💘 မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ်
စန္ဒရား ခွန်တင်ကြွယ် နဲ့ တယော ဦးဝေအောင် တို့ တီးခတ်ထားတဲ့ " မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ် " သီချင်း ကို ဖြည့်စွက် ဆိုထားတာပါ ။
ဒီသီချင်း ရေးတဲ့သူက ကိုသန်းလှိုင် ပါ ။ မူရင်း သီဆိုသူကလည်း သူ ပါပဲ ။
မာမာအေး
ချိုပြုံး
ခင်ညွန့်ရီ
အောင်ချင်း
ဟေမာနေဝင်း
ကျောက်ပန်းတောင်း ခင်စိုးဦး
ပိုးအိစံ
သဲနုဝါ ( စုံတွဲ )
အထွန်း နဲ့ တီးလုံးသီးသန့် ပဲပါတဲ့ သီချင်းတွေကို အောက်က folder ထဲမှာ တင်ပေးထားပါတယ် ။
စန္ဒရား ခွန်တင်ကြွယ် နဲ့ တယော ဦးဝေအောင် တို့ တီးခတ်ထားတဲ့ တီးလုံးသီးသန့် လဲ ပါပါတယ် ။
https://yadi.sk/d/bTkJw94ImHIJQQ
💘 မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ်
တေးရေး ကိုသန်းလှိုင်
[ ( နှစ်ဦးစလုံးရဲ့ အသည်းများမှကွယ် အသိတရားများကိုဖလှယ် တွယ်တာနှောင်တည်းကြသူချင်းမို့ မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ် ချစ်စရာ အပြုံးစကားလေးများသာကွယ် ရင်ဝယ်သိမ်းဆည်းကာ ထားမယ် မေရယ် )
ဘ၀အတွေ့အကြုံ မပြည့်စုံလို့ရယ် ယုယကာ အစစမှာကွယ် သွန်သင်ဆုံးမ ဆုံးမတာတွေရယ် အပြစ်လို့မြင်တတ်လေတယ်ကွယ် သြော် ကလေးဆန်လွန်းသူ အမိုက်ကလေးကိုမှ ကိုယ်က ချစ်မိသူပါကွယ်
( ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ် ဘ၀ဆိုတာရယ် စိတ်တိုင်းကျ တည်ဆောက်မှတကယ် သာယာလိမ့်မယ် ယုံကြည်တယ် )
အိပ်မက်ဆန်သော အတွေ့များကြားဝယ် မမွေ့လိုသူပါကွယ် တစ်ခုတည်းသော မေတ္တာကမ္ဘာတည်ဆောက်ကာရယ် အနာဂတ် ပြဿနာတိုင်းဝယ် တိုင်ပင်ဆွေးနွေးကာရယ် မေတ္တာအေးရိပ်ဝယ် မှေးမှိတ်စို့လား ချစ်သူရယ် ]
No comments:
Post a Comment