုက်ရလေ၏ ။


“ မယ်ငြိမ်း ရေ ... နင်တို့ သားကလေး ကြည့်လှည့်ကြဦး ဟဲ့ ” ဟု တွေးကာ ဝမ်း ထဲ က လှိုက်လှိုက်လှဲလှဲ ဖြစ်နေမိ၏ ။


တစ်ခါတစ်ရံ မြေးကလေး အတွက် လုံချည်ဖိုးကလေး မှ ရစေတော့ ဟု ကြံ ကာ နှီး ကလေး စိပ် ၍ ရောင်းမည် ဟု အားခဲ၏ ။ သို့သော် လက် က လည်း မသန် ၊ မျက်စိ က လည်း ကောင်းကောင်း မမြင် နှင့် အကြံ ကို လျှော့ ခဲ့ရ၏ ။


ယခုနှစ် လည်း သင်္ကြန် နီး၍ လာခဲ့ပြီ ။ မနေ့ က ပင် ငခွေးကလေး သည် ရွာလယ် မှ ပြန် လာပြီးလျှင် “ ဘနက်ကျော် တို့ အဖေ က သံပြွတ်ကလေးတွေ ဝယ် လာတယ် ။ သိပ် ကောင်းတာပဲ ဘ , ရာ လှ က လှသနဲ့ ... ကျွန်တော် လည်း ပက်ချင်တယ် ။ တစ်ချောင်း ဝယ်ပေးနော် ” ဟု ပြော လာ ပြန်၏ ။


မနှစ် က သူ့ အမေ သေပြီးခါ စ က လည်း ဤသို့ပင် ပူဆာ သဖြင့် လက် ထဲ တွင် ရှိသည့် ပိုက်ဆံကလေး တစ်မတ် နှင့် သံပြွတ်ကလေး တစ်ချောင်း ဝယ် ပေးခဲ့ရ၏ ။ ယခုနှစ် မူ ကား သံပြွတ်ကလေး ဝေး ၍ ဝါးပြွတ်ကလေး လုပ် ပေးရန် ပင် ခဲယဉ်းလှ၏ ။ 


“ ဝယ်ပေးမယ် မဟုတ်လား ”


“ အေးကွာ ... သံပြွတ် ဝယ်စရာ ပိုက်ဆံ မရှိဘူးကွ ၊ မနှစ်က ပြွတ်ကလေး ကော .. ” 


“ မရှိဘူး ဘ , ရ ၊ ပျက်သွားပြီ ။ သံပြွတ် မဝယ်ရင် ဝါးပြွတ်ကလေး လုပ်ပေးပါလား ဘ , ရ  ” 


“ အေး အေး လုပ်ပေးတာပေါ့ကွာ ”


“ ဘယ်တော့လဲ ဘ , ရ ၊ သူများတွေ ရေပက် ကုန်ပြီ ”


“ ဒီနေ့ မှ အကြိုနေ့ ရှိပါသေးတယ် ကွာ ။ နက်ဖြန် မနက်ဘော့ ရ ရော့ပေါ့ ” ဟု ပြောရာ ဘာမျှ မသိရှာသော ငခွေးကလေး မှာ တော်တော်ပင် စိတ်ပျက်လျက် မျက်နှာ အောင့်သိုးသိုး ကလေး ဖြစ်၍ နေ၏ ။ အတန်ကြာ မှ “ ဘ ဆက်ဆက် လုပ်ပေးနော် ... ”  ဆိုကာ ချာခနဲ လှည့်၍ အခြား ကလေးများ ရေပက်ရာ သို့ ပုဆိုးစုတ်ကလေး ကို ပခုံး တင်၍ ပြေး၏ ။


နေ ကလေး ရှိခဲ့ပြီ ။ ဘိုးရွှေအိတ် သည် ရှေ့ ကို သာ ငေးစိုက် ကြည့်နေ၏ ။ အေး ... တစ်နှစ် ကုန်ပြန်တော့မည် ။ အသက် ဘယ်လောက် ရှိပြီလဲ ။ ခေါင်မိုး တွင် ထိုး ထားသော ဇာတာကလေး ကို လှမ်းယူ၍ ကြည့်၏ ။ ဇာတာကလေး မှာ အတော်ပင် ဟောင်းနွမ်း နေ၏ ။ ရေနံ မသုတ်ခဲ့ သည် မှာ ကြာလှပြီ ဖြစ်၍ စာလုံးများ လည်း ကောင်းကောင်း မထင် ။ မျက်စိ က လည်း မွဲ သဖြင့် ရေးရေး သာ မြင်ရ၏ ၊ ၂၉ ခု သား လား ၊ ၃၉ ခု သား လား မေ့ နေပြီ ။ သားသမီးများ ရှိစဉ် တုန်း ကတော့ သူတို့ ဖတ်ပြ၍ သိရသည် ။ ၇၀ ကျော် ပြီလား ၊ ၈၀ ကျော် ပြီလား ခွဲခြား၍ မရ ဖြစ်နေ၏ ။ ၇၀ ကျော်ကျော် ၊ ၈၀ ကျော်ကျော် မထူး တော့ပြီ ။ မယ်ကျော့ ရှိရင် လည်း အမယ်အိုကြီး ဖြစ်ကရော့မည် ။ “ အေး ... ကံတရားပေါ့ လကွယ် ” ဟု တွေးကာ ထိုင် နေရာ မှ ထ ပြီး လျှင် တဘက် အဟောင်းကလေး ပခုံး ပေါ် တင်ပြီး လျှင် ထွက်ခဲ့လေ၏ ။


နှစ်အိမ်ကျော် လောက် သို့ ရောက်သော အခါ လှမ်း ကြည့်၍ 


“ ဟဲ့ ... ဒါ ဘိုးခ တို့ အိမ် မဟုတ်လား ” 


“ ဟုတ်တယ် ဘ , ရေ ” 


"အေး .. ဘိုးခ တစ်ယောက် ကော ဟဲ့ ”


“ ရှိတယ် ဘ , ရဲ့ ... ဝင်ခဲ့ပါဦးလား ” 


“ မဝင်ဘူးကွယ် .. ခဏကလေး လာခဲ့စမ်းပါ ” 


“ ဘာလဲ ဘရွှေအိတ် ရဲ့ ”


“ မှာစရာကလေး ရှိလို့ကွာ ... ငါ့ မြေးကလေး ငခွေး ကို မင်းတို့ လင်မယား ကို အပ် ထားခဲ့စမ်းပါရစေ ... ကြည့် ထားလိုက်ကြစမ်းပါ ”


“ ဘ, ဘယ်သွားမလို့လဲ ” ဟု မေးရာ ဘိုးရွှေအိတ် သည် တောင် လိုလို မြောက် လိုလို နှင့် မပြောတတ်ဘဲ ရှိနေ လေ၏ ။ အတန်ကလေး ကြာ မှ


“ ဒီလိုကွယ် ... အေး ... ဒါကလေး တစ်ခု စိတ် မချတာပါဘဲ ။ ငါ ဦးကော ကျောင်း သွားမလို့ကွယ် ”


“ ဪ ... ဥပုသ်စောင့် လား ၊ ဘယ်နှရက်လဲ ”


“ ပြောတတ်ပါဘူးကွာ .... ဒါကလေး တစ်ခု တော့ ဂရုစိုက် လိုက်ကြစမ်းပါနော် ။ ဒါထက် မင်း တို့ နွားကြိုးကလေး တစ်ချောင်း လောက် ခဏ ပေးစမ်းကွယ် ”


“ ဘာလုပ်ဖို့လဲ ဘ ရဲ့ ”


“ လိုလိုမယ်မယ်ပေါ့ကွာ ။ နောက်တော့ ပြန်ရမှာပေါ့ ” ဆို၍ ဘိုးခ လည်း တင်းကုပ် ထဲ တွင် အသင့် ရှိသော နွားကြိုး တစ်ချောင်းကို ယူ၍ ပေးပြီး လျှင်


“ ဘ နှယ် ကျောင်း သွား မှာ ဖြင့် စောစော က ပြောရောပေါ့ ။ ဖယောင်းတိုင်ကလေး ဝယ် မပေးလိုက်ရလား ။ နက်ဖြန် တော့ ကျွန်တော်တို့ ကျောင်း လာရင် ယူခဲ့ပါ့မယ် ။ မလာ နိုင်ရင် လည်း ရွှေညွန့် ကို အပို့ လွှတ်လိုက်ပါ့မယ် ။ ငခွေး အတွက် စိတ်ချ သွား ။ ကျွန်တော် တို့ အိမ် မှာ ခေါ်ပြီး အိပ်စေမယ် ” 


“ အေး ... အေး ... သာဓု ကွာ သာဓု ... ” ဟု ဆို ကာ ထွက်သွား လေ၏ ။ 


အဘိုးကြီး သွား လျှင် အိမ်ရှေ့ ကြမ်းပြင် တွင် ဆန်ဆေး နေသော ရွှေညွန့် က ... 


“ အဘိုးကြီး က ကျောင်း ဥပုသ်စောင့် သွား မှာ ကို နွားကြိုး က ဘာ လုပ်ဖို့ကိုလဲ ”  ဟု မေးရာ ဘိုးခ က


“ ဟယ် .. ပြောတတ်ပါဘူး ကွာ .. အဘိုးကြီး က လည်း ငယ်မူ ပြန်ပြန်ကွ ” ဟု ပြန် ပြော လိုက်လေ၏ ။


ဦးရွှေအိတ် လည်း ရွာပြင် သို့ ထွက် ကာ ဘုန်းကြီးကျောင်း တောအုပ်ကလေး ဆီ သို့ မျှော်ကြည့် ပြီး လျှင် ဖြည်းဖြည်း ဖြည်းဖြည်း နှင့် လာခဲ့၏ ။ သို့သော် ... ဘုန်းကြီးကျောင်း ကို ကား မဝင် ၊ ကျောင်းဘေး ဝါးရုံတန်းကလေး မှ ကွေ့၍ ကျွန်းတောစပ် ရှိ ဘုရားစေတီကလေး ဘက် သို့ သွား လေ၏ ။


စေတီကလေး အနီး သို့ ရောက် လျှင် မျှော် ကြည့်ပြန်၏ ။ တစ်နေ့ခင်း လုံး နေ တရှိန်ရှိန် တောက်ပ နေပြီး နောက် နေမင်း အနောက် သို့ စောင်းသွား သဖြင့် တောင် က လိုလို မြောက် က ယောင်ယောင် တိုက်သွင်း နေသော လေကြည်အေးကလေး ကြောင့် စေတီဖြူဖြူကလေး ၏ ထီးတော် မှ ဆည်းလည်းသံများ သည် တသွင်သွင် မြည် လျက်ရှိ၏ ။ တစ်ချက်တစ်ချက် စိန်ဖူး ကို နေရောင် ဟပ် သဖြင့် တလက်လက် နေ၏ ။ ဘုရား ပရိဝုဏ် ဘေး ရှိ ခရေပင် မှ အော်မြည် လိုက်သော ကျေးသံငှက်သံကလေးများ လည်း တစ်ခါတစ်ခါ ပေါ်လာ၏ ။


ဘိုးရွှေအိတ် သည် မဝင်တော့ဘူး လိုလို နှင့် ခေတ္တ ရပ်တဲ့ ကြည့် နေပြီး မှ စေတီရင်ပြင် တော် သို့ ဝင် သွား၏ ။ မျက်စိများ ကား မှုန် လျက် ရှိ၏ ။ သို့သော် ထုံးဖြူဖြူ အပေါ်နား ငှက်ပျောဖူး တွင် ကျိုးတိုးကျဲတဲ ချ ထားသော ရွှေစကလေးများ ကို မြင် ရ၏ ။ “ ဘုရား ... ဘုရား ” ဟု နှုတ် မှ မြည်တမ်း ကာ ဦးချ ၏ ။


“ ဪ ... ဦးရွှေအိတ် ပါကလား ” ဟု အံ့အားသင့် ကာ ဆရာတော်ဦးကော ၏ အသံ သည် ဘေး နား က ထွက်လာ၏ ။ ဦးရွှေအိတ် လည်း ဘုရား ကို ဦးတိုက် နေရာမှ မော့ ၍ ကြည့်၏ ။


“ တစ်ယောက်တည်း လား ... ကျောင်း တော့ မဝင်ခဲ့ဘဲကိုး ဗျ ။ အသက် ကြီး ပြီ ။ တစ်ယောက် တည်း သွားလား လာလား လုပ်တာ မကောင်းဘူး ။ မတော်တဆ အဖော် မပါ ဘဲ မူးမိုက် လဲ နေရင် ခက်တတ်တယ် ”


“ ခက်တာပေါ့ ဘုရား ၊ ခက်လို့ လည်း လာခဲ့တာပဲ ”


“ ဪ ... ဒီလိုပေါ့ ဒကာကြီး ရာ ... လောကကြီး ဆိုတာ ဒုက္ခ အမျိုးမျိုး ပဲ ။ ဇရာ အရွယ် ထောင်း လာပြီ ဆိုမှ ဖြင့် မကောင်းတော့ဘူး ။ နေ ချင် သော်လည်း မနေရဘူး ။ သေ ချင် သော်လည်း မသေရဘူး ။ အစိုး မရတဲ့ ဘဝကြီး ကိုး ဗျ ၊ ဘုရား ကို သာ မြဲမြဲ ဆည်းကပ် ပေတော့ ။ အခု ဘယ်လဲ ... ဘုရား တင် လား ”


“ တင်ပါ့ ... ” ဟု ဆိုလိုက်လေ၏ ။ ဦးကော လည်း ရင်ပြင်တော်ကလေး မှ ဆင်း၍ ကျောင်း ဘက် သို့ ပြန် သွားလေ၏ ။


ဘိုးရွှေအိတ် သည် အတန်ကြာ ငြိမ် ၍ နေ၏  ။ နေလုံး ပျောက်ခဲ့ပြီ ၊ ကျေးသံ ငှက်သံ ကလေးများ ပင် မရှိ ။ လောကကြီး သည် ငြိမ်သက် တိတ်ဆိတ် သွား၏ ။ တော်တော်ကလေး ကြာ ပြန် မှ ထ၍ ခရေပင် ဆီ သို့ သွားပြီး လျှင် လူသူလေးပါး ကို ကြည့်၏ ။ ငါ သွားရာ လမ်း ကား ရှင်းပြီ ဟု တွေးကာ ခရေပင်အောက် ကိုင်း ပေါ်သို့ နွားကြိုး ကို မနိုင့်တနိုင် နှင့် ပစ်တင် လိုက်ပြီး လျှင် တစ်ဖက်စ ဖြင့် ခိုင်မြဲစွာ ချည် လေ၏ ။ ထို့နောက် ကျန် တစ်ဖက် ကို ကွင်းပြု ပြီး လျှင် တစ်ဖက်စ ဖြင့် ခိုင်မြဲစွာ ချည်လေ၏ ။ ထို့နောက် ကျန် တစ်ဖက် ကို ကွင်း ပြု ပြီးလျှင် အရပ်လေးမျက်နှာ ကြည့် ပြန်၏ ။ ငါ့ အကြံ အောင်ပြီ ဟု တွေးကာ ကြိုးကွင်း ကို မြံစွာ ကိုင်၍ ခေါင်း ကို စွပ်တော့မည် ပြု လိုက်ရာ “ ဘ , ဝါးပြွတ်ကလေး လုပ်ပေးမယ် ဆို ” ဟု ခေါ် လိုက် သော အသံ ကို ကြားလိုက် ရ သဖြင့် အထိတ်တလန့် ဖြစ်ကာ ပြန် ၍ ကြည့် လိုက်ရာ မိမိ ကဲ့သို့ ပင် ထိတ်လန့် လျက် မျက်စိပြူးပြူးကလေး နှင့် နွားကြိုးကြီး ကို ကြည့် နေသော ငခွေး ကို မြင် ရလေ၏ ။


ဦးရွှေအိတ် ၏ စိတ် တွင် ဘယ့်နှယ် ရှိရှိ ဟု တင်း လိုက်မိ၏ ။ သို့သော် တစ်ခဏမျှ တွင် ပင် သတိရ လျက် ...


“ အေး ... အေး ... ဝါးပြွတ်ကလေး လုပ် မလို့ ဘ , ဝါး ခုတ်ရအောင် လာတယ် ကွယ့် ” 


“ ကြိုးကြီး က ဘာလဲ ဘ , ရဲ့ ”


“ ထင်းကလေး ရအောင် ခရေကိုင်းကလေး ဆွဲချ မလား အောက်မေ့တယ် မရပါဘူးကွယ် ”


“ ကျွန်တော် ကူဆွဲ ပေးမယ်လေ ဘ , ရ ” 


“ နေပါစေတော့ကွာ ”


“ ဘ , ဝါးပြွတ်ကလေး မလုပ်နဲ့ တော့ ရပြီ ” 


“ မင်း ဘယ်သူ လုပ်ပေးသလဲ ”


“ ဘယ်သူမှ လုပ်ပေးဘူး ဘ , ရ ။ ကျွန်တော် ဘ , ပျောက် နေလို့ လိုက် ရှာတော့ ဦးလေးဘိုးခ က ဘုန်းကြီးကျောင်း သွားတယ် ပြောလို့ ဘုန်းကြီးကျောင်း လိုက် ရှာတယ် ။ ဘုန်းတော်ကြီး ဦးကော နဲ့ တွေ့ တော့ မြို့ ထဲ က လာတဲ့ သူ့ဒကာကြီး တစ်ယောက် ကို ပြတယ် ။ ဒကာကြီး က သနားတယ် ဆို ပြီးတော့ မင်း ဘာ လိုချင်သလဲ မေးတယ် ။ ကျွန်တော် က ဝါးပြွတ်ကလေး လိုချင်တယ် ပြော တော့ ရယ်ပြီး သူ့ သားကလေး ကိုင် နေတဲ့ သံပြွတ်ကလေး ကို မင်း ယူတော့ လို့ ပြောတယ် ။ ပြီးတော့ ငွေ လည်း ငါးကျပ် ပေးတယ် ။ အင်္ကျီကလေး ဝယ် ဝတ်တဲ့ ၊ လာ ဘ , မှောင် တော့မယ် ။ နက်ဖြန် တော့ ကျွန်တော့် ကို အင်္ကျီကလေး ဝယ် ပေးနော် ” ဆိုကာ ဆွဲခေါ် သွား၏ ။ ဦးရွှေအိတ် မှာ နွားကြိုး ကို ဖြုတ် ကာ “ အေး ... အေး ... သာဓု ... သေချင် လို့ လည်း မသေရသေးဘဲကိုး ကွ ။ ဘုန်းတော်ကြီး ဦးကော ကျေးဇူးပဲ ဟဲ့ ... လာ လာ ... ကျောင်း ဝင်ပြီး ကန်တော့ကြဦးစို့ ရဲ့ ... ” ဆိုကာ ကျောင်း ဘက် သို့ ထွက်သွားကြ လေ၏ ။


◾ဇေယျ


📖 ရှုမဝ မဂ္ဂဇင်း


📖 ပိတောက်ဖူးတဲ့ လတန်ခူး 

     နှစ်ဦးသင်္ကြန်ခါ


#ကိုအောင်နိုင်ဦး


.

Saturday, July 22, 2023

သူကြီးအို


 ❝ သူကြီးအို ❞


နေကလေး သည် အနောက် သို့ စောင်းလျက် ဝင်လုဆဲဆဲ ဖြစ်ပေ၏ ။ ကောက်သီး ကောက်နှံ တို့ဖြင့် ဝါဝင်းလျက် ရှိသော လယ်ပြင်ကွင်းကြီး ထဲ မှ တဖြူးဖြူး တသွေးသွေး တိုက်ခတ် လာသော လေပြည် လေအေးကလေး များ သည် မျက်နှာ ပေါ်  သို့ ကျရောက် ထိခိုက် သော အခါ မှ သာ လျှင် အိမ်ရှေ့ ကြမ်းပြင် တွင် ပက်လက်ကု,လားထိုင် တစ်လုံး နှင့် ထိုင်လျက် ရှိသော သူကြီးအိုကြီး ဦးရွှေပိုက် မှာ တစ်နေ့လုံးလုံး ပင်ပန်း နွမ်းနယ် ခဲ့သမျှ ပြေပျောက်စ ပြုလေ၏ ။ 


အရှင် ဝိတိုရီ ဧကရီဘုရင်မကြီး ၏ အာဏာတော်ပွား လေးနိုင်ငံ မဟာဝန်ရှင်တော် မင်းကြီး နှင့် တကွ အရေးတော်ပိုင် စစ်ကဲ ၊ မြို့အုပ် မကျန် မင်း ပေါင်းစုံ တက်ရောက် ရသော ဒါဘာမင်းပွဲ သဘင်ကြီး ပြီးစီး လေပြီ ။ ဦးရွှေပိုက် မှာ အရှင် ဝိတိုရီဧကရီ ဘုရင်မကြီး ၏ အမှုတော် ကို သက်စွန့် ကြိုးပမ်း နှစ်ပေါင်း သုံးဆယ် တိုင်တိုင် ထမ်းရွက်ခဲ့ပြီး နောက် အသက်အရွယ် ကြီးရင့် အိုမင်း ရှိသဖြင့် အမှုတော် ကို ကျေပွန်အောင် မထမ်းမဆောင် နိုင်သော အခါ သို့ ရောက် သဖြင့် သူကြီး ရာထူး ကို သား အကြီး မောင်ဘိုးထင် အား လွှဲအပ် ပြီး လျှင် အငြိမ်း နေခဲ့သည် မှာ ငါးနှစ် ခန့် မျှ ရှိပြီ ဖြစ်ပေ၏ ။ ယခုကဲ့သို့ ထိုနယ် တွင် ရှေးဦး  ပထမ ကျင်းပသော် လေးနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး ဒါဘာမင်းပွဲ တွင် အရှင် ဝိတိုရီဘုရင်မကြီး ၏ အမှုတော် ကို နှစ်ကာလ ရှည်လျားစွာ ရိုးရိုးဖြောင့်ဖြောင့် သက်စွန့် ကြိုးပမ်း ထမ်းရွက်ခဲ့သည့် အတွက် သူကြီးဟောင်း ဦးရွှေပိုက် အား လည်း ဆုတော် ပေးသနားတော် မူမည် ဟူသော သတင်း ရောက်စဉ် ကပင် နယ်လှည့်၍ လာသော မြို့အုပ်မင်း ဦးဘိုးတုတ် က “ ဘယ့်နှယ့် သူကြီးမင်း ဆုတော် ခံရအောင် ဒါဘာပွဲကြီး ကို သွား နိုင်ပါ့မလား ၊ အိုမင်းမစွမ်း ဖြစ်လို့ မသွားနိုင် ရင်လည်း ခင်ဗျား သား မောင်ဘိုးထင် ကို ကိုယ်စား လွှတ် လိုက်ပါလား ၊ ကျုပ် စစ်ကဲမင်း ကို အကျိုး အကြောင်း ပြော ပြ လိုက်ပါ့မယ် ” ဟု ပြောဖူး၏ ။ ထိုအခါ ဦးရွှေပိုက် မှာ မြို့ တွင် ကျင်းပမည့် ခရီး အတန် ဝေးသော ဒါဘာပွဲ ကို မဆိုထားဘိ အိမ်အတွင်း တွင် တစ်နေရာ မှ တစ်နေရာ သို့ ရွှေ့ ရန်ပင် တစ်ခါတစ်ရံ သမီးအကြီး မယ်မှန် ကို ခေါ်၍ ကူညီစေရ သဖြင့် မသွားနိုင်သည် မှာ အမှန် ဖြစ် သော်လည်း အမှုတော်ကြီး ကို သက်စွန့် ကြိုးပမ်း နှစ်ကာလ ရှည်လျားစွာ ထမ်းရွက် လာခဲ့ပြီး နောက် ယခု ကဲ့သို့ ကျေးဇူးရှင် မင်းအစိုးရများ ကို မင်းပေါင်းစုံ အလယ် တွင် ဆုတော်လာဘ်တော်များ သနားတော် မူသည် ကို ကိုယ်တိုင် သွား၍ မယူနိုင်ပါ က တစ်သက်လုံး ကြိုးစား ထမ်းရွက်ခဲ့သမျှ အလဟဿ ဖြစ်ချေ တော့မည် ။ ဤအချက် မှ အချက်ကြီး ဖြစ်လေသည် ။ လမ်း တွင် ပင် သေလျှင် လည်း သေစေတော့ ။ ဒါဘာပွဲကြီး ကို အရောက် သွားမည် ဟု ကြိတ်ခဲလျက် ကျွန်တော် ကိုယ်တိုင် လာခဲ့ပါမည် ဟု မြို့အုပ်မင်း အား မှာ လိုက်ပေ၏ ။ 


သို့ မှာ လိုက်သည့် အတိုင်း ယနေ့ နံနက်စောစော ပင် သား အကြီး မောင်ဘိုးထင် ၊ သား အငယ် မောင်ဘိုးကြင် တို့ ကို ခေါ်၍ အဝတ်အစားများ ကောင်းစွာ ဝတ်ဆင် ပြီး လျှင် လှည်းယဉ်ကလေး ကို ပြင် စေ၍ ရွာ မှ ထွက်ခဲ့ပေ၏ ။ သူကြီး ခန့် စ က မိမိ အား မြို့အုပ်မင်း ကိုယ်တိုင် ပေး သွားသော အမှုထမ်း

ကောင်း လက်မှတ်ကြီး ကို ပင် အရေးအကြောင်း ရှိ က ထုတ် ပြရန် ရွာ နှင့် အတော်ဝေး ရောက် မှ သားအငယ် မောင်ဘိုးကြင် အား ပြန် ယူ စေ၍ အသင့် ဆောင်ယူ သွားပေ၏ ။


မြို့အလယ် ရုံးဝင်းကြီး အတွင်း ခင်းကျင်း ဆင်ယင် ထားသော ဒါဘာမဏ္ဍပ်ကြီး ကား ကြီးကျယ်ခမ်းနား လှပေ၏ ။ ထိုမျှလောက် ကြီးကျယ်လှသော မင်းပွဲကြီး တွင် ငါတို့ အား လက်ခံ မှ ခံပါ့မလား ဟု သား အငယ် မောင်ဘိုးကြင် မှာ စိတ် မလုံ၍ ဖခင် ဖြစ်သူ အား ဖွင့်ဟ ပြောကြားမိ ရာ ဦးရွှေပိုက် က “ ဟဲ့ လူကလေး ရဲ့ တို့ ကို လာ ပေးတဲ့ အမိန့်စာ ဟာ ဒါဘာပွဲ ကို သူကြီးမောင်ရွှေပိုက် ကိုယ်တိုင် လာရောက်ရမည် လို့ ပါတယ် မဟုတ်လား ။ အဲဒါ မင်းမိန့် ကွ ၊ ဘယ်လို လူမျိုး က တို့ ကို မလာနဲ့ တား ဝံ့ မှာလဲ ၊ ရုံးဝင်း ထဲ ရောက် အောင် သာ မောင်း ” ဟု ဆိုသောကြောင့် သားအကြီး မောင်ဘိုးထင် မှာ ရုံးဝင်းကြီး အတွင်း မောင်း ၍ ဝင် သွားရာ မဏ္ဍပ်ကြီး နှင့် အတောင် တစ်ရာ လောက် ကွာ သော နေရာ သို့ ရောက်သော အခါ ရာဇဝတ်အမှုထမ်း တစ်ယောက် တား ထား သောကြောင့် ရပ်တန့် ရလေ၏ ။ လမ်းမှား ဝင်ခဲ့ သဖြင့် ငါတို့ ကို များ ကြိမ်းလားမောင်းလား နှင့် ရာဇဝတ် ထားဦးမည် လား ဟု တွေးတော စိုးရိမ် နေခိုက်တွင် ပင် ကံကောင်း ဘုန်းကောင်း မြို့အုပ်မင်း ဦးဘိုးတုတ် ရောက် လာ၍ “ ဦးရွှေပိုက် ပါ ကလား ၊ ကိုယ်တိုင် ပဲ ရောက်အောင် လာခဲ့ သကို ။ အသင့်ပဲ ။ ဒါဘာပွဲ လည်း မကြာခင် ဖွင့် တော့မယ် ။ ကဲ ... ကဲ ဆင်း ပေတော့ ” ဟု ဆိုသဖြင့် ဦးရွှေပိုက် မှာ မြို့အုပ်မင်း ကိုယ်တိုင် အရေးတယူ ကြိုဆိုခြင်း ခံရလေပြီ ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ “ ကဲ ... ငါ့ သားကြီးများ အဖေ့ ကို တွဲကြပေရော့ ” ဟု ဆို၍ သား နှစ်ယောက် တွဲလျက် လှည်း ပေါ် မှ ဆင်းခဲ့ ၍ မြို့အုပ်မင်း နောက် မှ မဏ္ဍပ်ကြီး အလယ် သဲဖြူခင်း ရာဇမတ် ကာရံ ထားသော မင်းလမ်းမ ကို လျှောက်၍ ရှေ့ဆုံးကု,လားထိုင်တန်းကြီး သို့ ရောက်သော အခါ မြို့အုပ်မင်း က “ ကဲ ... သူကြီးမင်း ရှေ့ဆုံး က ပဲ ထိုင် ပေတော့ ။ မောင်ဘိုးထင် နဲ့ မောင်ဘိုးကြင် တို့ က မင်းတို့ အဖေ ဘေး နှစ်ဖက် က အသင့် စောင့်ပြီး ထိုင် နေ ပေတော့ ” ဟု ဆို၍ နေရာ ချပေး ၍ မဏ္ဍပ်စောင့် တစ်ယောက် အား ခေါ်၍ မှာကြား ထား ခဲ့လေ၏ ။


၎င်းနောက် မကြာမီပင် မဏ္ဍပ်ကြီး မှာ ဝတ်ကောင်းစားကောင်းများ ဝတ်ဆင်ထားသော မင်းအစိုးရများ ဝင်ရောက် လာ ကြ၍ ပြည့်နှက် သွားပေ၏ ။ အလွန် လှပဆန်းကြယ်စွာ ဆင်ယင်ထား ကြသော ကြောင့် ဦးရွှေပိုက် ၏ စိတ်တွင် လူ့ပြည် ဟု မထင်ရ ၊ နတ်သဘင် အစည်းအဝေးကြီး သို့ ရောက်နေသည် ဟု ထင် ရလေ၏ ။ ဘုန်းတော်ကြီး ဦးဝါသဝ မကြာမကြာ ဟောပြောသည့်  ရေမြေ့ရှင် မင်းအစိုးရ ဆိုတာ သာမန် လူတွေ မဟုတ်ဘူး ။ လောက သမုတိနတ် ဖြစ်လို့ နတ်မျိုး အပါအဝင် ဖြစ်တယ် ဆိုတာ သည်ဟာတွေပဲ ထင်ပါရဲ့ ဟု တွေးမိလေ၏ ။ 


အတန် ကြာ လျှင် စည်တော်ကြီးများ ရွမ်းလျက် ၊ သက်တော်စောင့် ကိုယ်ရံတော် ရှေ့ဝင်း နောက်ဝင်းများ ခင်းကျင်းလျက် ဧကရီဘုရင်မကြီး ၏ အာဏာတော် လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး ကြွရောက် လာ သဖြင့် တစ်မဏ္ဍပ်လုံး ထိုင်ရာ မှ ထ၍ အရိုအသေ ပြုကြရပေ၏ ။ ဦးရွှေပိုက် လည်း သား နှစ်ယောက် ကို မှီတွဲလျက် ရပ်၍ အရိုအသေ ပြု ပေ၏ ။ နောက် ရွှေကု,လားထိုင်ကြီး ပေါ် တွင် ဝန်ရှင်တော်မင်းကြီး ထိုင် မှ ထိုင်ကြရလေ၏ ။


ထိုနောက် စစ်ကဲကြီးဦးကျော်ဇံ သည် စာရွက် တစ်ရွက် ကို ကိုင်လျက် ဝန်ရှင်တော်မင်းကြီး ဘေး နား က ထ ၍ ဖတ် ပြ၏ ။ သို့သော် အင်္ဂလိပ်စကား ဖြင့် ဖြစ် သောကြောင့် ဦးရွှေပိုက် တို့ သားအဖ မှာ နား မလည်ဘဲ အမိန့်တော်စာချွန် ပဲ ထင်ပါရဲ့ ဟု တွေး လိုက်ရလေ၏ ။ ထို့နောက် မဟာဝန်ရှင်တော် မင်းကြီး ကိုယ်တိုင် ရွှေကု,လားထိုင်ကြီး မှ ထ၍ စကား အနည်းငယ် ပြောပြီး လျှင် ပရိသတ် အတွင်း ရှိ မင်းအစိုးရများ အား တစ်ဦးစီ ခေါ်လျက် မဟာဝန်ရှင်တော်မင်းကြီး ကိုယ်တိုင် လက် ဖြင့် လှမ်း၍ ပေးအပ်တော် မူပေ၏ ။


ဦးရွှေပိုက် တို့ သားအဖ မှာ ခေါ်တော့မည့် လား ခေါ်တော့မည် လား ဟု လည် တမော့မော့ နှင့် နေ ရှာ၏ ။ နောက်ဆုံးတွင် စစ်ကဲကြီး က “ အရှင်အစိုးရမင်းတို့ ၏ အမှုတော် ကို နှစ်ပေါင်း သုံးဆယ် သက်စွန့် ကြိုးပမ်း ဖြောင့်ဖြောင့်ရိုးရိုး ထမ်းရွက်သည့် အတွက် သူကြီးဟောင်း ဦးရွှေပိုက် အား ငွေဓား တစ်စင်း အသနားတော်မြတ် ခံစေသည် ” ဟု ရွတ်ဖတ်၍ “ ဦးရွှေပိုက် ”  ဟု လှမ်း၍ ခေါ်သဖြင့် ဦးရွှေပိုက် မှာ “ ဟဲ့ ... လူကလေး ငါ့ ကို တွဲ ဟ ” ဟု ဆိုကာ သားအကြီး မောင်ဘိုးထင် က လက်ယာ ၊

သားအငယ် မောင်ဘိုးကြင် က လက်ဝဲ ၊ သားနှစ်ယောက် တွဲလျက် လေးနိုင်ငံ မဟာဝန်ရှင်တော် မင်းကြီး ရှေ့တော် သို့ ဝင် ရလေ၏ ။  


ဝန်ရှင်တော်မင်းကြီး ၏ ရှေ့တော် သို့ ရောက်လျှင် ဦးရွှေပိုက် သည် ဝန်ရှင်တော်မင်းကြီး အား လက်အုပ် ချီလျက် ဦးချ လေ၏ ။ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး လည်း စစ်ကဲကြီး ဘက် သို့ လှည့်၍ မေး သဖြင့် စစ်ကဲကြီး က တစ်စုံတစ်ရာ ပြောပြရာ သဘောတော် နှစ်သက်ဟန် ဖြင့် ဦးရွှေပိုက် ၏ မျက်နှာ ကို ပြုံး ကြည့်ကာ ငွေဓားကြီး ကို ကိုယ်တိုင် လက်တော် ဖြင့် ကိုင်လျက် ဦးရွှေပိုက် ၏ ပခုံး တွင် သိုင်း ပေး၏ ။ ပြုံးပြုံး ပြုံးပြုံး ဖြင့် လက် ကို အသာအယာ ဆွဲ ၍ နှုတ်ဆက် ပေ၏ ။ ဤ တစ်ချက် တွင် ဦးရွှေပိုက် သည် နှစ်ပေါင်း သုံးဆယ် သက်စွန့်ကြိုးပမ်း အမှု ထမ်းခဲ့ရသော အကျိုး နပ်ပေ၏ ။ ဤသို့ မဟာဝန်ရှင်တော် မင်းကြီး ကိုယ်တိုင် ငွေဓားကြီး ကို လွယ် ပေး၍ လက်ဆွဲ နှုတ်ဆက် လိုက်သည် ကို တစ်သက် တွင် မေ့နိုင်တော့မည် မဟုတ် ။ သားစဉ်မြေးဆက် အမှတ်တရ ပြောကြားခဲ့ရမည့် အချက်ကြီး ဖြစ်လေ၏ ။ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး ကိုယ်တိုင် လက်ဆွဲ နှုတ်ဆက်ခြင်း ခံရသော သူ ၏ သားမြေး အစဉ်အဆက် တို့ မှာ ပွဲလယ် တင့်လျက် တိမ်ကော နိုင်ကြတော့မည် မဟုတ် ဖြစ်ပေ၏ ။ ယခု တစ်ယောက်တည်း ထိုင် နေသည့် တိုင်အောင် မဟာဝန်ရှင်တော်မင်းကြီး က ပြုံးလျက် နှုတ်ဆက်ပုံများ ကို မြင်ယောင် မိ ပေသေး၏ ။


ထိုနောက်မူကား ဒါဘာပွဲကြီး အပြီး တွင် မင်းအစိုးရကြီး သုံးလေးယောက် မျှ မိမိ အား ဂရုတစိုက် လာရောက် နှုတ်ဆက်၍ ဆုတော် ရသည့် ဝမ်းသာ စကား ပြောကြား ကြပေ၏ ။ မြို့အုပ်ကြီး တစ်ဦး က မူကား လှည်း သို့ ရောက် အောင်ပင် လိုက်၍ ပို့လိုက်ပေ၏ ။ ထိုသို့ မိမိ အား ဝိုင်းဝန်း အလေး ဂရု ပြလိုက်ပုံများ ကို သတိ ရ သဖြင့် လမ်း တွင် “ ဟေ့ ... ငါ့ သားကြီး ဘိုးထင် ၊ မင်း မြင် ရဲ့ မဟုတ် လား ၊ အရှင် အစိုးရမင်းများ ဟာ အမှုတော် ကို ရိုးရိုးဖြောင့်ဖြောင့် သက်စွန့် ကြိုးပမ်း ထမ်းတဲ့ လူများ ကို ဘယ်လောက် လေးမြတ်ကြ သလဲ ။ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး ဆို တာ လက်ဆွဲ နှုတ်ဆက်ဖို့

မဆိုထား နဲ့ လူတိုင်း မျက်နှာတောင် မော် ဖူးရတာ မဟုတ်ဘူး ” ဟု ပြောပြ မိပေ၏ ။ ထို့နောက် ရွာ သို့ ရောက်သော အခါ မူကား မိမိ အသနားတော်မြတ် ခံခဲ့ရသော ငွေဓားကြီး ကို ရွာခံသူများ သာမက ရွာနီးချုပ်စပ် က လူများ ပင် မြင်ဖူးအောင် လာရောက် ကြည့်ရှု အံ့သြ ကြရပေ၏ ။


ဦးရွှေပိုက် မှာ အိမ် သို့ ပြန် ရောက်သော အခါ အလွန် မောပန်းလှ သဖြင့် အသက်ရှူ များ မှား ကာ သေများ သေရတော့မည်လား ဟု တွေးတော စိုးရိမ် မိလေ၏ ။ သေသော် လည်း ဝမ်းမနည်း ၊ ယခုမှာ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး နှင့် လက်ဆွဲ နှုတ်ဆက်ခဲ့ရ သဖြင့် သေပျော် ပေပြီ ။


ထိုသို့ ပက်လက်ကု,လားထိုင် ပေါ် တွင် တစ်ယောက် တည်း ထိုင်ရင်း ငွေဓားကြီး ကို မြင်စ က သမီး မယ်သိုက် က “ အဘ ရယ် အိုကြီး အို မှ ဓားကြီး ပေး လိုက်လို့ ဘာ လုပ်တော့မှာလဲ ၊ အဘ ကိုင်နိုင်တော့ တာ မှ မဟုတ်ဘဲ ၊ ငွေကလေး ဆု ပေး လိုက်ရင် မလှူရ မတန်းရပါ ကလား ”  ဟု ပြောသော စကားများ ကို သွား၍ သတိရ မိပေ၏ ။ “ အေး ... ငါ့ သမီး ပြောတာ လည်း မှန် ရဲ့ ၊ အသက် ငယ်ငယ် ဓားပြ သူခိုးတွေ လိုက် ဖမ်းနေရစဉ် က ဒီလို ဓားကြီးမျိုး တစ်စင်း ပေးထားရင် မကောင်းပါပေလား ။ ထိုစဉ် တုန်းကတော့ မပေး ၊ အခု အသက်အရွယ် အိုမင်း ဒီ ဓားကြီး အသုံးချရမယ့် အချိန် မဟုတ် မှ သနားတော်မူ သည် မှာ အဟောသိကံ ဖြစ်လေစွ ။ မယ်သိုက် ပြောသလို ငွေတော်ကလေးများ သနားတာ ဖြင့် မြေးကလေး ဘိုးခွေး အား ရှင် မပြုရပါလာ ။ ငွေတော် မှ ပေးတော်မမူ လို့ တောင်ဝှေးကလေးများ ပေး ရင်လည်း အသုံး ကျ ပေသေးရဲ့ ” ဟု တွေးမိလေ၏ ။ သို့သော် ချက်ချင်းပင် သတိ ရ ပေ၏ ။ 


အေး ... အေး အရှင်သခင်များ ကို အပြစ် မတင်ကောင်း ၊ သဒ္ဒါတော် မူသမျှ ကျေးဇူး တင်ရမည် ။ ငါ ကဲ့သို့ သာမညောင်ည  ကျေးတောရွာ သူကြီးကလေး ကို အလေးတမူ ဒါဘာမင်းစုံပွဲကြီး ၊ မင်းပရိသတ် အလယ် တွင် ထင်ထင်ရှားရှား ချီးမြှင့် မြှောက်စားတော် မူသည် ပင် ကျေးဇူးတော် ကြီး လှပေ၏ ။ ငါ သက်စွန့် ကြိုးပမ်း အမှုတော် ထမ်း သည် ကို သိတော် မူရှာပေသည် ။ တော်ပေ၏ ။ အရှင်ကောင်း သခင်ကောင်း မှန်ပေ၏ ။ ဘုန်တော် ကြီး ၍ သက်တော် ရှည်ပါစေသော် ဟု တွေးရင်း တွေးရင်း ဆုတောင်း မိပေ၏ ။ ဆုတောင်း ရင်း ပင် မျက်စိများ မှုန်လျက် အိပ်ပျော် သလို ဖြစ် သွားလေ၏ ။


နေကလေး ဝင် ၍ မှောင်စ ပြုပြီ ဖြစ်သောကြောင့် ဝါဝင်းသော လယ်ကွင်းကြီးများ ကို တဖြည်းဖြည်း အမှောင် အုပ်လျက် ရှိပေ၏ ။ အိမ်ခေါင်းရင်း ရှိ လက်ပံပင်ကြီး တွင် အိပ်တန်း တက်ကြ သော ကျေးညံ့ ၊ ငှက်သံကလေးများ ကို ကြား ရ၏  ။ ရွာတွင်း ရှိ သက်ငယ်မိုး အိမ်ကလေးများ မှ ဟို တစ်အိမ် ဤ တစ်အိမ် ရေနံဆီ မီးတိုင်ကလေးများ ကို ထွန်းညှိစ ပြုပေ၏ ။ ထိုအခါ မှ မယ်သိုက် သည် အိမ်တွင်း ကိစ္စ သိမ်းပြီးသည် နှင့် ဖခင်အိုကြီး ကို သတိ ရ၍ ထမင်း ဆာပြီလား ဟု မေးရန် ကြမ်းပြင် သို့ ထွက် လာ၍ ပက်လက်ကု,လားထိုင် အနီးသို့ ကပ် ကာ ' အဘ အဘ ' ဟု ခေါ်ရာ ဦးရွှေပိုက် သည် ဘေး သို့ ခေါင်း ငိုက်စိုက် ကျ လျက် အသက် မရှိတော့ပြီ ကို တွေ့ ရလေ၏ ။


◾ဇေယျ 

     ( ၁၉၃၆ )


📖 ၂၀ ရာစု မြန်မာဝတ္ထုတို


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

Tuesday, April 5, 2022

ခရီးသည်


 ❝ ခရီးသည် ❞


ကြက်ဦး တွန်ခဲ့ပြီ ။ ရွာကလေး ကား မလုံ့တလုံ ခြုံစောင်ကလေး နှင့် ကွေး ၍ အိပ်ပျော် လျက်ပင် ရှိသေး၏ ။


လူကလေးတို့ မိသားစု သုံးယောက် သည် ရွာ တံခါးဝ တွင် နှုတ်ဆက်လျက် ရှိကြ၏ ။ 


“ လူကလေး ကောင်းကောင်း သွားနော် ။ အ မေတို့ စိတ်ချပါရစေ ။ ငါ့ သား အရက် မသောက်နဲ့  ၊ ဖဲ မရိုက်နဲ့  ၊ မကောင်းတဲ့ လူတွေ နဲ့ မပေါင်းနဲ့  ။ ကောင်းကောင်း နေနော် ” ဟူသော မိခင်ကြီး ၏ မှာ စကား သည် မြူနှင်းများ အကြား မှ ထွက်ပေါ်လာ၏ ။ အဖ မူ ကား ဘာမျှ မပြော ။ မြူနှင်းတဝေဝေ ထဲ တွင် သား ၏ မျက်နှာ ကို သာ ငေးစိုက် ကြည့်နေ၏ ။


လူကလေး သည်  အမိ ပေးလိုက်သော ဆေး ပေါ့လိပ် ငါးလိပ် ၊ ကောက်ညှင်း ငါးဆိုင်း ၊ ကြံ သကာ တစ်ခဲ ကို ဘေးမှ လွယ်အိတ် ထဲတွင် ထည့် ၍ လွယ်ထား၏ ။ အဖ ပေးလိုက်သော ငွေ သုံးဆယ် မူ ကား အတွင်း အိတ်ကပ် ထဲ တွင် သေချာစွာ ပါရှိ၏ ။ 


“ လူကလေး ကောင်းကောင်း သွားနော် ။ ငါ့ သား ကလေး သွားပေတော့ ... သွားပေတော့ ”   ဟု နှုတ်ဆက်လိုက်သော မိခင် ၏ စကားသံ များ သည် မြူနှင်းများ အကြားမှ ဖောက်လျက် နောက်မှ လိုက်လာသည် ဟု ထင်ရ၏ ။


လူကလေး သည် သန်မာတောင့်တင်း သစ်လွင်သော ခြေများ ဖြင့် ပေတစ်ရာ ကို လျှောက် ခဲ့၏ ။ တစ်လှမ်း ထက် တစ်လှမ်း ရွာ မှ ဝေးခဲ့၏ ။ လမ်းဘေးရေမြောင်း နှုတ်ခမ်း ရှိ မြက်ဖုတ် များ အပေါ်သို့ နှင်းပေါက်ကြီးများ တ ပေါက်ပေါက် ကျသံ ကို ကြားရ၏ ။ အတန်ကြာ လျှင် ဆို့ဆိုင်းနေသော မြူနှင်းများ အကြားမှ နေရောင်ခြည်ကလေး ထိုးလာ၏ ။ ရိတ်ပြီးစ လယ်တောရိုး ဖြတ်များမှ ငှက်ကလေး တစ်ကောင်သည် ထ၍ ပျံကာ လူကလေးအား ' သွား တော့ ... သွားတော့ ' ဟု နှုတ်ဆက်လိုက် သလို လို ကောင်းကင် မှ ကြွေးကြော်လျက် ရှိ၏ ။


လူကလေး ၏ ခြေလှမ်းများ ကား မှန်လျက် ရှိ၏ ။ တောင့်တင်းလှ၏ ။ သန်စွမ်းလှ၏ ။ တစ် လှမ်းထက် တစ်လှမ်း ရှေ့သို့ တိုးခဲ့၏ ။ တစ်ကြိမ်နှစ်ကြိမ် ရွာကလေးဆီ သို့ ပြန် ကြည့်ကာ ရွာ မှ နှုတ်ဆက်လိုက်သော သူများ ကို ပြန်လည် လွမ်းဆွတ် သလိုလို ဖြစ်မိ၏ ။ သို့သော် လူက လေး သည် ရှေ့သို့သာ သွားမြဲ သွားလျက်ရှိ၏ ။


အရှေ့မှ နေလုံး ကောင်းကောင်း ထွက်ခဲ့ပြီ  ။ မြူနှင်းများ ရှင်း၍ လောကဓာတ်ကြီး သည် ကြည်လင် လျက်ရှိ၏ ။ လက်ဝဲလက်ယာလမ်း ဘေးနှစ်ဖက်အတန် ဝေးတွင် သရက်ပင်များ ဝိုင်းရံ အုပ်ဆိုင်းထားသော ရွာကလေး များကို မြင်ရ၏ ။ လူကလေး သည် နောက်သို့ ပြန်ကြည့်မိ၏ ။ သို့သော် မိမိဇာတိ ရွာကလေး ကို မ မြင်ရတော့ပြီ ။ ဝေးခဲ့လေပြီ ။ လမ်းတွင် အဖော် တစ်ယောက် နှစ်ယောက် တွေ့ရ၏ ။ သို့သော် မကြာလှ ။ ခဏနှင့် ပင် လမ်းခွဲသွားကြ၏ ။


လူကလေး သည် တစ်လှမ်း ထက် တစ်လှမ်း ခရီး ရောက်လာသလောက် နေ သည် လည်း တစ်ဆင့် ထက် တစ်ဆင့် မြင့်သည် ထက် မြင့် လျက် ရင့်လာ၏ ။ အတန်ကြာလျှင် ချွေး များ ပြန်လျက် မောသလိုလို ရှိလာ၏ ။ သို့သော် မရပ်မနား ဆက်လက် လာခဲ့ရာ ဆွမ်းခံ ဝင်ချိန်လောက်တွင် လမ်းဘေး၌ ထိုးထားသော တဲကလေး တစ်တဲ သို့ ရောက်လာ၏ ။


တဲပေါ်တွင် မိန်းမပျိုကလေး တစ်ယောက် ထိုင် နေ၏ ။ မိန်းမပျိုကလေး သည် လူကလေး အား နှုတ်ဆက် သလိုလို ကြည့်၍ ပြုံး ၏ ။ 


“ တစ်ဆိတ်ကလေး ဒီ တဲ မှာ နားပါရစေ အမိရယ် ” ဟု ဆိုရာ “ နားပါ ၊ နားပါ ”ဟု ပြန်ပြော၏


လူကလေး သည် အိုးသစ်ကလေး နှင့် တည် ထားသော ရေအိုးစင် ကို ကြည့်၏ ။


“ အမိရယ် ရေကလေး တစ်ခွက် သောက်ပါ ရစေ ”   ဟု ခွင့် တောင်း၏ ။


“ သောက်သာ သောက်ပါ ၊ ခွင့်တောင်းစရာ မလိုပါဘူး ။ ကျွန်မလည်း ခရီးသွားပါပဲ ” ဟု ဆို၏ ။


လူကလေး သည် မွှေးကြိုင်သော အုန်းမှုတ်သစ် ကလေး နှင့် ကြည်လဲ့ စိမ့်အေးသော ရေ တစ်ခွက် ကို သောက် လိုက်သဖြင့် အမော ပြေ သွား၏ ။


“ အမိရယ် ဘယ်ခရီး သွားမလို့လဲ ”   


“ ကျွန်မ ရှေ့ကို သွားမလို့ ပါ ”   


“ ဘယ်ထိအောင် သွားရမှာလဲ ”   


“ လမ်းဆုံး နေဝင် ညို့ညို့မှိုင်းမှိုင်းကြီး အထိ ”


“ အဖော် ပါသလား ”   


“ မပါပါဘူး” 


“ ကောင်းပြီ ။ ကျုပ် လည်း ဒီ ခရီးကို သွားရ မှာ ပဲ ။ အတူတူ သွားကြစို့ ။ လိုက်ခဲ့ပေတော့ ”  


မိန်းမပျိုကလေး သည် လူကလေး ၏ မျက် နှာကို ကြည့်၍ စဉ်းစားနေ၏ ။ မျက်လုံးများ သ ည် ဤ လူအား ခရီးသွားဖော် ပြု၍ ယုံကြည်အားကိုး ရပါမည်လား ဟု မေးမြန်း နေသလို  လို ရှိ၏ ။ အတန်ကြာမှ နှတ်ခမ်းကလေး သည် ပြုံး လာ၏ ။


“ ကောင်းပါပြီ ၊ ကျွန်မ အတူတူ လိုက်ခဲ့မယ်” 


“ မင့် မှာ ဘာ စားစရာ ပါသလဲ ”   


“ ကျွန်မ မှာ မနက် က ချက်ထားတဲ့ ထမင်းကလေး နဲ့ ငါးပိကင်ကလေး တစ်ကောင်ပါတယ် ”


“ အေး .. ငါ့ မှာလည်း အဖေတို့ အမေတို့ ပေးလိုက်တဲ့ ကောက်ညှင်းဆိုင်း နဲ့ ကြံသကာ ပါတယ် ။ အတူတူ စားပြီး သွားကြစို့ ”


စားသောက်ပြီး၍ ထွက်ခဲ့ကြ၏ ။ နေမွန်း တည့် ၍ ပူပြင်းလှပြီ ။ တစ်ခါတစ်ရံ သစ်ပင်ရိပ် များ အောက်တွင် လျှောက်ခဲ့ရ၏ ။ တစ်ခါတစ်ရံလည်း နေပူကျဲကျဲတွင် ပြာပူ ကဲ့သို့ ပူလှသော လမ်း ကို နင်း၍ လျှောက်ခဲ့ရ၏ ။ သို့သော် ရယ်စရာကလေး ၊ ငိုစရာကလေးများ နှစ်ယောက်သား ပျော် ပျော်ပါးပါး လာခဲ့ကြ၏ ။


မိန်းမပျိုကလေး ၏ နဖူးဆံစတွင် ချွေးဥကလေးများ စီစပြုလာ၏ ။ လူကလေး သည် သ နား ကြင်နာစွာဖြင့် စောင်ကလေး နှင့် မိုး ပေး ၏ ။ အတန်ကြာလျှင် မိန်းမပျို ကလေးသည် မလှမ်းနိုင် လှမ်းနိုင် ခြေကလေးများ ခွေယိုင် လာသဖြင့် လူကလေး သည် သန်စွမ်းသော လက်မောင်း ကို ဆန့်တန်းပေးကာ မှီတွဲ လိုက်လာစေ၍ ညောင်ပင်ကြီးတစ်ပင်သို့ ရောက်အောင် ဆောင်လာခဲ့လေ၏ ။ ညောင်ပင်ဝန်းကြီး ၏ အရိပ်ကား နေပြောက် မထိုး အေးမြလှ၏ ။ အခါလည် သား အရွယ် သူငယ်ကလေး တစ် ယောက်သည် တစ်ကိုယ်တည်း ကစား နေသည် ကို တွေ့ရ၏ ။ သူငယ်ကလေး ကို မြင် လျှင် မိန်းမပျိုကလေး ၏ မျက်နှာ သည်  ရွှင်လန်းလာလျက် “ ချစ်စရာ ကောင်းလိုက်တာ ”  ဆိုကာ ကောက်၍ ချီလေ၏ ။


“ နင် ဘယ်ကလဲ ၊ နင့်အမေကော ၊ ဘယ်သူ့ သား လဲ ”  မေးသော်လည်း ကလေး သည် မ ပြောတတ် ။ ပြုံးကာ ရယ်ကာ အသံကလေး တသာသာ နှင့် လူကလေး လက်သို့ တစ်မျိုး ၊ မိန်းမပျိုကလေး လက်သို့ တစ်ဖုံ ခုန်ကာ ကူးကား နှင့် မြူး၍ နေရှာလေ၏ ။ 


“ ဒီကလေး ကို ကျွန်မတို့ ခေါ် သွားရအောင် ”   


“  ခရီး အဝေးကြီး ကွယ် ။ တို့ ချီ သွားနိုင်ပါ့မ လား ”   


“ အို ... ကျွန်မ ချီပါ့မယ် ”  


ညောင်ပင်ရိပ်တွင် ကလေး ကို ချီကာ ချော့ ကာ နှင့် အတော် ပျော်၍ နေကြ၏ ။ ရှေ့သို့ဆ က်၍ သွားကြဦးမည်ကိုပင် မေ့နေကြ၏ ။ 


“ ဟေ့ ... နေကလေး စောင်းပြီ ၊ သွားကြဦးစို့ရဲ့ ”  ဟု ဆိုကာ လူကလေး သည် မိန်းမပျိုက လေး လက် မှ ကလေး ကို ယူ၍ ပခုံး ပေါ် သို့ တင်ပြီးလျှင် ခရီး ထွက်ခဲ့ကြပြန်လေ၏ ။


တစ်လမ်းလုံး အလွန် ပျော်ကြ၏ ။ ကလေး  ကို တစ်ယောက် တစ်လှည့် ချီခဲ့ပိုးခဲ့ကြ၏ ။ ညနေ လေးနာရီခွဲ လောက် သို့ ရောက်သောအခါ တံတားအိုကလေး တစ်ခု နှင့် လမ်းခွဲ ကလေး တစ်ခု ကို ရောက် လာကြ၏ ။ ရွှင်ပြုံးနေသော မိန်းမပျိုကလေး ၏ မျက်နှာ သည် လမ်းခွဲ ကလေး ကို ကြည့်လိုက် ၊ လူကလေး နှင့် ကလေးငယ် ကို ကြည့်လိုက်ဖြစ်နေပြီး နောက် မျက်နှာ ကလေး အို လာကာ သက်မ ချ လိုက်လေ၏ ။


“ ဟိုဘက်က ထန်းပင်အုန်းပင် ကလေးတွေ တနွဲ့နွဲ့နဲ့ ရွာကလေးဟာ ကျွန်မတို့  ရွာကလေး ပဲ ။ ကျွန်မ ဒီက လမ်း ခွဲပြီး သွားခဲ့တော့မယ် ” 


လူကလေး မှာ အံ့အား သင့်နေလေ၏ ။


“ ဪ ... ဘယ်ကို သွားရမှာ လဲ ။ ပထမ တော့ လမ်းဆုံး အထိ အတူတူ သွားမယ်ဆို ”   


“ ဟုတ်တယ် ။ နို့ပေမဲ့ ကျွန်မတို့ ရွာကလေး ရောက်နေပြီ ။ ဆက်လိုက်လို့ မဖြစ်တော့ဘူး ”  


“ ဒါဖြင့် မင်း ခွဲသွားရင် ရှေ့လျှောက်လို့ ငါ တစ်ယောက်တည်း သွားရတော့မှာ ပေါ့ ”  


“ တစ်ယောက်တည်း မဟုတ်ပါဘူး ။ ကလေး ကိုပါ ရှင် နဲ့ အတူတူ ခေါ်သွားလေ ”  


“ အေးလေ ၊ မင်းတို့ ရွာ ရောက်ပြီပဲ ၊ သွားရ မှာ ဖြင့် သွားပေတော့ ”   


“ သွားတော့မယ်နော် ”  


လူကလေး မှာ မျက်ရည်တွေ ဝိုင်း လာလေ ၏ ။ လယ်ကန်သင်း ကလေးပေါ် မှ လက် ကလေး တပြပြနှင့် သွားပြီ ၊ သွားရှာလေပြီ ။ လမ်းတစ်လျှောက်လုံး ပျော်ပျော်ပါးပါး အေးအတူ ပူအမျှ လာခဲ့ကြရာမှ ဤတွင် ခွဲကြရ လေ၏ ။ လူကလေး သည် တံတားအိုကလေး မှ မခွဲနိုင် မခွာရက် တသက်သက် ဖြစ်နေဘိ၏ ။ သို့သော် မနေသာ ၊ မိမိ သွားရမည့် ခရီးလမ်း တာ က ကျန်သေး၏ ။ ဆက်လက် သွားရချေ ဦး တော့မည် ။ ကလေး ကို ပခုံးပေါ် ပစ် တင်ပြီးလျှင် တစ် ယောက်တည်း ထွက်ခဲ့လေ၏ ။ တံတားအိုကလေး ကို မကြာမကြာ ပြန် ကြည့်မိ၏ ။ သို့သော် မိမိ အဖော် မိန်းမပျိုကလေးကိုကား မမြင်ရတော့ပြီ ။


အနောက်သို့ နေကလေး စောင်းခဲ့၏ ။ ဆောင်းဦးလေကလေး တညင်းညင်း တိုက်သွင်းလျက် ။ အအေးဓာတ် ကလေးများ ပေါ်စ ပြု၏ ။


ရှေ့ တွင် ဇရပ်ပျက် ကလေး တစ်ခု ကို တွေ့ ရ၏ ။ လူကလေးမှာ နံနက် မိဘ ရွာမှ ထွက်လာစဉ် ကဲ့သို့ မဟုတ် ။ ခရီး ကလည်း ပန်း ၊ အဖော် ကလေး နှင့် လည်း ခွဲ ခဲ့ရ၏ ။ သူငယ်ကလေး ကို ပခုံး တွင် တင်၍ လည်း ထမ်း ခဲ့ရသောကြောင့် နွမ်းရိခဲ့လေပြီ ။ ဇရပ်ပျက် ကလေး ထဲ တွင် အဘိုးအို တစ်ယောက် နှင့် တွေ့၏ ။


“ ဪ ... ငါ့မြေး မော လာပြီ မှတ်တယ် ။ ဘယ်က လာလို့ ဘယ်ကို သွားမှာ လဲကွဲ့ ” 


“ ကျွန်တော် အမေတို့  ရွာ က လာခဲ့ပါတယ် ။ ရှေ့က ညိညို လမ်း ဆုံး ရောက်အောင် သွားမ လို့ ပါ ” 

 

“ အေး အဘိုး လည်း အဲဒီကိုပဲ သွား မလို့ ပဲ ။ မော လွန်းလို့ နားနေရတယ် ။ ဒီတစ်ညတော့ ဒီမှာ ပဲ အိပ် ရတော့မယ် ။ ခြေ တွေ ကလည်း မ သန်တော့ ရှေ့လျှောက် သွားနိုင် ဦးမလား မပြောတတ်ဘူး ကွဲ့ ”   


“ ကျွန်တော် တော့ မမှောင်ခင်ဘဲ ရောက်အောင် သွားမယ် ”   


“ အေး ... သွားနိုင်လည်း သွားတာပေါ့ကွယ်  ။ လောကကြီး ဟာ ဒီလိုပဲ ကွဲ့ ၊ အရင် သွားပေမဲ့ နောက် မှ ရောက်တဲ့ လူ များလည်း ရှိတယ် ။ နောက် သွားပေမဲ့ အရင် ရောက်သူများ လည်း ရှိတယ် ။ ကံတရားပေါ့ကွယ် အေး ... အေး ... သွားပေတော့ ”   


“ ဘကြီး နေလည်း စောင်းပြီး ၊ ခုပဲ သွားမှ ရ တော့မယ် ။ ဒီ ကလေး ကို ဘကြီး ဆီမှာ ပဲ ထား ခဲ့ပါရစေ ”   


“ ဟဲ့ ... ကလေး က နေ မတဲ့ လား ”   


“ နေပါတယ် ။ ကျွန်တော် လည်း သူ့ ကို လမ်း က ကောက်ပြီး ချီလာခဲ့တာပဲ ”  


“ အေး ... မင်း ခေါ် မသွားနိုင်လည်း ထားခဲ့ တာပေါ့ကွယ် ”  


နေကလေး ဝင်လုပြီ ။ မြူနှင်းတို့ သည် အ ရပ်လေး မျက်နှာမှ ဝိုင်းအုံဆိုင်း ဆို့လာ၏ ။ လူ ကလေး ၏ ခြေလှမ်းများ သည် ရှေ့သို့ မှန်မှန် ကြီး လှမ်းလျက် ရှိ၏ ။ ယခုမူကား တစ်ယောက် တည်း ဖြစ်၍ နေ့လယ် ကလောက် မသာယာတော့ချေ ။ လူကလေး စိတ် သည် နွမ်းလျက် ရှိ၏ ။ ကိုယ် လည်း ပန်းလျ လှ၏ ။ မှောင် တော့မည် ။ အမှောင် သည် လူကလေး အား လေးမျက်နှာမှ ဝိုင်းအုံလျက် တဖြည်းဖြည်း နီးသည် ထက် နီးလာ ။ လူကလေးကား သွားလျက်ပင် ရှိ၏ ။


◾ ဇေယျ


မှတ်ချက် ။  ။ ဤဝတ္ထု ကို ၁၉၄၇ ခုနှစ် က စာပေဒေသာ မဂ္ဂဇင်း အမှတ် ( ၈ ) မှာ ပထမဆုံး အကြိမ်ဖော်ပြခဲ့တာဖြစ်ပြီး ၁၉၆၈ ခုနှစ် က ဆရာမ Anne Marie Esche ( မနှင်းဆီ ) က ဂျာမန်ဘာသာ သို့ ပြန်ဆိုခဲ့ဖူးပါတယ် ။


📖  ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း 

       အမှတ် ၁၂၈ ၊ ဇူလိုင်လ ၊ ၂ဝဝဝ ပြည့်နှစ် 


www.facebook.com/aung.naingoo.3726613


.

Friday, January 1, 2021

အသိ နှင့် အကျွမ်း


 ❝  အသိ နှင့် အကျွမ်း  ❞

နေရှိန် တောက်ပလျက် အလွန်ပူပြင်းသော အချိန်တွင် တောရိပ်တောင်ရိပ် သစ်ပင်ရိပ်တို့ကို ခိုလှံုရသကဲ့သို့၎င်း ၊ မုန်တိုင်းကျဆင်း လှိုင်းကြီးလေကြီး အလွန်ပြင်းထန်သည့်အခါတွင် လှေသင်္ဘော စသည်တို့သည် ဆိပ်ကမ်းကို ဝင်ရောက်ခိုလှုံရသကဲ့သို၎င်း ဤလောက ဤဘဝ၌ ဖြစ်လာကြသော လူအပေါင်းတို့မှာလည်း အရိပ်ဆာယာနှင့် တူသော ဆွေရိပ် မျိုးရိပ် မိတ်ဆွေရိပ် အကြီးအကဲရိပ်တို့ကိုအစဉ်မပြတ် ခိုလှုံလျက် သွားကြရလေသည် ။ 

ဤကဲ့သို့သော အရိပ်အမျိုးမျိုးတို့တွင် မိတ်ဆွေတို့၏ အရိပ်ကား အထူးဖြစ်သည်ဟုဆိုက မှားနိုင်မည်မဟုတ်ချေ ။ ဆွေရိပ် မျိုးရိပ်ဟူသည်မှာ မိမိတို့ သွားလေရာရာ နိစ္စဘတ်အားဖြင့် ခိုလုံရန် ရရှိနိုင်သော အရာမဟုတ် ။ နေရာတိုင်း၌ အစဉ်မပြတ် ဆွေမျိုးညာတိ ရှိနိုင်သည် မဟုတ်သောကြောင့်ကျဉ်းမြောင်း ရှားပါးသော အရိပ်ဖြစ်ပေသည် ။အကြီးအကဲ ဟူသည်မှာလည်း ထိုအနည်းအတိုင်းလိုလိုပင် ဖြစ်‌ေချသည် ။ မိတ်ဆွေတို့၏ အရိပ်မှာကား သစ်ပင်ရိပ်သဖွယ် သွားလေရာရာ အရပ်တို့၌ အစဉ်မပြတ် တွေ့နိုင်သော အရိပ်မျိုးဖြစ်ပေသည် ။

သို့သော် မိတ်ဆွေဟူသည်မှာလည်း တမျိုး တစားတည်း ရှိသည်မဟုတ် ။အသိမိတ်ဆွေ အကျွမ်းမိတ်ဆွေ ဟူ၍ အမျိုးမျိုး အစားစား ရှိပေသည် ။ မိတ်ဆွေအဖြစ်သို့ ရောက်သည် မှန်သော်လည်း သိရုံသာ သိလျက် လမ်းတွင် တွေ့၍ နှုတ်ဆက်ဖေါ်  ‌ေမးထူး‌ေပြာခေါ် မိတ်ဆွေ ဖြစ်ရုံ နှင့် အရေးအရာ ကြုံ‌ေတွ့ပါက ခိုကိုးလောက်သော အရိပ် အဖြစ်သို့ ရောက်ခြင်းမရှိချေ ။ တယောက်နှင့် တယောက် သိရုံမျှသာမဟုတ် အလွန် အကျွမ်းတဝင် ဖြစ်လျက် တဦးအရေးသည် တဦးအရေး ။ တဦးအကျိုးကို တဦးက လိုလားလျက် " ကျွန်းကိုင်းမှီကိုင်းကျွန်းမှီ " ဟူသကဲ့သို့ တဦးလဲလျှင် တဦးက ကူညီထောက်ပံ့ ထူမကြသောအခြေကို ရောက် မှသာလျှင် အရိပ်ကို ခိုလောက်သော မိတ်ဆွေကြီးများ ဖြစ်လာကြလေသည် ။

တခါတရံ တဦးနှင့်တဦး မိတ်ဆွေကြီးများဖြစ်ပြီဟု မှတ်ယူလျက် နေမိကြရာ အရေးအကြောင်း တစုံတခု ပေါ်ပေါက်လာသောအခါ အကူအညီမရ ဖြစ်တတ်ကြလေသည် ။ ၎င်းမှာ အခြားကြောင့်မဟုတ် မိမိတို့က ကျွမ်းပြီဟု ထင်သော်လည်း မကျွမ်း ၊ အသိမိတ်ဆွေမျှ ဖြစ်မှန်းမသိ ဖြစ်၍နေ‌ေသာကြောင့်ဖြစ်လေသည် ။ ထို့ကြောင့် မိတ်ဆွေများအား အသိမျှသာ မဟုတ် ၊အကျွမ်းဖြစ်အောင်ပေါင်းသင်းမိရန်ကို သတိပြုအပ်သည် ။


◾ ဇေယျ

     ၃၀-၁၁-၁၉၃၂


Thursday, December 10, 2020

မြိန်ရာဟင်းကောင်း


 ❝  မြိန်ရာဟင်းကောင်း  ❞

    

လောကဘံု၌ ဖြစ်လာကြသော လူအပေါင်းတို့သည် နေ့စဉ်ရက်ဆက် မနေမနား သွားလာ လုပ်ကိုင်လျက် ကြီးလေးလှစွာသော လူ့ကိစ္စကြီးကို ပင်ပန်း ကြီးစွာဖြင့်ဆောင်ရွက် နေကြရသည်မှာ စင်စစ်အားဖြင့် ဆိုသော် စိတ်နှလုံး သာယာရွှင်လန်းခြင်းကို ရရှိရန် မျှော်လင့်ကြခြင်းကြောင့်ဖြစ်လေသည် ။ 


မည်သူမဆို ရေထဲ၌ ကျွဲနွားနှင့်အတူဖက်၍ လယ် ထွန်ယက် စိုက်ပျိုးမှုကို ပြုရခြင်း ၊ ငွေရင်း ကြေးရင်း ကြီးစွာ ထုတ်လျက် ကုန်သွယ်ခြင်း အတတ်ပညာကိုရင်းနှီးစိုက်ထုတ်လျက် လုပ်ကိုင်ရခြင်းတို့မှာ အရိပ်လိုလျှင် နေပူမှ ေစာင့်ရသည် ဆိုဘိသကဲ့သို့ ရှေ့အဘို့ရာ စိတ်ပူပန်ရခြင်းမှ လွတ်ကင်းကြရအောင် ကြိုတင်ပြင် ဆင်နေကြခြင်းဖြစ်ပေသည် ။


 ဤသို့ဖြစ်သဖြင့် မျက် မြင်အားဖြင့် လူတို့သည်စိတ်နှလုံးသာယာရွှင်လန်းခြင်း အဖြစ်သို့ရောက်၍ ရပ်တန့်ရသည် မရှိ ။ လူ့ဘဝ၌ မိမိနေရသော အချိန်ကာလကုန်၍ သေမင်းလက်သို့ ပါရသည့်တိုင်အောင် ကိုယ်မအား လက် မအား ဆောင်ရွက်သွားကြရသည်မှာ လူတို့၏ အလိုဆန္ဒသည် အဆုံးသတ်တတ်သော အရာမဟုတ် ။ ဆန္ဒက အဆုံးမသတ်သမျှ ကာလပတ်လုံး စိတ်နှလုံး ငြိမ်းချမ်း သာယာခြင်းကို မရနိုင်ကြသောကြောင့် ဖြစ်လေသည် ။ ထိုကြောင့် အချုပ်မှာအလိုဆန္ဒသာလျှင်ဖြစ်သည်ဟုဆိုထိုက်ပေသည် ။


လက်ထဲတွင် ငွေတသိန်းမျှလောက် ရှိပြီးဖြစ်သော်လည်း အလိုဆန္ဒက တကုဋေလောက်သို့ရောက်၍နေသောသူမှာ လယ်တကွက် နွားတရှဉ်းမျှ ရှိသော်လည်း ၊ လယ်နှစ်ကွက်နွားနှစ်ရှဉ်းသို့ မရောက်သော လယ်သမားလောက် စိတ်၏ ချမ်းသာခြင်းကိုမရနိုင် ။ ထိုငွေတသိန်း၏ပိုင်ရှင်သည် ထိုလယ်သမားလောက် စိတ်၏ ချမ်းသာခြင်းနှင့် မပြည့်စုံ ဖြစ်ရလေသည် ။ ဖြစ် ရ ‌ေသာ ဘဝ၏ အကျိုးကျေးဇူးသည် စိတ်၏ချမ်းသာခြင်းကိုသာ အမှီပြုသည်ဖြစ်သောကြောင့် ထိုသူ၏ ဘ၀သည် လယ်သမားလောက် မကောင်းဟု ဆိုရချေမည် ။ လောကကြီး၌ ခဲဘွယ် ဘောဇဉ် ချို ၊ ချဉ်ရသာ နတ်သုဒ္ဓါ ပင်ဖြစ်လင့်ကစား သုံးဆောင်သောသူကိုသာ အမှီပြု၍ဖြစ်သောကြောင့် တခါတရံချဉ်ပေါင်ရေကြိုမျှလောက် အရသာမရှိ ဖြစ်တတ်လေသည် ။ ထို့ကြောင့် မြိန်ရာသာလျှင် ဟင်းကောင်း သည်ဖြစ်ကြောင်းကို သတိမူသင့်သည် ။


၃၁ - ၇ - ၁၉၃၂


ဇေယျ