Saturday, May 4, 2019

သုံးခွက် တစ်ခွက်တင်


🥃   သုံးခွက်တစ်ခွက်တင်

“မောင်ချမ်းသာ ပုဏ္ဍရိပ်ပင်ကိုသိလား”

“သိပါတယ် ဆရာကြီး”

“ဟို ၁၂ လပတ်လုံး အရွက်စိမ်းနေပြီး  နီနီအဆုပ်လိုက် အဆုပ်လိုက်ပွင့်တက်တဲ့ အလှစိုက်ပန်းပင်လေ”

“ဟုတ်ကဲ့ဆရာကြီး၊ ကျွန်တော်တို့ အိမ်ရှေ့ခြံစည်းရိုးမှာ ရှိပါတယ် ဆရာကြီး”

“အေး… အဲဒီ ပုဏ္ဍရိပ်ရွက်  အကိုင်းအခက် အဖူးအပွင့် လက်တစ်ဆုပ်စာလောက် ခူးပြီး သုံးခွက်တစ်ခွက် တင်အောင်ကျို (ရေသုံးပုံတစ်ပုံ ကျန်အောင်ကျို) ပြီး ဖန်ရည်ငုံပေး၊ ဝမ်းခေါင်းထဲမကျစေနဲ့၊ ဘာမှတော့မဖြစ်ဘူး၊ နည်းနည်း တောက်တက်တယ်၊ ငုံပြီးထွေးပစ်၊ တော်တော်လေးငုံမိတော့  လက်ဖက်ရည်ကြမ်းနဲ့ ပလုပ်ကျင်းပစ်၊ နှစ်ရက်လောက်ငုံမိရင် မောင်ရင့်သွားနာ ယူပစ်သလို ပျောက်သွားလိမ့်မယ်”

         ကျွန်တော့် ညာဘက်ခြမ်း အောက်အံသွားတစ်ချောင်း ကိုက်ပြီးနာနေရာ ညာဘက်မေးရိုးကြီး  တစ်ခုလုံး ရောင်ကိုင်းနေလေ၏။ မြန်မာသမားတော်ကြီး ဦးဉာဏ်မြင့်က ဟြေသည့်အတိုင်း  ပုဏ္ဍရိပ်ရွက်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ငုံလေရာ နှစ်ရက်မြောက်နေ့တွင်  သက်သာ ၍ ငါးရက်မြောက်နေ့တွင်  သွားကိုက် လုံးလုံးပျောက်လေ၏။

☕   သုံးခွက်တစ်ခွက်တင်။  

         မြန်မာတိုင်းရင်းဆေးလောကတွင် အလွန်အသုံးများသော ဝေါဟာရ ဖြစ်မည် ထင်ပါ၏။ ခဏခဏ ကြားရ၏။ သုံးခွက်တစ်ခွကတင် ဆိုသောစကားသည် ဆေးလောကတွင်   အသုံးများသကဲ့သို့ လူလောက စီးပွားရေးလောကတွင်လည်း  သုံးကြ ကုန်သေး၏။ အဓိပ္ပာယ် ဖွင့်ဆိုပုံခြင်းကား မတူညီပါလေ။

“မမ  ဘယ်လို သဘောရလဲ၊  ပြည့်စုံက ငါ့နွားဝါကြီးကို ငှားချင်တယ် ဟြေနေတယ်”

“အင်း    အဲဒီကောင်လေးက  ပေးပြတ်ပြတ်၊ ယူပြတ်ပြတ် နာမည်ပျက်မရှိဘူး၊ ငှားလိုက်ပါလားဟယ်၊ ဒါပေမယ့် ကိုလေးသဘောလေ”

         ကျွန်တော်က နွားငှားမည်ကြံတိုင်း ကျွန်တော့်အမ မမနှင်းဝေကို တိုင်ပင်လေရ၏။ သူ့သဘောထားကို တောင်းခံလေ့ရှိလေ၏။ မမက ဆက်ဆူဝရွာ၊ ရွာခံ။ ဘယ်သူ ဘယ်လိုစိတ်ထားမျိုးရှိ၊  သူအကုန်သိ။ မမက ဘယ်သူ့ကငှားလိုက်ပါ၊ အမိန့်ချလိုက်၊ ထိုသူကိုငှားလိုက်၏။ အချိန်တန် နွားငှားခ နှမ်းသုံးတင်း ရစမြဲပါခင်ဗျာ့။ အစက ပြန်ကောက်ရသည်ရှိသော်။

        ၁၉၇၈  ခုနှစ်   ကျွန်တော့်   ယောက္ခမကြီးဒေါ်မြရင်  ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးတွင်  အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သောအခါ အသက်  ၇၅ နှစ်အရွယ် ကျွန်တော့်ယောက္ခထီးကြီး ဦးဖိုးချီအား ပြုစုစောင့်ရှောက်ရန် ကျွန်တော်တို့လင်မယားသည် သားနှစ်ယောက်၊  သမီးတစ်ယောက် လက်ဆွဲ၍ ရန်ကုန်မြို့တော်ကြီးမှတဆင့် အောင်လံမြို့နယ်၊ ရေပြည့်ရွာသို့ဟြေင်းခဲ့ကြလေ၏။  ရန်ကုန်ကြည့်မြင်တိုင် ရေတွင်းကုန်း ရပ်ကွပ်မှ နေအိမ်ကလေးနှင့် ကြည့်မြင်တိုင်ညဈေးတန်းမှ အထည်ဆိုင်ကလေးကို အပြတ်ရောင်းခဲ့ကြလေ၏။  လျှပ်စစ်မီး ထိန်ထိန်ညီးသော မြို့တော်ကြီးသားဘဝမှ
ရေနံဆီမီးခွက်ကလေး  မှိတ်တုတ်မှိတ်တုတ် ရွာဇနပုဒ်  တောသားကလေးဘဝသို့ရောက်ကြလေ၏။ ဘဝဟြေင်းသော် အလုပ်လည်း ဟြေင်းကြရလေ၏။ မြို့ပေါ် အထည်ရောင်းသော ဈေးသည်ဘဝမှ တောရွာ လယ်ထွန်ယာထွန်ရသော လယ်သမား ယာသမားဘဝသို့   ရောက်လေ၏။ အို… ဖြစ်သမျှဘဝ အကောင်းချည်းပေါ့ဟယ်။

         တောရွာမှာ အခြေချသောအခါ  တောလုပ်တောကိုင်  လုပ်ရ၏။ အိမ်နှင့်  ဆိုင်ရောင်း၍ ရခဲ့သော ပိုက်ဆံကလေးကို တောရွာထုံးစံ နွားငှားရ၏။ နှမ်းပေးပေးရ၏။ (နှမ်းကြိုတင်ဝယ်သည်ကို နှမ်းပေးပေးသည်ဟုခေါ်သည်။)

         ၁၉၇၈ ခုနှစ်။ ထိုစဉ်က နွားတစ်ကောင် ၇၀၀-၈၀၀ ကျပ်ဆို ခိုင်းဖြစ်နေပြီ။ ၁၀၀၀-
၁၅၀၀ ကျပ်ဆို  ငါးမိုးလောက် ကောင်းစွာ  ခိုင်းနိုင်သေး၏။ သုံးလေးထောင်  လောက်ဆို ခိုင်းနွားကောင်းကြီးများကို ရနိုင်၏။ ကျွန်တော်တို့ နွားငှားစားသူများကား ဘေကြီးများကို မဝယ်၊ တောရုံသင့်ရုံ သုံးလေးမိုး ခိုင်းနိုင်လောက်သော ခပ်သင့်သင့် နွားများကိုသာ ဝယ်ရ၏။ ဒါမှ တွက်ချေကိုက်မှာကိုး။ ကျွန်တော့်မှာ ငှားနွား ၁၄-၅ ကောင်ရှိလေ၏။ ငှားနွား ပိုနေသည့်နှစ်ရယ်လို့ မရှိ။ မိုးဦးကျ မိုးသံလေသံကြား ထွန်ယက်ချိန်နီးပြီဆို ခိုင်းနွားမပြည့်စုံသူများက နွားငှားမည့်သူများထံ ချဉ်းကပ်ကြရကုန်၏။ အိမ်သို့ တကူးတက ဖိတ်၊ ကြက်ရိုက် အရက်တိုက်ကြရကုန်၏။ ရှိလို့မဟုတ်ဘူး၊ ချေးငှားဝယ်ရတာ။

“ငှားဖို့ နွားမကျန်တော့ ဘူးကွာ”

“ဒါဆို ဒီဈေးပတ်လိုက်ဝယ်ပေးပါ”

         ကျွန်တော်တို့  အောင်လံမြို့က ကြာသပတေးနေ့တိုင်း  နွားဈေးရှိတယ်ခင်ဗျာ့။

         နွားပွဲလို့လဲ  ခေါ်တယ်။ အင်မတန် ယုံကြည်စိတ်ချရမည့်သူ၊  အလွန်မျက်နှာ နာရမည့်သူ၊ ကိုယ့်ထဲ ကိုယ့်လူများကျတော့  သည်လိုပဲ နွားဈေးလိုက်သွားပြီး သူတို့ကြိုက်ရာ နွားဝယ်ပေးလိုက်ရသူလည်း ရှိတယ်ခင်ဗျာ့။

“မမ ဘယ်လိုလဲ ဖိုးထွန်းစိန်”

“ဟယ်… ကိုလေး သူက သုံးခွက်တစ်ခွက်တင်ဟဲ့”

         ဤနေရာတွင်  သုံးခွက်တစ်ခွက်တင်ဆိုသော စကားသည် သုံးပုံတစ်ပုံသာ ယုံရ၏။ နှစ်ပုံက မယုံရဟု ဆိုလိုရင်း ဖြစ်လေ၏။

“ကြည့်ဟြေလိုက်ပေါ့ဟယ်”

         ထိုအခါတွင်  ကျွန်တော်သည်  လှပသော နားဝင်ချိုသော  စကားလုံးများဖြင့်ငြင်းရပြန်လေ၏။ သည်လိုနှင့် တောသားဘဝ ငါးနှစ်မျှ ကြာလေသတည်း။

                                          မောင်ချမ်းသာ


No comments:

Post a Comment