❝ ချစ်မယ်ဆို ပန်းပန်ပါ ❞
တေးရေး ... ကိုတင်ကိုး
ပန်ချင်ရင် ဟန်မပြင်လိုက်ပါနဲ့ ပန်လိုက်ပါမနှေး မပန်ချင်ရင် မာန်မဝင်လိုက်ပါနဲ့ ခင်မကိုဋ်ရယ်လေး လှရာရာပန်းတွေနဲ့ မောင်ကြံရွယ်သူကိုပေး မောင်ကြံရွယ်သူကိုပေး
[ ချစ်မယ်ဆို ပန်းပန်လေ ပန်းကြိုက်သူရေ မချစ်ရင်လေ မပန်ဘဲနေ ကိုယ်သာချစ်စိတ် ဖြေပါ့မလေ ချစ်လျက်နဲ့ မူပါနဲ့လေ ကျန်ရစ်ဖြစ်မယ် ပျိုဖြူရေ ချစ်ရင်ပန်ကွဲ့ မချစ်ရင် မပန်နဲ့ အဲဒါဟာ ကိုယ့်အတွက်အဖြေ စောင့်မယ်မသွေ
( ပန်းပန်တော့ နန်းဆန်မယ်လေ နန်းဆန်တော့ သန်းတန်တယ်မေ ) ( ပန်ချင်ရင် သက်ထားပျိုရဲ့ ရှက်အားမပိုနဲ့ ပန်လိုက်ပါမေရေ မပန်ချင်ရင် အမျက်စကား မဆိုနဲ့ မျက်ထားမညိုနဲ့ အလှပျက် မယ်မေ ) ကိုယ့် အကြိုက်တစ်ခု ပြောရင်လေ ပန်လိုက်ပါမေ ချစ်ရင်ပန်ကွဲ့ မချစ်ရင် မပန်နဲ့ အဲဒါဟာ ကိုယ့်အတွက် အဖြေ စောင့်မယ်မသွေ ]
••••• •••••• •••••• ••••••
ဒီ သီချင်း ရေးသူ ကိုတင်ကိုး ကိုယ်တိုင် သီဆိုထားတဲ့ ... ချစ်မယ်ဆို ပန်းပန်ပါ
https://yadi.sk/d/ldqOlMqTFJTCXQ
ကိုမြကြီး သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ
https://yadi.sk/d/PYWe10Y8ryRUwQ
မောင်မောင်ကြီး သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ
https://yadi.sk/d/tbxc0tYIGIJeyw
ရာဇာဝင်းတင့် သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ ( video version )
https://yadi.sk/d/2chD_bXEs33l_g
ရာဇာဝင်းတင့် သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ ( tape version )
https://yadi.sk/d/SwRbpyGDr1U8eA
အထွန်း သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ
https://yadi.sk/d/UzCeOK5E66IaIw
ရာဇာဝင်းတင့် သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ ( တီးလုံး သီးသန့် )
https://yadi.sk/d/mmcPIPuNp1b_hw
.
No comments:
Post a Comment