Saturday, September 29, 2018

ချစ်အရိပ်


💌      အကြင်နာဆုံး နဲ့ တူယှဉ်နွှဲခဲ့တုန်းက အတိတ်ရဲ့ ပန်းချီ ကားတစ်ချပ်လို  ထင်ဟပ် စေတဲ့  .....  ချစ်အရိပ်  .....

mp3  တီးလုံး ( သီးသန့်  ) လိုချင်ပါက အောက်က လင့်ခ် တွေကနေ ယူနိုင်ပါတယ်။ ဖိုင်ဆိုဒ်က 11.6 mb ရှိပါတယ် ။


pcloud ကနေ ယူနိုင်ပါတယ်။

picosong ကနေ ယူနိုင်ပါတယ်။


    💌     ချစ်အရိပ်

တေးရေး     စန္ဒရား ချစ်ဆွေ

 ◼    ( ငယ်စဉ်အခါမှာ ကြင်နာ တူနှစ်ကိုယ်လက်တွဲလာ သည်ချစ်အရိပ် အတိတ် ပန်းချီကားတစ်ချပ် ထင်ဟပ်လို့လာ အာကာဝေဟင် ကြယ်စင် လမင်း ၀င်းကြည်စွာ သာသောည တစ်ညမှာ သူ့ကို ကိုယ်လေ ချစ်ခွန်းစလာ နှစ်ဦးရင်မှာ ရှက်သွေး အလှဖြာ ကြည်နူးမဆုံး ချစ်ပြုံးအရိပ်သာ မမေ့ပါ မောင့်အသည်းလမ်းက ကြိုနေမှာ

◼     မှိုင်းရိပ်ကယ်သည့် ဝေမှောင် ရှစ်ခွင် တိမ်တောင် ညို့ညို မည်းလို့ သည်းသည်းစွေရွာ မိုးလ၀ဿန်ခါ ပုန်းညက်ပန်းတွေလည်း ဖွေးဖွေးဖြူစွာ မိုးရေစက်တွေ အောက်မှာပွင့်ရှာ မကြာမီ အာကာပြင်မှာ နှင်းပွင့်များနှင့်အတူ သဇင် ဖြူဖြူကလေး ပွင့်ဦးတော့မှာ ဟော ပြောရင်းဆိုရင်း နွေဦးကို ကြိုကြို နွေဥသြက တေးဆိုလာ ပိတောက်ပန်းလေးက ထိန်ထိန်ဝါ  မောင့်အသည်းပန်းက နွမ်းလျမကြည်သာ )

◼     ငယ်စဉ်အခါမှာ ကြင်နာ တူနှစ်ကိုယ်လက်တွဲလာ သည်ချစ်အရိပ် အတိတ် ပန်းချီကားတစ်ချပ် ထင်ဟပ်လို့လာ အာကာဝေဟင် ကြယ်စင် လမင်း ၀င်းကြည်စွာ သာသောည တစ်ညမှာ သူ့ကို ကိုယ်လေ ချစ်ခွန်းစလာ နှစ်ဦးရင်မှာ ရှက်သွေး အလှဖြာ ကြည်နူးမဆုံး ချစ်ပြုံးအရိပ်သာ မမေ့ပါ မောင့်အသည်းလမ်းက ကြိုနေမှာ


Tuesday, September 25, 2018

ကြီးလာလေ ကြောက်တတ်လာလေ


🏭  ကြီးလာလေကြောက်တတ်လာလေ

တစ်နေ့ ကျွန်တော်၊ ပဲကြော် ဟြေင်ကြီး၊ အရက်ရွှေနားပေ၊ ပါလေရာ ဦးနားဝေးတို့သည် လက်ဖက်ရည်ဆိုင်တွင် လူစုမိကြလေ၏။

“ကျုပ်ကတော့ ကြီးလာလေလေ ကြောက်လေလေပဲ”
အရက်ချက်စက်ရုံပိုင်ရှင် ရွှေနားပေက ကောက်ကာငင်ကာ  စကားစလေ၏။
 “မဟုတ်မှလွဲရော၊ မင်းအရက်ထဲ မဟုတ်ကဟုတ်ကတွေ ထည့်ချက်ပြီနဲ့တူတယ်”
 “မဟုတ်ရပါဘူးကွာ”
” အေး…  မင်းဘက်က  နောက်ကြောင်းရှင်းရင်  ဘာမှကြောက်စရာမလိုပါဘူးကွာ ၊
မသမာတာလုပ်မိရင် နောက်ကြောင်းရှုပ်ခဲ့ရင်သာ ကြောက်စရာလိုတာပါကွာ”

ကျွန်တော်က လူတတ်ကြီးလုပ်ပြီး တရားချလေ၏။

“ငါလည်း ရွှေနားပေလိုပဲကွ၊ ကြီးလာလေ ကြောက်လေပဲ”

“ဟ… ဘယ်လိုများလဲကွာ၊ ဟြေင်ကြီး”

ဦးနားဝေးက  ဝင်ထောက်၏။ ပဲကြော်ဟြေင်ကြီးကလည်း   ကြီးလာလို့
ကြောက်သတဲ့ဗျာ။  လာပြန်ပြီ  တစ်ယောက်၊ သူက  ပဲကြော်သမား၊  ဆီမဟုတ်တာတွေနဲ့ဆော်ခဲ့မိပြီထင်တယ်။  အရက်ချက်သမားကလည်း  ကြောက်၊  ပဲကြော်သမားကလည်းကြောက်၊  နောက်ဆုံး      ကျွန်တော့်အလှည့်  ရောက်လာလေ၏။    မင်းသဘောက ဘယ်လိုလဲဟူသော အကြည့်ဖြင့် ကျွန်တော့်ကို ဝိုင်းကြည့်ကြလေ၏။

“ဟီး ဟီး  ငါလည်း ကျောထဲစိမ့်သလိုလိုပါပဲကွာ”

သူတို့စကားနောက် သံယောင်လိုက်    လိုက်၏။ သူတို့သဘောကို  သိလို
သောကြောင့်။

“ဟဲ… ဟဲ… ချမ်းသာ နင်လည်း အနူနူပဲ မဟုတ်လား”
ကျွန်တော့်ကို ဝိုင်းနွှာကြလေ၏။

“စကားကို ရှင်းအောင် ဟြေကြကွာ၊ ဘာကိုကြောက်တာလဲ”

“ဟေ့ကောင်ချမ်းသာ မင်းလည်းသိသားပဲ၊ ငါဆို ပဲကြီးတစ်တင်း ၆၅ ကျပ်ကတည်းက အကြော်လောကထဲ  ရောက်လာတာ၊ အခု ပဲကြီးတစ်တင်း  ၈၅၀၀ ကျပ်၊ မင်းစဉ်းစားကြည့်”

“ဟ… ဒါတော့ ရေမြင့် ကြာမြင့်ပေါ့ကွ၊ ဟြေင်ကြီးရ”

“အဲဒါ အဟြေပါကွာ၊ တကယ်လက်တွေ့မှာ အဲဒီလိုသိပ်မဟုတ်တော့ဘူးကွ၊ မင်း အကြော်ကုန်းလာကြည့်စမ်း၊ မီးခိုးတိတ်နေပြီ”

အကြော်ကုန်းဆိုသည်မှာ   ပဲကြော်   ပဲလှော်သမားများ   ကြော်ကြလှော်ကြ   မီးခိုးတလူလူ  ညှော်နံတသင်းသင်း၊        ခွေးတစ်စီစီ၊  ကလေးတဆူဆူ  နေသော
တောင်ကုန်းကလေးခင်ဗျာ့၊ အောင်လံမြို့ အရှေ့မြောက်ဖျားက ကုန်းကလေး။

“နို့ မင်းအကြော်ဖိုကကော”

သိချင်သဖြင့် ကျွန်တော်က စကားထောက်။

“ငါအထိပ်ထိပ်အပျာပျာဖြစ်နေတာ           အဲဒါပဲကွ၊ မင်းတို့သိတဲ့အတိုင်းပဲ၊
ငါ့လုပ်ငန်းမှာ   အလုပ်သမားတွေ   အများကြီးပဲ၊   ဆီ၊  ပဲကြီး   ကုန်ကြမ်းတွေကဈေးမြင့်၊ ကုန်ချောကျတော မြှင့်ချင်တိုင်း မြှင့်မရ၊ ရပ်ထားပြန်ရင်လည်း အိတ်ထဲကပါဦးမယ်၊ ဘယ်လောက်ကြာရှည် အပါခံနိုင်မှာလဲကွာ၊ မောင်ချမ်းသာ မင်းစဉ်းစားကြည့်”

“ဟေ့ကောင် ရွှေနားပေ၊ မင်းအရက်ဖိုကော အခြေအနေ ဘယ်လို”

“ဘာထူးမှာလည်းကွာ၊ ဟြေင်ကြီးလိုပေါ့”

ကျွန်တော်သည်  လက်ဖက်ရည်ဆိုင်က      မသဒ္ဓါရေစာ  လာချပေးသောရေနွေးကြမ်းကို  အလိုက်ကမ်းဆိုးမသိ  တစ်ခွက်ပြီးတစ်ခွက်  ငှဲ့ငှဲ့သောက်ရင်း အတွေးနယ်ချဲ့မိလေ၏။   မြေပဲဆားလှော်လုပ်ငန်းက   ၁၉၈၉  ခုနှစ်   ဖေဖော်ဝါရီလ   ၁၉ ရက်နေ့က စတင်လုပ်ခဲ့ပါ၏။  ငါးပိရည်ကျိုသော  ဒန်ဒယ်အိုးကလေးဖြင့်  စတင်လှော်ခဲ့ပါ၏။ တစ်နေ့မှ နို့ဆီဘူးနှစ်ဘူးသာ   လှော်နိုင်ခဲ့ပါ၏။   လက်ထွင်မြေပဲဆန်တစ်ပြည်  ၃၀  ကျပ်၊ တစ်တင်း ၄၆၀ ကျပ်။ ဆားတစ်ပိဿာ တစ်ကျပ် ၅၀  ဟြး၊ နှစ်ကျပ်။ ထင်းတစ်ကျပ်ဖိုးဆို ပုတ်တောင်းကြီးတစ်လုံး  မထမ်းနိုင်အောင်ရတာဗျာ၊ အလုပ်သမားမရှိ၊ မိသားစု လုပ်ငန်းကလေး၊ လှော်၊ ဝိုင်းထုပ်၊ လိုက်ရောင်း။

ဟော   အခုဗျာ၊   ဆားတစ်ပိသာ    ၉၀   ကျပ်၊   မြေပဲခွံ    ကားတစ်စီး   ၁၅၀၀၀ (တစ်သောင်းငါးထောင်)၊  မြေပဲလက်ထွင်  လုံးဆန်တစ်တင်း   ၁၈၀၀၀ (တစ်သောင်းရှစ်ထောင်)   တဲ့ဗျာ။ လုပ်ငန်းသေးတုန်းက  အလုပ်သမားမရှိ၊
ကိုယ့်မိသားစုချည်း  သိပ်ကိစ္စမရှိ။ အခု  ကိစ္စရှိတယ်ဗျာ့၊ လုပ်ငန်းနည်းနည်းကြီးလာတော့ အလုပ်သမားဆိုတာ ရှိလာတယ်၊ သူတို့ရဲ့ စားဝတ်နေရေးဆိုတာ  ရှိလာတယ်။ ရပ်ထားရမလား၊ ဆက်သွားရမလား၊ အခြားလုပ်ငန်းတစ်ခုခုကိုဟြေင်းရမလား၊ အမျိုးမျိုးစဉ်းစားရတာဗျာ။

    ဟြေင်ကြီး  အကြော်ဖိုဆိုဗျာ  နည်းတဲ့လူတွေမှ  မဟုတ်တာ။  ပဲဆေး၊   ပဲကြော့၊ ပဲရွေး၊ ပဲထွတ်၊ (ရေစိမ်ထားတဲ့ပဲကြီးစေ့ကို လက်ညှိးလက်မညှပ်၍ အခွံချွတ်သည်ကို ပဲထွတ်သည်ဟုခေါ်သည်။ လက်ထွက်သည် အကြော်မှာ အလှဆုံး)၊ အလှော်သမား၊ အကြော်သမား၊ ထုပ်ပိုးထည့်သွင်း၊ ထမ်းတင်ထမ်းချ၊ အလုပ်သမားတွေ အားကြီးဗျာ၊ သူတို့အရေးဟာ ကိုယ့်အရေးပေါ့နော်၊ တကယ်တမ်းကျတော့… ။

ရွှေနားပေရဲ့အရက်ဖို  (အရက်ချက်စက်ရုံ) မှာလည်း  လူတွေ  အများကြီးပေါ့ဗျာ။ လုပ်ကိုင်လှုပ်ရှား မှီခိုအားထားနေကြတာ။ ကြီးလာလေ ကြောက်တတ် လာလေဆိုတာ အမှန်ပေါ့ဗျာ၊  လုပ်ငန်းကြီး   ကြီးလာပြီဆို   သည်လုပ်ငန်း  လည်ပတ်နိုင်အောင်ကို  မနည်း ရုန်းကန် လှုပ်ရှားကြရတာကလားဗျာ၊ လုပ်ငန်းကြီးလာလေ ပိုင်ရှင်ခေါင်းကြီးလာလေပဲဗျို့။
                           
                              မောင်ချမ်းသာ


Friday, September 21, 2018

မိုးသက်လေနှင်


 ⛈️    ဂီတနက်သံ ကိုစောညိန်း ရဲ့ လက်ရာ... မိုးသက်လေနှင်..... သီချင်းပါ။
တီးလုံး ( သီးသန့်  ) ကို လိုချင်ပါက အောက်က လင့်ခ် တွေကနေ ယူနိုင်ပါတယ်။
mp3 ဖိုင်ဆိုဒ်က 5.5 mb ရှိပါတယ် ။

picosong ကနေ ဒေါင်းနိုင်ပါတယ်

pcloud ကနေ ဒေါင်းနိုင်ပါတယ်


      ⛈️    မိုးသက်လေနှင်

တေးရေး     ဂီတနက်သံကိုစောညိန်း

◼     ( အနောက်တောင်ဆီက ရွာမည်ဟန်ပြင် မိုးသက်လေနှင် မုန်တိုင်းပင့်လျှင် စစ်မျက်နှာဖွင့် တိမ်ခိုးလွင့်ကာနှင် မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်မင် ပြိုမှာလေလား မိုးရဲ့ စိုးအောင်ခုပင် အမ္ဗုန်မောင် ဖန်အားလေတဲ့အင် )

◼     ( လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စစ်ရောင်ခြည်မျှင် ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင် ) နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင် လွမ်းအောင်ဖော်ပြ အာကာဝေဟင် ဘယ်ရှေး ၀ဋ်ကြွေးတုံ့တင် ချေပြီထင်ခဲ့ မှီခိုရာမဲ့ ရှုလှည့်မြင်လှည့်စေချင် ချစ်တဲ့သူရဲ့ ရင်ခွင် သည်မိုးမှောင်တုန်း မောင်ပုန်းစရာ့စေခင် တစ်ကိုယ်ရေ အားနွဲ့နွဲ့ တုန်ပြီရွှေဘ၀င် ငြှိုးရက်တဲ့ ဒေ၀ါဆွေနတ်ရှင် သြော် မိုးသက်လေနှင်

◼      အနောက်တောင်ဆီက ရွာမည်ဟန်ပြင် မိုးသက်လေနှင် မုန်တိုင်းပင့်လျှင် စစ်မျက်နှာဖွင့် တိမ်ခိုးလွင့်ကာနှင် မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်မင် ပြိုမှာလေလား မိုးရဲ့ စိုးအောင်ခုပင် အမ္ဗုန်မောင် ဖန်အားလေတဲ့အင်

 ◼     လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စစ်ရောင်ခြည်မျှင် ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင်  နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင် လွမ်းအောင်ဖော်ပြ အာကာဝေဟင် ဘယ်ရှေး ၀ဋ်ကြွေးတုံ့တင် ချေပြီထင်ခဲ့ မှီခိုရာမဲ့ ရှုလှည့်မြင်လှည့်စေချင် ချစ်တဲ့သူရဲ့ ရင်ခွင် သည်မိုးမှောင်တုန်း မောင်ပုန်းစရာ့စေခင် တစ်ကိုယ်ရေ အားနွဲ့နွဲ့ တုန်ပြီရွှေဘ၀င် ငြှိုးရက်တဲ့ ဒေ၀ါဆွေနတ်ရှင် သြော် မိုးသက်လေနှင်

 ◼     ( လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စစ်ရောင်ခြည်မျှင် ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင် ) နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင် လွမ်းအောင်ဖော်ပြ အာကာဝေဟင် ဘယ်ရှေး ၀ဋ်ကြွေးတုံ့တင် ချေပြီထင်ခဲ့ မှီခိုရာမဲ့ ရှုလှည့်မြင်လှည့်စေချင် ချစ်တဲ့သူရဲ့ ရင်ခွင် သည်မိုးမှောင်တုန်း မောင်ပုန်းစရာ့စေခင် တစ်ကိုယ်ရေ အားနွဲ့နွဲ့ တုန်ပြီရွှေဘ၀င် ငြှိုးရက်တဲ့ ဒေ၀ါဆွေနတ်ရှင် သြော် မိုးသက်လေနှင်

Thursday, September 13, 2018

စမ်းရေ


အေးမြဆဲ   ကြည်လင်ဆဲ
      အသည်းဖြူမလေး  " စမ်းရေ ”

  သံစဉ် တီးလုံး ( သီးသန့် ) ကို နားဆင်ချင်ပါက အောက်က လင့်ခ် တွေကနေ ရယူနိုင်ပါတယ် ။mp3 ဖိုင်ဆိုဒ်က  4.7 mb ပါ။

picosong ကနေ ရယူရန်

pcloud ကနေ ရယူရန်


         💦    စမ်းရေ   💧

တေးရေး     ကိုတင်အောင်သန်း

◼    လျှိုမြောင် အထပ်ထပ် တောတောင် အရပ်ရပ် ဖြတ်ကျော်ကူးသန်း ခရီးကြမ်းနှင်ခဲ့သော်လည်းလေ သူ့အသွင်က အေးမြကြည်လင်ပေ ငြိမ့်ငြိမ့်အေးအေး တေးဆိုညည်းရင်း စီးဆင်းလာသော စမ်းရေ စမ်းရေ

 ◼   ( တစ်ခါတစ်ရံ ခက်ထန်သော လေပြင်းမုန်တိုင်းတွ တစ်ခါတစ်လေလည်း ၀ဲကတော့ လေပွေ တစ်ခါတစ်လေတော့ မြညှင်းလေပြေ မရှောင်သာ ဆုံတွေ့ခဲ့သော်လည်းလေ စီးမြဲစီးလျက် ခရီးဆက်၍ မပျက်သော အိနြေ္ဒ အေးမြဆဲ ကြည်လင်ဆဲ အသည်းဖြူမလေး စမ်းရေ စမ်းရေ

◼    လျှိုမြောင် အထပ်ထပ် တောတောင် အရပ်ရပ် ဖြတ်ကျော်ကူးသန်း ခရီးကြမ်းနှင်လာသော ကန္တာရ ခရီးသည် တစ်ကိုယ်ရည် ချွေးပြိုက်ယိုစီး ပင်ပန်းကြီးစွာ ဆာလောင်မွတ်သိပ်နေ ဒီတစ်ကွေ့မှ တွေ့ရပါသော မြသီတာ စမ်းချောင်းအပါးမှာလေ နားနေသောက်သုံးကြသူ ရင်ဝယ်အေးချမ်းစေ အပမ်းပြေ စမ်းရေ စမ်းရေ )

Thursday, September 6, 2018

အဖြူရောင် ဂေါ့ဖားများ


🏒    အဖြူရောင် ဂေါ့ဖားများ

ဒီဇင်ဘာနှင်းမှုန်ကြားမှ အားကစားကို လိုက်စားကြကုန်သော အင်းစိန်တိုက်ဒေသရှိ သံတိုင်ကြားမှ အဖြူဝတ်လူသား တို့သည် အဆင့်အတန်းမြင့်လာသော အနောက်တိုင်းအလိုအရ ဂေါ့ (Golf) ဟုခေါ်သော ဂေါက်သီးအားကစား နည်းပညာကို ကောင်းစွာလိုက်စားတတ်မြောက်ကြကုန်သည်။
ထိုခေတ်ကာလ လူကုံထံများသာ တတ်ကျွမ်းနားလည်သည့် ဂေါက်သီးရိုက်ခြင်း နည်းစနစ်နှင့် အတတ်ပညာဥပဒေသတို့ကို လူပုံစံများဟု ခေါ်တွင်နိုင်သည့် ပုံစံနှင့်ထိုင်...၊ ပုံစံနှင့်ရပ်...၊ ပုံစံနှင့်စား...၊ ပုံစံနှင့် အိပ်သည့်သူများကို ပုံစံတကျ နည်းပညာပေး သင်ကြားသော သူသည်ကား
"ဦးရဲထွန်း" ဖြစ်သည်။
ငယ်စဉ်ကာလမှပင် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားကာ ဘွဲ့အတတ်များရယူပြီး
အင်္ဂလန်နိုင်ငံတွင်ထပ်ဆင့် ပညာအတတ်ကို တတ်မြောက်ကျွမ်းကျင်လာသော ဥပဒေပညာရှင်ကြီး ဦးရဲထွန်းသည် အစဉ်အလာကြီးမားလှ၍ ကြွယ်ဝသောမိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။
ကြက်သွေးရောင်ဘောင်းဘီကို စွပ်ကျယ်လက်ပြတ်နှင့် ကွမ်းကို တမြုံ့မြုံ့ဝါး၍ မိလ္လာခွက်ကို ကိုင်ကာ (Good morning) ဟူ၍ အလွန်ပီသသော အနောက်တိုင်းမှ ဘိုဆန်လှသော
လေသံကိုပြုကာ နှုတ်ဆက်ခြင်းဖြင့် သူ၏ တစ်နေ့တာကို စတင်မြဲဖြစ်သည်။
"ဇာဏီ မနေ့က သင်ပေးထားတာကို မှတ်မိလား"
ဟု ဦးရဲထွန်း၏ အမေးကို ဆံပင်ဘုတ်သိုက်၊ နံရိုးအပြိုင်းပြိုင်းနှင့် အပေါက်အပြဲတို့ကို သားရေကွင်းနှင့် ထုံးနှောင်၍ဝတ်ကာ ဒိုက်ထိုးနေသော စံ-ဇာဏီဘိုက မဖြေခင် ဘိုးတော်ခင်ဝင်းက ကြားဝင်၍-
"မှတ်မိတယ် ဦးရဲ... အယ်စတုန်ဆိုပြီးတော့ အဆင့်ဆင့် ကိုယ်ကိုစောင်းပြီး အလုံးကို တုတ်နဲ့ရိုက်ရမှာ"
ဘိုးတော်၏အဖြေကို ကြားလေသော် ဦးရဲထွန်းမျက်နှာ ရှုံ့မဲ့သွားပြီး-
"ဘယ့်နှယ် အယ်စတုန်ရမှာလဲ ဘိုးတော်ရာ၊ အမ် စတာ ဒမ် ဆိုပြီးတော့ ဂေါက်ရိုက်ဖို့ တိုင်ပင်ယူတာပါ"
ဟု ပြောလေသော်-
"ဦးရဲကလည်း အယ်စတုန်ဖြစ်ဖြစ်၊ အမ် စတာ ဒမ် ဖြစ်ဖြစ် အသံထွက်အတူတူဘဲဟာ၊ မြန်မာမှု ပြုလိုက်ပြီးရော"
အပြင်သို့ရောက်နေသော မင်းသားကြီး ဦးအောင်လွင်က တံမြတ်စည်းတစ်ချောင်းကို လက်နှစ်ဖက်နှင့်ကိုင်၍ ခြေစုံကားကား "အမ်" ဟု ခေါ်ကာ ခါးကိုကိုင်းကာ တံမြတ်စည်းကို မိမိ၏ရှေ့တွင် တည့်မတ်စွာထား၏။ "စတာ" ဟု အသံထွက်ကာ ခန္ဓာကိုယ်ကို ဘယ်မှညာသို့ အနည်းငယ် စောင်း၍ စုံကိုင်ထားသော တံမြတ်စည်းကို နာရီလက်တံ ဆန့်ကျင်ဘက်အတိုင်း
ခပ်ဝိုက်ဝိုက်မြှောက်၍ ဘယ်ခြေဖျားကိုထောက်၊ လက်တို့ကိုကွေး၍ "ဒမ်" ဟုခေါ်ကာနာရီလက်တံအတိုင်း ခြေထောက်ရှေ့တွင်ထားသော ကြွပ်ကြွပ်အိတ်အလုံးကြီးအား " အုန်းခနဲ" မြည်အောင်ရိုက်၏။ အဲဒါကိုကြည့်၍ "Very Good... Very Good" ဟု အာလုတ်သံကြီးဖြင့်
ဦးရဲထွန်းက ဦးအောင်လွင်အား ချီးမြှောက်၏။
ထိုခေတ်ကာလ အလွန်နာမည်ကြီးလှသော ဂေါက်သီးသမားကြီး (ဦးမြအေး)၏ ဟန်အတိုင်း မျက်နှာကို ဘယ်ဘက်သို့ ခပ်စောင်းစောင်းထား၍ လွင့်သွားသော ကြွပ်ကြွပ်အိတ်အလုံးကို ကြည့်၊
ခြေထောက်ကို ခပ်ကြဲကြဲထား၊ ဘယ်ခြေထောက်ကို ခြေဖျားထောက်၍ တံမြတ်စည်းကို ပုခုံးတွင်တင်ထားသော မင်းသားကြီးဦးအောင်လွင်၏ပုံသည် မဂ္ဂဇင်းမျက်နှာဖုံးပုံတွင် ဖော်ပြရန်ပင် ကောင်းလေသည်။
"ဟာ... ဘကြီးအောင် တယ်စတိုင်ကျပါလား"
ဟု ဘိုးတော်က လှမ်းအော်သည်။
"အိုက်တင်က တယ်မိပါလား..."
ဝိုင်းကြည့်နေသော လူငယ်များကလည်း-
"မိုက်တယ်ကွာ"
ဟု လှမ်းအော်ကြ၏။
"ဒီအိုက်တင်ကို ဘယ်လိုရအောင်လုပ်ထားလဲ"
အလွန်မျက်စိစူး၍ အတုခိုးကောင်းလှသော ရန်မျိုးသိန်းက မေးလေသော် "ဂေါက်သီးရိုက်တဲ့ အိုက်တင်က လူ (၄)ယောက်ဆီက ပုံစံယူထားတာ၊ တစ်ယောက်ဆို တော်သေးတယ်၊ အခုတော့ များလှချည်လား"
ဟု စံ-ဇာဏီဘိုက မေးလေသော်-
"ကိုဇာကြီး ဒါက ဒီလိုရှိတယ်"
ရန်မျိုးသန်းသည် စကားတစ်ခုကို ရှင်းလိုလျှင် ဒီလိုရှိတယ်ဟု အစချီလေသော်...
"ဒီလိုရှိတယ်ကြီးကို ရှင်းပါဦး"
"ခြေထောက်ကို ခပ်ကားကားရပ်ရင် ဆရာခလိုရပ်ရမှာ... ဆရာကြီး (ဦး) မင်းသိင်္ခသည် ဟာနီယာဟု အနောက်အတိုင်းအခေါ်အဝေါ်အရအူကျသည့်ရောဂါရှိပေရာ ရပ်လျှင် ခပ်ကားကားရပ်ရတယ်... ဘကြီးမိုးလို ခပ်ကုန်းကုန်းနေရတယ်"
စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူကို ဘကြီးမိုးဟူ၍ အားလုံးက ခေါ်သည်။ အရပ်ရှည်ရှည် ခါးကိုင်းကိုင်းနှင့် ပုံသဏ္ဍာန်ကို လူတိုင်းက မျက်စိထဲမြင်၏။
"ဆရာခလို ခြေကားရယ်၊ ဘကြီးမိုးလို ခါးကုန်းထား၊ ခါးစောင်းတဲ့အခါ ဦးသော်ကကြီးလို ခါးစောင်းရမှာ..."
စာရေးဆရာ ရေတပ်မှ ဗိုလ်မှူးဘသော်သည် စာရေးဆရာမောင်သော်ကဟု ခေါ်သည်။
ခါးတွင်ဒဏ်ရာရထားသဖြင့် ခပ်စောင်းစောင်းဖြစ်နေရာ အားလုံး၏ မျက်လုံးထဲတွင်
ထင်းခနဲဖြစ်သည်။
"ဂေါက်သီးရိုက်ပြီး မျက်နှာကို ခပ်မော့မော့ထားပြီး ပြုံးနေတဲ့ပုံက အဘချမ်းပုံလေ"
စာရေးဆရာကြီး မောင်စူးစမ်းအား အားလုံးက ချစ်စနိုးဖြင့် အဘချမ်းဟူ၍ ခေါ်ကြသည်။
"ကဲ ဂေါက်သီးရိုက်တယ်ဆိုတာ ဆရာခလို ခြေကားကား၊ ဘကြီးမိုးလို ခါးကုန်းကုန်း၊ ဦးသော်ကလို
ခါးစောင်း စောင်း၊ ဂေါက်သီးရိုက်ပြီးတာနဲ့ အဘချမ်းလို ပြုံး"
"ဟာ... ဒါဆိုရင် အမ် စတာ ဒမ် လို့ မအော်တော့ဘူး၊ ခ မိုး သော် ချမ်းလို့အော်ပြီး ဂေါက်ရိုက်မယ်"
ဟု ကျောင်းသားလူငယ် မင်းဇေယျာမှ  ဝင်ပြောလေသော် အားလုံး  သဘောကျသွားလေတော့သည်။
ဂေါက်ရိုက်တံမြတ်စည်း
ဂေါက်သီးအဖြစ် သုံးစွဲသော ကြွပ်ကြွပ်အိတ်သည် အခက်အခဲမရှိ ရကြသည်။
ထိုကြွပ်ကြွပ်အိတ်ကား ဂေါက်သီးအဖြစ်ရိုက်ရန် ဂေါက်ရိုက်တံမြတ်စည်းသည် ပြင်ပလောက ဂေါက်ရိုက်တံ (Golf Stick) ထက်ပင် ရှားပါးပေလိမ့်မည်။
တံမြတ်စည်း တစ်ခုအား သုံးစွဲလေသောအခါ တံမြတ်စည်းစတို့သည် တဖြေးဖြေးတိုဝင်၏။
ထို့နောက် နှုတ်ခမ်းမွှေးကဲ့သို့ တစ်ဖက်တစ်ချက် ခပ်ကော့ကော့သာ ရှိကြ၏။ သို့သော် ဂေါက်ရိုက်သည့် တံမြတ်စည်းသည် နှုတ်ခမ်းမွှေးတစ်ဖက်သာ ရှိရမည်။ ဤသို့သော တံမြတ်စည်းမျိုးရရန် နှစ်ပေါင်းများစွာ စောင့်မှသာ ရရှိမည်။ ၎င်းတံမြတ်စည်းရိုးကာ Hocky Stick
အဖြစ်လည်းကောင်း၊ Golf Stick အဖြစ်လည်းကောင်း ထည်လဲသုံးလို့ရသည်။ (၃)တိုက်တွင် တံမြတ်စည်း (၂)နှစ်ချောင်းရှိ၏။ တစ်ချောင်းသည် ဘကြီးအောင်(ဦးအောင်လွင်) မှ ပိုင်ဆိုင်သည်။
ကျန်တစ်ချောင်းသည် ကြိုးသမား ခွေးတူ ဝက်တူ လှသိန်းထံမှ နွား (မကျင်လှ)အလိပ် (၂၀)နှင့် ဝယ်ယူထားခြင်းဖြစ်သည်။ စံ-ဇာဏီဘိုမှ ပိုင်ဆိုင်၏။ ဤဂေါက်သီးရိုက်သည့် တဖက်ကော့ မြက်တံပျက်စည်းကို ငှားရမ်းခြင်းဖြင့် အတော်စီးပွားဖြစ်နေ၏။ ထောင်တွင်းဗေဒင် ဟောခြင်းထက်ပင် ပို၍စီးပွားဖြစ်သည်။ ဟန်ကျနေ၏။ ထိုဒေသတွင် စံ-ဇာဏီဘိုတွင် ဗေဒင်မေးက
မကျင်လှ (နွားဆေးလိပ်) ပေးရ၏။
ဂေါက်သီးရိုက်တံ ငှားရမ်းသည်ကား တစ်မောင်းဆိုက ၁-လိပ်၊ ၂-မောင်း ဆိုက ၂-လိပ်၊ ၃-မောင်းဆိုက ၃-လိပ်၊ လေးမောင်းဆိုက ၄-လိပ်ရ၏။ အင်းစိန်ဒေသတွင် ၁၅-မိနစ်တွင် တစ်မောင်းတီး၏။ မိနစ် ၃၀-တွင် နာရီတစ်ချက်ထိုးသော် ၂-မောင်းဟူ၍ သတ်မှတ်၏။ သံချောင်း ၃-ချက်ခေါက်သော် ၃-မောင်းဆိုသည့် ၄၅-မိနစ်ကြာသည်။ သံချောင်း ၄-ချက်တီးသောအခါ မိနစ်
၆၀ ကြာ၏။ ၁-နာရီ ဖြစ်၏။ ဤသို့ တစ်နာရီကြာက နွား (မကျင်လှ) ဆေးလိပ် ၄-
လိပ်ဝင်ခြင်းကြောင့် ရက်ပိုင်းအတွင်း ဂေါက်ရိုက်သော တံမြတ်စည်းတုတ်၏ အရင်းကြေကာ အမြတ်များထွက်၍ ထပ်မံ၍မှာကြားရန်ပင် အခြေအနေ ပြည့်ပြည့်စုံစုံရှိ၏။ စံ-ဇာဏီဘို ငှားရမ်းခမတောင်းရဲသောသူ တစ်ဦးသာရှိ၏။ သူ၏ဆရာ မင်းသိင်္ခမှ ယူငင်သုံးစွဲလေသော် တံမြတ်စည်း ဂေါက်ရိုက်တုတ်ကို ပေးရုံသာမက ဆေးလိပ်ကိုပါ ပေး၏။
ဆရာခသည် ဂေါက်သီးရိုက်ခြင်းအပေါ် လွန်စွာစွဲမက်နေ၏။
"ဒီမှာ ကိုယ့်လူ I Say မောင်ရဲ ဂေါက်သီးရိုက်တာကို အတော်ကြိုက်သွားပြီ၊ အပြင်
ပြန်ရောက်ရင်တော့ ဆားပုလင်းနှင်းမောင်ကို ဂေါက်သီးရိုက်ခိုင်းမယ်... စာရေးရင် တစ်နေ့သ၌ ဆားပုလင်းနှင်းမောင်သည် နှင်းတောင်စီးကရက်ကိုခဲ၍ မျက်လုံးကို ခပ်မှေးမှေးထားကာ ဂေါက်သီးကို ကြည့်လျက် စနစ်တကျ ဂေါက်ရိုက်တံကိုကိုင်ကာ အစချီပြီး ရေးပစ်မှာ"
ဟုပြောရင်း အောက်တွင်ရှိသော ကြွပ်ကြွပ်အိတ်ကို လှမ်းရိုက်၏။ ဂေါက်တံသည်
လေထဲကိုဝဲမြှောက်တတ်သွားသည်။ ဂေါက်သီးကိုမထိ။ ထိုသို့ ဆရာခ လွဲချော်သွားသည်ကို ကြည့်၍ ဆရာဦးရဲက တဟားဟားရယ်ကာ-
"မောင်ခ ဒီလိုရိုက်လို့မရဘူးလေ၊ မောင်ရင့်ဗိုက်ပူကြီးက ရှေ့ခံနေတော့ ဘောလုံးကိုငုံ့ကြည့်လို့ ဘယ်မြင်ရမလဲ"
ဦးရဲထွန်းနှင့် ဆရာကြီး မင်းသိင်္ခတို့သည် အပြန်အလှန် ရင်းနှီးကြ၍ မောင်ခ၊ မောင်ရဲဟုပင် ကျီစယ်နောက်ပြောင်ခေါ်ဝေါ်ကြ၏။
"ခက်တာမှတ်လို့... ဗိုက်ခံနေလည်း ဘောလုံးရှေ့တိုးရိုက်ရုံပေါ့"
ရှေ့သို့တိုးကာ ဂေါက်သီးကို ရိုက်၏။ ကုန်း၍မရသဖြင့် လွဲပြန်၏။
"မောင်ခ မင်း ဒီဗိုက်ကြီးကို ဝိတ်လျော့ရမယ်"
ဟု ဦးရဲထွန်းက ဝေဖန်၏။
"ဒီမှာမောင်ရဲ ဒီလိုဗိုက်မျိုးက ကိုယ်နဲ့ ကောသလဘုရင်ကြီး ဒီနှစ်ယောက်မှာသာ ရှိတာ"
ဟု ပြောကာ ရယ်မောကုန်၏။
"အဆိုရှိတယ် မောင်ရဲရ"
"ဘယ်လိုအဆိုလဲ ပြောပါဦး မောင်ခရာ"
"မိန်းမဆို ပန်းပန်၊ ယောက်ျားဆို ဝမ်းခံဆိုတာ မကြားဖူးဘူးလား... မိန်းကလေးတွေက ပန်းပန်ရင် သိပ်လှတာ... နဂိုအလှထက်ပိုပြီး လှကျက်သရေတိုးတာ... ယောက်ျားတွေက ဗိုက်က ခပ်ရွှဲရွှဲနဲ့မှ
ခန့်ညားတာ၊ စတိုင်လ်ကျတာ"
ဟု ဆရာခ စကားကြားရ၏။
"ဟိုကောင် ဇာဏီကို ကြည့်၊ နံပိန်ပိန် ဗိုက်ကပ်ကပ်နဲ့ ယှဉ်လိုက်စမ်းပါ"
ဟူ၍ စံ-ဇာဏီဘိုအား ဆွဲယူကာ သူနှင့် ယှဉ်ပြသည်။ အမှန်ပင် ဆရာမင်းသိင်္ခသည်
ပြည့်ပြည့်ဖြိုးဖြိုးနှင့် လွန်စွာခန့်ညားသည်။ စံ-ဇာဏီဘိုသည်ကား ညှင်းသိုးသိုး ပိန်ကပ်ကပ်နှင့် ဗိုက်က အတွင်းသို့ချိုင့်ဝင်နေ၏။ ဧကရာဇ်နှင့် သူဖုန်းစားပမာ ကွာခြားလှ၏။
"ဟာ ဆရာခကလည်း မဟုတ်သေးဘူးလေ... ဒီလိုရှိတယ်"
ရန်ကြီးက ထုံးစံအတိုင်း အထွန့်တက်၍-
"ပိန်ရင် အလုပ်မရှိရင် အပြင်မှာ ရှာစားလို့ရတယ်။ ကိုဇာကြီးက အပြင်ထွက်လို့
ဗေဒင်မဟောရရင်တောင် ရှောက်သီးဆေးပြား ရောင်းလို့ရတယ်၊ ဗိုက်ပြားပြားလေးဆိုတော့ ပိုကောင်းသွားတာပေါ့။ တင်ပါးမှာ တင်တုထည့်၊ ရင်သားမှာ ရင်တုတည့်၊ ရေမြှပ်နဲ့ ဘော်လီဝတ်၊ မိန်းမလိုဝတ်လိုက်ရင် ဂေါ်ရင်ဂျီကုလားမလောက်တော့ ရုပ်ထွက်တယ်။ ဗိုက်ပူတဲ့ ဆရာခက အဲဒီအတုတွေနဲ့ ဝတ်လို့ဘယ်ရမလဲ"
ကပ်သီးကပ်သတ်ပြောသော ရန်ကြီးစကားအား ဆရာခကြားလေသော် တဟီးဟီးရယ်မော၏။
"ငါက ဇော်ဂျီလိုဝတ်ပြီး လျှက်ဆားရောင်းရင် အတော်စီးပွားဖြစ်မှာ"
ဟု ရယ်မောကာ ပြော၏။ ထိုစဉ် ဝါဒါခင်မောင်အေး ရောက်ရှိလာ၍ ဖြူဖွေးလှပသော
ဂေါက်သီးဘောလုံးအား ဦးရဲထွန်းအား ပြ၏။

ထောင်ဝါဒါ အတော်များများတွင် ခင်မောင်အေးသည် အခြားဝါဒါများနှင့်မတူ အလွန်
သွေးကြီးသောသူ ဖြစ်သည်။ ဆေးပေါ့လိပ်မသောက်၊ စီးကရက်ကိုမှ ဖွာသည်။ ထိုခေတ်ကာလ ပေါ်ပေါက်သော ဇင်းဇင်းစီးကရက်ကိုပင် မဖွာ။
ငါးသုံးလုံး စီးကရက်ကိုမှ သောက်သည်။ ကြော့နေအောင်နေသည်။ လူကုံထံ သူဌေးတို့၏ အမူအကျင့်ကို အတုယူ၍ နေထိုင်ပြောဆိုသူဖြစ်သည်။ ဦးရဲထွန်း၏ ဂေက်သီးရိုက်ခြင်း သင်တန်းတွင် အလွန်တက်ကြွစွာ အကျဉ်းသားမဟုတ်ဘဲ တက်ရောက်ခွင့်ရှိသော ဝါဒါဖြစ်သည်။
စင်ကနယ်၊ 92၊ 45 အစရှိသော ကုလားဆေးမွှေးတို့ထည့်၍ ယာထားသော ကွမ်းယာကို ထောင်တွင်းသို့ သွင်းယူကာ ဦးရဲထွန်းအား တံစိုးလက်ဆောင်ပေး၍ ဂေါက်ရိုက်ပညာကို သင်ကြားသူ ဖြစ်သည်။
"ဖက်တီး... မင်း ဒီဂေါက်သီးကို ဘယ်ကရတာလဲ"
ဝါဒါခင်မောင်အေးသည် အနည်းငယ် ဝဝဖိုင့်ဖိုင့်ရှိပေရာ ဖက်တီး ခင်မောင်အေးဟူ၍လည်းကောင်း အများက ခေါ်ကြ၏။
"ဒညင်းကုန်းဂေါက်ကွင်း ချုံကြားက ကောက်လာတာ"
ဦးရဲထံမှ ဂေါက်သီးကို ဟိုလူက ယူကြည့်၊ ဒီလူက ယူကြည့်နှင့် အလွန်သဘောကျလှသည်။
ကြွပ်ကြွပ်အိတ်အလုံးအား ဂေါက်သီးသဖွယ် ရိုက်ခြင်းခေတ်ကာလကား ကုန်ဆုံးပြီ။
ဂေါက်သီးအစစ်နှင့် ရိုက်ခြင်းဖြင့် ပိုမိုထည်ဝါမှု ရှိလာပြီဟူ၍ အားလုံးက ယူဆကြကာ ဂေါက်သီးကိုတည်၍ တံမြတ်စည်းနှင့် ရိုက်သည်။ ခပ်လေးလေးရှိသည့် ဂေါက်သီးသည် တစ်စက်မှမရွေ့။ ဂေါက်သီးကို တံမြတ်စည်းနှင့် လှည်းသည့် အလားရှိသည်။ ခပ်ပျော့ပျော့ တံမြတ်စည်းကြားတွင် ဂေါက်သီးသည် အိနြေ္ဒရှိလှ၏။ ဟိုလူရိုက်ကြည့်၊ ဒီလူရိုက်ကြည့်နှင့် နောက်ဆုံး ဂေါက်သီးလုံးအစစ်ကို ဖယ်ကာ ကြွပ်ကြွပ်အိတ်အလုံးကိုသာ ပြန်ရိုက်ကြရပြန်သည်။
ဂေါက်သီးစစ်စစ်သည် အင်းစိန်တိုက်သား ဂေါက်သမားများအတွက် စိုးစဉ်းမျှ အသုံးဝင်ခြင်းမရှိပေ။

🏒   ဂွင်ပျောက်သော တံမြတ်စည်း

"ခွေးရူးကောင်းစား တမွန်းတည့်"
ဟူသော စကားသည်ကား မှန်လှသည်။ တံမြတ်စည်းဂေါက်ရိုက်တံကား ငှားရမ်း၍ နွား (မကျင်လှ)
ဆေးလိပ်အပေါ်၌ ဖင်ခုထိုင်နေသော စံ-ဇာဏီဘို၏ ဘဝမှာ သမုဒ္ဒရာထက် ရေပွတ်ပမာ ခဏတာတည်း။ တံမြတ်စည်း ဂေါက်ရိုက်တံ ငှားရမ်းရသည်မှာ လွန်စွာတွက်ချေကိုက်ပေရာ တစ်ချောင်းမကရှိက ပို၍ တွက်ခြေကိုက်မည်ဟုထင်၍ အရိုးမာဟု အမွှေးအလွတ် တဖက်ကောက်
နှုတ်ခမ်းမွှေးပါးပါး မြတ်တံမြတ်စည်းအား ၁-တိုက်၊ ၂-တိုက်၊ ၄-တို၊ ၄-ရှည်၊ ၅-တိုက်၊ ၆-တိုက် တို့သို့ အဝယ်တော်လွှတ်ကာ တံမြတ်စည်းတစ်လက်အား ဆေးပေါ့လိပ် ၂၀-နှင့် ဝယ်ယူလေသော် တံမြတ်စည်း ၆-လက်ရ၏။
မူလရှိရင်းစွဲနှင့် ပေါင်းလေသော် တံမြတ်စည်းသည် ၇-လက်ဖြစ်လာ၏။ အခါအတိုင်း ၁၅-မိနစ် တစ်မောင်းလျှင် ဆေးပေါ့လိပ် ၁-လိပ်ဝင်ငွေရှိ၍ ယခု ၁၅-မိနစ် တစ်မောင်းတွင် ဆေးပေါ့လိပ် ၇-
လိပ်ဝင်ကာ လွန်စွာဟန်ကျနေ၏။ ဂေါက်သီးလုံးအစစ် တိုက်တွင်းသို့ ရောက်ရှိလာသည့် အချိန်၌
တံမြတ်စည်းနှင့် ထိုဂေါက်သီးအား ရိုက်၍မရသောကြောင့် နဂိုအတိုင်းပင် ကြွပ်ကြွပ်အိတ်နှင့် တံမြတ်စည်း နှစ်ပါးသွားကြသည်။ ၁၅-မိနစ်လျှင် ဆေးပေါ့လိပ်တစ်တိုင် မပေးနိုင်သော ဘိုင်ကောင်များဖြစ်သည့် ရင်ထွေး၊ တင့်ဆန်း၊ ရန်ကြီးစသည့်လူငယ်တို့သည် ဂေါက်သီးလုံးကိုယူ၍
ဂေါ်လီရိုက်တမ်းကစား၏။ ၃-ကြွင်းစိမ်တမ်း ကစား၏။ ဆေးလိပ်တိုကို ထောင်၍ ပစ်ကြကုန်၏။
"တောက်... နိုင်ငံခြားကလာတဲ့ ဂေါက်သီး အင်းစိန်တိုက်ထဲရောက်မှ ပေသီးဖြစ်တော့တယ်"
ဟု ဦးအောင်လွင်က ဆို၏။
အရာရာအပေါ် စနစ်တကျ တီထွင်တတ်သော ဦးအောင်လွင်သည် ၃-တိုက်နှင့် ၂-တိုက်အကြားရှိ သရက်ပင်ကြီးမှ ကိုင်းတစ်ကိုင်းကို အမြဲဆင်းထောင်ကျ မျောက်ဖိုးစိန်အား တတ်ရောက်ချိုးစေသည်။ ဖောက်ထွင်းခိုးမှုဖြင့် ထောင်ကျလာသော ဖိုးစိန်သည် မျောက်နှင့် ရုပ်ဆင်သည်။ ခြေလက်တို့သည်လည်း ဆင်သည်။ မျောက်တစ်ကောင်အလား ဟိုဟိုဒီဒီ တွယ်ကပ်၍ ဆင်းနိုင်သည်။ ဆေးပေါ့လိပ် ၅-လိပ်ပေး၍ သရက်ကိုင်း ခပ်စိုစို ခပ်ဖြောင့်ဖြောင့်တစ်ချောင်းအား သွားရောက်ချိုးစေ၏။ ထို့နောက် ခေါင်မိုးသွပ်ပြားမှ ချိုးယူထားသော ဓားနှင့် အချိန်ယူကပ်ကပ်၍ ဂေါက်သီးရိုက်တံပုံစံအားလှီး၍ တစ်ဖုံခြစ်၍
တစ်မျိုးထွင်း၍ တလီ အချိန်ယူ၍ တီထွင်လေ၏။
"ဘကြီးအောင် သွားကြားထိုးတံလုပ်နေတာလား" ဟု လူငယ်များက နောက်၏။ "ဝီ" ဟု၍လည်း အော်ကြကုန်၏။ မြန်မာရိုးရာ ဟာသပုံပြင်ထဲ၌ လှော်တက်ကိုလုပ်ရင်း ဟင်းမွှေယောင်းမ, ဖြစ်၊ ထိုမှတစ်ဖန် တုတ်တိုဖြစ်၍ လွှင့်ပစ်သောအခါ
"ဝီခနဲ" အသံမည် ပုံပြင်ဖြစ်စဉ်ကို ကိုးကား၍ နောက်ပြောင်ကြခြင်းဖြစ်သည်။
"အဲဒီ ဝီ တုတ်ကြီးဘဲ မင်းတို့ကစားဖို့ လုပ်ပေးမှာ"
ဟုပြောကာ သရက်ကိုင်းအား သင်းသပ်ထွင်းထု၍ ကြွပ်ကြွပ်အိတ်ကြိုး ထိုးထားသည်နှင့် ချည်နှောင်၍ အလွန်လှပသပ်ရပ်သော ဂေါက်တံဖြစ်လာ၏။ ဂေါက်သီးလုံးကိုယူ၍ သစ်သားနှင့် ခွက်သဏ္ဍာန်ပြုလုပ်ထားသည့် အပေါ်တင်ကာ ဂေါက်ရိုက် သစ်သားထုတ်နှင့် ရိုက်လေသော်
"ဒေါက်... ဝှီး"။ ဂေါက်သီးနှင့် တုတ်တံ တည့်သွားပြီဖြစ်သည်။ အားလုံးက ဝိုင်းဝန်း၍
လက်ခုပ်တီးကြသည်။
ဂေါက်သီး ၂-လုံး ဂေါက်တံတစ်ချောင်းနှင့် ဝရုန်းသုန်းကား ဖြစ်နေကြသည်။ ကွပ်ကြွပ်အိတ်နှင့် လုပ်ထားသော ဂေါက်သီးသည်လည်းကောင်း၊ တံမြတ်စည်းနှင့် ပြုလုပ်ထားသော ဂေါက်ရိုက်တုတ်အားလည်းကောင်း မည်သူကမျှ မျက်စောင်းပင် ထိုး၍မကြည့်။ မည်သူကမျှ တံမြတ်စည်း တုတ် စံ-ဇာဏီဘိုဆီ လာမငှားတော့။ တံမြတ်စည်းတုတ် ငှားရမ်းသောဂွင် ပျက်ရလေတော့သည်။
"ဟေ့ကောင် ဇာဏီ မင်းဘာဖြစ်နေတာလဲ"
ဟု ဆရာခက တံမြတ်စည်း ၇-ချောင်းနှင့် ယောင်စင်းစင်းကြီးဖြစ်နေသော ဇာဏီဘိုအား လှမ်းအော်မေးသည်။
"ဆရာစဉ်းစားကြည့်၊ တံမြတ်စည်းတစ်ချောင်းကို နွားဆေးလိပ် အလိပ် ၂၀၊ ၇-ချောင်းဆိုတော့ ဆေးလိပ် ၁၄၀။ ကဲ ဘယ်လောက်နှမြောဖို့ကောင်းလဲ။ ဒီနေ့ ဖိုကြီးပေါက်ဈေး ကြက်ဥတစ်လုံး နွား ၂-လိပ်ဆိုတော့ ပုံစံစောင်တစ်ထည် နွား ၂၀၊ ကြိုးပုတီး ၁-ခု နွား ၁၀-လိပ်၊ ဘယ်လောက်
ရှုံးထားလဲ"
"မင်း တစ်မောင်းကို ၁-လိပ်နဲ့ငှားစားတဲ့ ဆေးပေါ့လိပ်တွေရော..."
"ကုန်ပြီလေ ဆရာရဲ့... တံမြတ်စည်းတုတ်ရဖို့ ရင်းတာကတစ်မျိုး၊ ဟိုလူ့တိုက် ဒီလူ့တိုက်နဲ့ အခုတောင် ဒီတစ်တိုဘဲ ကျန်တော့တာ..."
ဟု အစီခံနားကပ်နေသော ဆေးလိပ်တိုကိုပြပြီး ညည်းလေသော်-
"ဟေ့ကောင်ရာ ဒါများ ညည်းမနေပါနဲ့တော့"
ဟု ဆိုကာ တံမြတ်စည်းအစည်းကို မြေသို့ချ၊ ညာခြေနှင့်နင်း၍ မျက်စိမှိတ်ကာ "အုမ်"ဟူ၍ ၃-ကြိမ် ရွတ်၏။ ဆရာ မင်းသိင်္ခ၏ "အုမ်" ရွတ်ပုံသည် အသံထွက်နှင့်လည်း ညီ၏။ ရင်ခေါင်းသံလည်းပါ၏။

"အုမ်ကို တစ်ညလုံးရွတ်မှာ။ ဒီဇင်ဘာ ၂၅-ရက်မှစပြီး ညလုံးပေါက်ရွတ်မှာ"
ဟုဆိုကာ တံမြတ်စည်းတို့ကို ဆောင့်ကန်ထွက်သွားသည်။ ဆေးလိပ်လည်းကုန်၊
ထပ်မံဝယ်စရာလည်းမရှိ၍ အိပ်ငိုက် စိတ်ညစ်နေဆဲ။
"ကိုဇာကြီး၊ ကိုဇာကြီး"
ဟု ခေါ်သံကြား၍ လှည့်ကြည့်သော် ၄-တိုက်မှ အမြဲဆင်း ကရင်လေးကို တွေ့ရ၏။
"၄-တိုက်မှာ အဘတော်ဘုရားလေး ဦးအရိုင်းတို့ကို အန်ကယ်ဂျွန်က ဂေါက်သီးရိုက်တာ သင်ပေးမလို့၊ အဲ့ဒါ ဂေါက်သီးရိုက်တဲ့ တံမြတ်စည်းရောင်းဖို့ ကိုဇာကြီးမှာ ရှိတယ် ဆိုလို့"
"မင်းတို့ အန်ကယ်ဂျွန်က လေယာဉ်ပဲမောင်းတတ်တာ၊ ဂေါက်သီးရိုက်တတ်လို့လား"
တံမြတ်စည်းတုတ်များ ရောင်းရမည်ကို ရင်ထဲမှ ဝမ်းသာနေတာကို ဖုံးကာပြောရ၏။
"အန်ကယ်ဂျွန်က ဦးရဲထက်တောင် တော်သေး"
"မင်း ဦးရဲကြားသွားလို့ သေဦးအုန်းမယ်။ ကဲ မင်းဘယ်လောက်ပေးမလဲ"
"တစ်ချောင်းကို နွား အလိပ် (၂၀)နဲ့ ဝယ်ထားမှန်းသိတယ်။ ရှားပါးပစ္စည်းမို့ (၂၅)လိပ်နဲ့ ဝယ်မယ်"
ဟုပြော၏။
စံ-ဇာဏီဘို ရင်တလှပ်လှပ်ဖြစ်သွားသည်။ အရင်းပါပြန်ရမည့်အပြင် (၅)လိပ်ပင် မြတ်သေး၏။
"ဘယ်နှစ်ချောင်းယူမှာလည်း"
"အကုန်ယူမှာ"
"ဟုတ်လို့လား သွားမေးလိုက်ဦး"
ကရင်လေး ပြန်သွားသည်။ ပြန်မှလာပါ့မလားဟု ရင်တလှပ်လှပ်ဖြစ်နေသော စံ-ဇာဏီဘိုသည်
ခရာခ ရွတ်သည့် အတိုင်း "အုမ်" ကို ရွတ်လေသော် သူ့အသံသည် တစ်ခုခုဖြစ်နေသည်။
"ကိုဇာကြီး ရော့ဆေးလိပ် တံမြတ်စည်းပေး"
ဟူ၍ အသံကြား၍ မျက်လုံးကို ဖွင့်ကြည့်လေသော် ဆေးလိပ်များကို တွေ့ရ၏။ ဆေးလိပ်(၅၀)စီးက
(၃)စီး၊ (၂၅)လိပ်စီးက တစ်စီးတွေ့ရ၏။ ဆေးလိပ်စည်းပေါ်မှ နွား (မကျင်လှ) တံဆိပ်က ကြော့သား။
"ရော့ ဂေါက်တံ တံမြတ်စည်း (၇)ချောင်းယူသွား။ ဒီကြွပ်ကြွပ်အိတ် ဂေါက်သီးလုံးတွေပါ အဆစ်ယူသွားလိုက်"
ဆရာခ၏ "အုမ်" သည် အလွန်စွမ်းလှပေသည်။
ံ-ဇာဏီဘိုသည် ဆေးပေါ့လိပ်အထုတ်တို့ကို မ၍ တိုက်-၃၊ အခန်း-၁၃တွင်ရှိသော ဆရာခဆီသို့သွားလေသော် အရှေ့ဘက်နံရံသို့ မျက်နှာမူ၍ တပလ္လင်ခွေထိုင်၍
မျက်လုံးများမှိတ်ကာ "အုမ်" ဟူ၍ ရွတ်ဆိုနေသော အသံကိုကြားနေရသတည်း။

ချမ်းမြေ့မေတ္တာတုံ့ပြန်ပါသည်။
                                    စံ-ဇာဏီဘို

သနားမိတယ်ရှင်


🎭       သနားမိတယ်ရှင်

        ကျွန်မက ပျော်ပျော်နေတတ်တော့ မေးရင်လည်းဖြေ ၊ နောက်ပြောင်ရင်လည်းရယ် ၊ ပြောစရာရှိရင်လည်း ရဲရဲပဲ။
        ကူညီ စရာရှိလည်း သွက်သွက်ဆိုတော့ ပတ်ဝန်းကျင် မှာ ယောက်ျား  ၊ မိန်းမ အားလုံး နဲ့ ရင်းနှီး ချစ်ခင်  တာပေါ့။
        တစ်နေ့တော့ ကျွန်မတို့နဲ့ တစ်လမ်းကျော်မှာနေတဲ့ အဒေါ်ကြီးတစ်ယောက်က သူ့အထည်ဆိုင်မှာ အကူရောင်းဖို့ စကား ကမ်းလှမ်းလာပါတယ်။ကျွန်မရဲ့ သွက်လက်တာကို သဘောကျလို့ဆိုပြီး အောင်လက်မှတ် ပေးပါတယ်။
        ကျွန်မက ကျောင်း နေတာက ရှစ်တန်းတောင် မအောင်ဘူး။အဖေက စာရေးကြီးဘဝနဲ့ မိသားစုကို ထောက်ပံ့ နေရတာ။အမေကတော့ သမီးသဘော ၊ အဖေက ဗဟုသုတ ဖြစ်လုပ်ချင်လုပ်လို့ ပြောပါတယ်။ရှေ့ရေးတွေးတော့ ကျွန်မ ဘာလုပ်မရလဲ ၊ ရရစားစားဘဝနဲ့ သူလိုကိုယ်လို ဘာလိုလိုနဲ့ ဘဝသွားနေရမလား။
        ကျွန်မ အထည်ဆိုင်မှာ အရောင်းစာရေးမ လုပ်လိုက်ပါတယ်။ အရောင်းစာရေးမ လို့ ခေါ်တာက ရောင်းတဲ့ မိန်းကလေးဆိုတာ နဲ့စာရင် စာရေးမ တပ်လိုက်တော့ ဟိုလိုဒီလိုပေါ့ရှင်။
        အထည်ဆိုင်ပိုင်ရှင် အဒေါ် ကြီးနဲ့ မနက် ဈေးကို အတူသွားကြရပါတယ်။ ဆိုင်သိမ်းပြီးမှ အတူတူပြန်ရပါတယ်။ မနက်စာ အဒေါ်ကြီးနဲ့ အတူတူ စားရပါတယ်။
        ရောင်းတဲ့ ဈေးနှုန်းကို ဘယ်ဟာက ဘယ်လောက်ဆိုတာ သင်ပေးပါတယ်။ပြီးတော့ ငါးဆယ်တန်ရင် တစ်ရာလောက်ပြော ၊ တစ်ရာ တန်ရင် တစ်ရာ့ ငါးဆယ်ကျော်ပြော ဈေးဆစ်ရင် တဖြည်းဖြည်းနဲ့လျှော့ ၊ မူလဈေးထက်ပိုပြီး မ လျှော့နဲ့ မူလဈေးဆိုရင် ငါးကျပ် ၊ တစ်ဆယ် မြတ်သေးတယ်။
        အဲဒါနဲ့... ကျွန်မ လည်း အရောင်းသင်ရင်း ၊ ဈေးနှုန်းမှတ်ရင်း ၊ အဒေါ် ကြီး ပြောပုံ ၊ ဆိုင်နီးနားချင်း ပြောပုံ တွေ ကြည့်ပြီး ရောင်းလာလိုက်တာ တစ်ပတ်အကျော်မှာ ကျွန်မ ဟာ ကောင်းကောင်း ရောင်းတတ်နေပါတယ် ။ နဂိုက သွက်သွက်ဆိုတော့ ဝယ်သူလာရင် လက်မလွတ်အောင် ဆောင်ရွက်နိုင်တာပေါ့။
        များသောအားဖြင့် မိန်းမ တွေလာဝယ်ရင် ဈေးဆစ်တယ်။ အမျိုးမျိုး ယူပြီးပြရတယ်။ ကလေးမ ၊ အပျိုဖြန်းတွေဆိုရင် ဒါလောက်မဆစ်ဘူး ။ မိန်းမကြီးဆိုလေ စကားအပိုတွေ ပြောရလေပဲ ။
        ယောက်ျားတွေ လာရင်တော့ ကျွန်မ ဆိုင်မှာ ဘယ်တော့မှ မဝယ်ဘဲ မသွားဘူး။ သူတို့်ကို အစ်ကိုတန်ရင် အစ်ကို ၊ အစ်ကို ကြီးတန်ရင် အစ်ကို ကြီး ၊ ဦးလေး တန်ရင် ဦးလေး လို့ ခေါ်တယ်။ ဘယ်လောက် ကြီးကြီး ကျွန်မက ဦးလေး ထက် ပိုတက်ပြီး မခေါ်ဘူး။ ဒါမှ ယောက်ျားတွေ ဟာ စစချင်း ကြွေကျလာတာ။
        ယောက်ျားတွေ လာဝယ်ရင် အချိုဆုံး ၊ ပြီးတော့ အသာဆုံး ၊ အသာဆုံး ဆိုတာ သိပ်ပြီး အရေးကြီးပါတယ် ။ မိန်းကလေးက သာသာယာယာ ပြောရင် သုတို့ ဖိုဓာတ်က အလိုလို ပြတ်ကျချင်တာ။ အဲဒါကြောင့် ချိုချို  သာသာနဲ့ `` အစ်ကို  ၊ အစ်ကို ကြီး ၊ ဦးလေး ဘယ်အဆင်များ အလိုရှိပါသလဲ ကြိုက်ရာအဆင် ရပါတယ်ရှင် " လို့ စဆိုလိုက်တာပဲ။
        သူတို့ကြိုက်တဲ့ အဆင်အရောင်တွေ့ရင် သူနဲ့ကပ်ကြည့် ဟာ...အစ်ကို ၊ ဦးလေး ကံကောင်း တာပဲလို့ပြောပြီး ဈေးမေးတဲ့အခါ တစ်ခွန်းတည်းပဲ ပြောလိုက်ပါရစေ ဆိုပြီး ငါးဆယ်တန် တစ်ရာ ပြော ၊ တစ်ရာ တန် နှစ်ရာပြော ၊ နောက်ဆုံး ဈေးပါလို့ပြောရင် ယောက်ျားခမျာတွေဟာ သနားစရာပါပဲ။ ပေးဝယ်သွားတာပဲ ၊ ရွယ်တူဆိုရင် ပြုံးပြီး မျက်စပစ်သွားလိုက်သေးတယ်။
        အဲဒါကြောင့် ဆိုင်ရှင် အဒေါ် ကြီးက ကျွန်မကို သိပ်ပြီး သဘောကျတာပဲ ၊ ကြည့်လေ တစ်ထည်ကို ငါးဆယ် တစ်ရာမြတ်ရင် တစ်နေ့မှာ ကျွန်မ ဈေးခေါ် ဈေးဆိုကောင်းလို့ အနည်းဆုံး အထည် ငါးဆယ်လောက် ရောင်းရတော့ ဘယ်လောက်မြတ်လဲ။ တစ်လကုန်တော့ ကျွန်မကို လခ တစ်ရာ ပေးပါတယ်။
        ဖေဖေ ၊ မေမေ တို့ကို ကန်တော့ လိုက်တော့ မိဘနှစ်ပါးဟာ သိပ်ပြီး ဝမ်းသာသွားတာပဲ။ ကျွန်မ လည်း နေ့တိုင်း ဆိုင်ရှေ့မှာ ယောက်ျား တစ်ယောက်လာရင် ငါတော့ ချူလိုက်ဦးမဟဲ့ဆိုပြီး ပျော်သွားတာပဲ။
        ကြာလာတော့ ကျွန်မ ယောက်ျားတွေ ကို သိပ်ပြီး သနားလာတယ်။ သြော် သူ့ခမျာတွေ ယောက်ျားရင့်မကြီးဆိုပြီး အထင်ကြီးလိုက်ရတာ အချိန်တန်တော့ မိန်းမဆွယ်ရင် တကယ် လိုက်နာပါကလား ၊ ယောက်ျားတွေ ရှိလေသရွေ့ ငါ သူဌေးဖြစ်နိုင်တယ်။ ဈေးရောင်းမယ်။ အခု တစ်လမှ တစ်ရာ တည်းရတယ်။ သူတို့ကို ရောင်းပေးလို့ ရတဲ့အမြတ်က တစ်နေ့မှာ အနည်းဆုံး ငါ့ကြောင့် ငါးရာ၊ တစ်ထောင် ရမယ် ။ ငါကိုယ်တိုင် ကိုယ်ပိုင်အရောင်းအဝယ် လုပ်မယ် ဆိုပြီး ကျွန်မ အဲဒီဆိုင်က ထွက်လိုက်ပါတယ်။
        ကျွန်မ ရင်းနှီး ခင်မင်ခဲ့  တဲ့ ဆိုင်တွေက ပစ္စည်း တွေယူပြီး နေ့ချင်းရှင်းစနစ်နဲ့ လမ်းဘေးမှာ ချပြီးရောင်းတယ်။ အဖေ ၊ အမေတို့ကို အသိမပေးဘဲ ၊ ကျွန်မ သုံးလလောက် ရောင်းလိုက်တာ ဆိုင်ခန်းငှါးပြီး ရောင်းနိုင်တဲ့ဘဝ ရောက်ခဲ့ပါတယ်။
        အခုတော့ ကျွန်မ ဆိုင်ပိုင်ဖြစ်ခဲ့ပါပြီ။ကျွန်မအပြော ၊ ကျွန်မ အမူအရာ ၊ ကျွန်မ အသံ ၊ ကျွန်မ ရဲ့ ပေါင်းသင်း ဆက်ဆံရေးကို အရင်းအနှီး ပြုခဲ့ပါတယ်။
        ယောက်ျား တွေ ရှိလေသ၍ ကျွန်မ ဈေးရောင်းပြီး သူဌေးဖြစ်ရမယ် ဆိုတာ ဆုံးဖြတ်ချက် မြဲလျက်ပါပဲ။
        တစ်ခုတော့ရှိပါတယ်။ ကျွန်မ ပြောပြ ၊ ပြုံးပြ နဲ့ ရောင်းတိုင်း နှစ်ဆကျော် အမြတ် ရနေတော့ ယောက်ျားတွေ ကိုလေ ကျွန်မ သနားမိတယ်ရှင် ။

                             ဗိုလ်သခင်ဆရာ
                ၂၀၀၃ ခုနှစ် ၊ မေလ ထုတ်
          ယောက်ျား နှင့် မိန်းမ စာအုပ် မှ

Wednesday, September 5, 2018

သည်လင် သည်မယား အိုအောင်မင်းအောင်ပေါင်းရပါစေ


👴   သည်လင် သည်မယား အိုအောင်မင်းအောင်ပေါင်းရပါစေ 👵

“ မောင်ရေ… ကြက်သွန်တွေ ပုပ်ကုန်ပြီ”

ကျွန်တော့်မိန်းမက ကြက်သွန်အပုပ်ရွေးရင်း လှမ်းအော်တယ်ခင်ဗျာ့။

“မင်းကိုဟြေသားပဲကွာ၊ ကြက်သွန်တွေ လှောင်မထားပါနဲ့လို့”

“အို…  မောင်ကလည်း   တောက  ဆွေမျိုးတွေက   လက်ဆောင်  လာပေးကြတဲ့ ဟာကို”

“ဘယ်သူကပေးပေးကွာ၊     လှောင်မထားပါနဲ့     ရောင်းစားပစ်လိုက်၊     ပြီးတော့မှ
ကိုယ်စားချင်တဲ့အချိန် ပေါက်ရာပေါက်ဈေး ဝယ်စား”

အဲသည်လိုပဲဗျာ၊ ဝါဆို၊  ဝါခေါင်၊  တော်သလင်း၊  သီတင်းကျွတ်  ကြက်သွန်အိုတဲ့ ရာသီရောက်လာပြီဆို   ကျွန်တော်တို့   လင်မယား   ပွစိပွစိ   ဖြစ်ကြပြီ၊   နှစ်စဉ်။ ဘယ်နှယ်ဗျာ… လှောင်ထားတဲ့ ကြက်သွန်တွေထဲက နည်းနည်းနွမ်းတာ၊ ရိတာ၊ ပုတ်တာရွေးစား၊    အကောင်းလေးချန်ထား၊    အဲသည်အကောင်းလေးက    နောက်တစ်ခါရွေးတော     ပုပ်နေပြန်ပြီ၊     ဘယ်မှာ    အကောင်းစားရလို့တုံး၊     အပုပ်နဲ့ပဲ     ပြီးနေရတာ။ တကယ်ဆို  ကိုယ်လိုချင်တဲ့အချိန် ဈေးသည်မဆီက  ဒေါင်ဒေါင်မြည်   ကြက်သွန်ဝယ်စား၊ကြွပ်ခနဲ      ကိုက်စား၊      ဘယ်လောက်ကောင်းမလဲဗျာ။       မိန်းမကလည်း      ကြက်သွန်ပေါ်ချိန်တုန်းက     သူ့ဆွေမျိုးတွေ     လာပေးတဲ့ကြက်သွန်၊     ဂုဏ်ယူပြီး     လှောင်လှောင် ထားတယ်ခင်ဗျာ့၊          ကြွားချင်တာလည်းပါမှာပေါ့။          ကျွန်တော်သာဆို          အကုန်ရောင်းပစ်လိုက်မှာ။

“ကိုချမ်းသာ    ဒီနှစ်     ဘာကုန်လှောင်ရင်   ကောင်းမလဲဗျာ၊     အကြံပေးစမ်းပါ၊
မြတ်ရင်ခင်ဗျားကို ဂုဏ်ပြုမယ်၊ ဝမ်းတေဘယ်… ”

“ဟင်…     ဖောင်းဖောင်း…      မင်းတို့လင်မယားကြားထဲ      ငါ့ဆွဲမထည့်ပါနဲ့ကွာ၊
အေးအေးနေပါရစေ၊ ပဲလှော်ကြား ဆားညှပ်နေပါဦးမယ် မောင်”

တရုတ်သူဌေးလေး ဖောင်းဖောင်းက ကျွန်တော့်ဆီက အကြံတောင်းတယ်ခင်ဗျာ့၊ အထင်ကြီးတစ်ခွဲသားနဲ့   အကြံမပေးရဲပါဘူးဗျာ၊   ကိုယ်   တစ်  ပေးလိုက်တဲ့   ကုန်ပစ္စည်းဈေးတက်လာလို့     မြတ်ရင်တော်ပါ၏။     ရှုံးရင်     ကျွန်တော့်ခေါင်းပေါ်     ပုံကျလာမှာဗျာ့။
တစ်ခါ  ဖြစ်ပြီးပြီ။  တစ်နှစ်ဟာ  ကျွန်တော်က  ပဲစင်းငုံကို  တစ်  ပေးလိုက်တာ၊  ပဲစင်းငုံက ထ မပွ၊ နှမ်းက ထ ပွလို့၊ နှမ်းသမားတွေထော၊ ပဲစင်းငုံသမားတွေမော၊ ကျွန်တော့်မှာ လူတောထဲတောင်မသွားရဲဘူးဗျာ။

ဖောင်းဖောင်းမိန်းမ ဖီဖီဆိုတာ ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက်ထိုးတဲ့ပြီး ရန်တွေ့လို့မဆုံးတော့ဘူးဗျာ။        အတုံးလိုက်        အတစ်လိုက်        ရှုံးသွားတာကိုခင်ဗျာ့။ သိန်း    ၅၀    ဖိုးလောက်ထည့်ထားတာ    ၂၀    ဖိုးလောက်ပဲ     ပြန်ရတော့တယ်ဆိုတော့ စိတ်ဆိုးမယ်ဆိုလည်း ဆိုးလောက်စရာပေါ့။  (စိတ်ကူးယဉ်မဟုတ်ဘူး၊  တစ်ကယ်ဖြစ်ခဲ့တာ)
ဖောင်းဖောင်းတို့    လင်မယားရန်ဖြစ်၊    ဖီဖီက   ဖောင်းဖောင်းကို    နှင်ချ၊    ဖောင်းဖောင်းနားညည်းလို့ အိမ်ပေါ်က ဆင်းပြေး၊ နောက်မိန်းမ ပေါက်စလေး အပျင်းပြေယူထားလို့ ဒုက္ခရောက်ပါလေရောလားဗျာ။ အဲသည်အခါမှ ဖီဖီ ကျွန်တော့်ဆီပြေးလာ။

“ဖီဖီ ကိုယ့်ပြ ဿ      နာ ကိုယ်ရှင်း၊၊၊ ညည်းတို့လင်မယားကြား ငါမဝင်ပါရစေနဲ့ဟယ်”

တော်သေးတာပေါ့      လေးငါးခြောက်လကြာတော့      ဖောင်းဖောင်း      အိမ်ပေါ်
ပြန်တက်လာပေလို့၊   ဖီဖီလည်း     အဲသည်တော့မှ    ပြုံးနိုင်တော့တယ်၊     သူ့ယောကျာ်း သူပြန်ရလို့။

ကုန်လှောင်တယ်ဆိုတာက အဲသည်လိုမျိုးဗျာ့၊  ရှုံးပြီဟေ့ဆိုရင်  အတုံးလိုက် အတစ်လိုက်၊ မြတ်ပြီဟေ့ဆိုရင်လည်း နှစ်ဆလောက်ဗျာ။ မြတ်တဲ့နှစ်၊ မြတ်တဲ့ကုန် နမူနာယူကြပြီး  ဆော်ကြ၊  ကွဲကြ၊  မြတ်ကြ၊  ပွကြ။  မိန်းမရေ၊ ယောကျာ်းရေနဲ့  ချိုလို့ပေါ့ဗျာ။
ရှုံးပြီဟေ့ဆိုရင်တော့ ဖောင်းဖောင်းတို့လင်မယားဟာ နမူနာပဲ။ ဟြေစမှတ်ကြီးကိုဖြစ်လို့ဗျာ။ အဲဒါကြောင့်    ဖောင်းဖောင်းက    အကြံဉာဏ်တောင်းတာကို    အကြံမပေးဘဲ    ခေါင်းယမ်း လိုက်တာဗျာ့၊ ဘာလုပ်ဖို့လဲဗျာ၊ သူ့ဝမ်းတေ ဘယ်လ်။

၁၉၇၅-၇၆-၇၇       ကျွန်တော်         ရန်ကုန်ကြည့်မြင်တိုင်         ညဈေးတန်းမှာ
ဈေးရောင်းစားတော့        ရွှေဝါဆပ်ဟြတောင့်ကောက်ပြီး        လှောင်ဖူးတယ်၊        အေပီစီ(ခေါင်းကိုက်ပျောက်ဆေး)   ပုလင်းတွေ   ကောက်လှောင်ဖူးတယ်၊   နှမ်းဆီလှောင်ဖူးတယ်၊
မြတ်တာကမြတ်၊ ရှုံးတာကရှုံး  ဘယ်ဟာမှ ကံသေကံမ ဟြေလို့မရဘူးဗျာ။  သူဖြစ်ချင်တာ လျှောက်ဖြစ်သွားတာဗျာ။ ကုန်လှောင်တာက အရှုံးအမြတ်ကြီးမားတော့ လူသိတယ်၊ ရှုံးတာလည်းသိ၊ မြတ်တာလည်းသိ။ မိသားစုတွေ စိတ်ဝမ်းကွဲတတ်တယ်။ သူ့ကြာင့် ငါ့ကြောင့်    အဖေ့ကြောင့်    အမေကြောင့်    အပြစ်တင်တက်ကြတယ်။    ကုန်အရွေးမှားရင် ပြ ဿ     နာ၊  အမြတ်နည်းရင်  ပြ ဿ     နာ၊  ရှုံးပြီဟေ့ဆိုရင်  ပေါက်ကွဲကုန်ပြီ။ ကုန်လှောင်တယ်ဆိုတာက မီးပင်လယ်အပေါ်မှာ  တန်းထားတဲ့  ကြိုးတန်းပေါ် လမ်းလျောက်ရသလိုပဲ၊ အလွန် အန္တရာယ်ကြီးတယ်ဗျာ။ ကုန်လှောင်ဖို့မလှောင်ဖို့ ကျွန်တော်တော့ ဘာမှအဆုံးအဖြတ် မပေးရဲဘူးဗျာ။ ကံတိုက်အလုပ်ကြီးဗျာ။ ကျွန်တော့်မှာသာ  ပိုက်ဆံကလေး  တူတူတန်တန်ရှိမယ်ဆို ကျွန်တော်တော့ ကုန်မလှောင်ချင်ဘူး၊    ဝယ်ရောင်းပဲလုပ်မယ်၊   ကုန်စုံဆိုင်သဘောမျိုးဟြေတာ။ ဝယ်ရောင်းက အရှုံးအမြတ် ထုထည်မကြီးမားဘူး။ ငွေသေမနေဘူး။ ငွေက အမြဲလည်ပတ်နေတယ်။  တအိအိ တက်တယ်။ အရှုံးကြီးသွားလို့  မိသားစု စိတ်ဝမ်းကွဲရတဲ့
ပြဿဿဿ     နာ မျိုးလည်း မပေါ်နိုင်ဘူး။ မိသားစုဘဝတည်ငြိမ်တယ်ဗျာ။ ဒါ ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်နော်။ ကိုယ့်ဘာသာဆုံးဖြတ်၊ ကိုယ်ဖြစ်ကိုယ်ခံ။

                                 မောင်ချမ်းသာ

ဖောက်ထွက်


🍄          ဖောက်ထွက်

" မောင်ရေ… မှိုတွေ ထွက်နေပြီ”

ဝါဆိုလ၏     တစ်ခုသော     နံနက်ခင်းတွင်      ကျွန်တော့်မိန်းမသည်      ရွှင်လန်း ဝမ်းမြောက်စွာ သတင်းလာပို့လေ၏။

“မှိုတွေပေါက်နေပြီ လို့ဟြေစမ်းပါကွာ၊ မင်းဟာ… ”

“ဟင်…   မောင်ကလည်း     မှိုကပေါက်လာတာမှ     မဟုတ်တာ၊   မြေကြီးထဲက ထွက်လာတာကြီးကို၊ မယုံ လာကြည့်”

“ ဟောဗျာ… ဝေါဟာရထွင်တဲ့ ပညာရှိမနဲ့တွေ့နေပြီ၊ မှန်းစမ်း ဘယ်မှာလဲံ”

သူခေါ်ရာလိုက်ခဲ့၊      ကျွန်တော်တို့      အိမ်နောက်က    ခြတောင်ပို့မှာ၊    နှစ်စဉ်
ဝါဆိုလတိုင်း     ပေါက်နေကျ     တောင်ပို့မှိုကျင်းကြီးခင်ဗျာ။      တွေ့ပါပြီ၊      မှိုတွေဖွေးလို့။ သူဟြေတဲ့အတိုင်းပဲဗျာ၊      မှိုတွေမြေကြီးထဲက      တိုးထွက်လာတာ။      မြင်ဖူးကြမှာပေါ့။ မှိုပေါက်တာ။      မှိုဆိုတာ     ဒုံးပျံထိပ်ဖူးလို      အဖျားက       ခပ်ချွန်ချွန်၊      မြေကြီးထဲက အတင်းတိုးထွက်၊ အပြင်ရောက်မှ အပွင့်က ကားလာ၊ ဟော… ထီးကြီးဖွင့်လိုက်သလိုပဲဗျာ။ ကျွန်တော်တို့    မှိုကျင်းက    မှိုတွေ    တစ်ခါပေါက်    ၁၀၀-၁၅၀    ဗျာ။   ကျွန်တော့်မိန်းမ မှိုရတဲ့မျက်နှာနဲ့        ဟိုအိမ်ပို့       သည်အိမ်ပို့        ဝေငှချက်စား၊        အဲသည်နေ့များဆို သူ့မျက်နှာချိုလို့ရွှင်လို့ဗျာ။

မြေကြီးထဲက မှိုတွေ တိုးထွက်လာတာနဲ့ ဥထဲက ကြက်လေးဖောက်ထွက်လာတာ သဘာဝချင်းတူတယ်ဗျာ့၊    ကြက်ကလေးတွေပေါက်တာကို    ကျွန်တော်    အကြိမ်များစွာမြင်ဖူးတယ်။  ဥထဲက ဝါဝါအနှစ်ကလေးက  ကြက်ကလေးဖြစ်လာ၊  အတောင်ပံလေးတွေနဲ့ အမွေးလေးတွေပေါက်လာ၊   ဟော…  သူ့ရက်စေ့တော့  ကြက်ကလေးက   ကြက်ဥ  အခွံ ကိုသူ့နှုတ်သီးချွန်ချွန်ကလေးနဲ့       ထိုးဖောက်တော့တာပဲဗျို့၊       ပထမ       အရာကလေးဖြစ်၊နောက်အက်လာ၊ မကြာဘူးဗျို့ ကြက်ဥအခွံက ထက်ပိုင်းကွဲပြီး ကြက်ကလေး အပြင်ရောက်လာတော့တာပဲဗျာ၊  အပြင်ရောက်စကြက်ကလေးများ    အပ်ဂလီးချက်ကင် (ugly  chicken)  အရမ်းအရုပ်ဆိုးတာဗျာ၊  ပေစုတ်နေတာပဲ။ ပြင်ပလေနဲ့ တွေ့ထိ၊ အမွေးနုလေးတွေ ဖွာလာ၊ နာရီပိုင်းအတွင်း လှလှကလေး ဖြစ်လာတော့တာပဲ။ ကြက်ကလေးယူ နမ်းကြည့်၊ ညှပ်ညှပ်နဲ့ တကယ့်ချစ်စရာလေးဗျာ။

“ဒီမှိုနဲ့ ကြက်ဟာ လူဘဝ တော်တ်ာအတုယူဖို့ ကောင်းတယ်ကွ”

“လာပြီဖျက်မြင်း၊  ကဲ… ဉာဏ်ကြီးရှင်  ဦးနားဝေး လုပ်စမ်းပါဦး၊  ဘယ်လိုအတုယူဖို့
ကောင်းတာလဲဗျာ”

ကပ်တီးမူးလဲ ဦးနားဝေသည် ရေနွေးကြမ်း ဖန်ဖန်ကလေးကို အားရပါးရ ကျိုတ်ချလိုက်ပြီးနောက် (ဦးနားဝေးက အလကားရ  အကုန်တွယ်တဲ့ လူစားဗျာ့၊ ဒါပေမယ့် ဦးနှောက်ကတော့ မဆိုးဘူး)

“ငါ အဲဒါစဉ်းစားမိနေတာ ကြာပြီကွ”
“စဉ်းစားရုံပဲလားဗျာ။ အကောင်အထည်မဖော်ဘူးလား”
“မင်းလည်းငါ့အကြောင်း သိသားနဲ့”
“မှန်တယ်၊  သူဘယ်တော့မှ  လက်ကြောမတင်းဘူး၊   ခြေကြောလည်းမတင်းဘူး၊
ပျင်းဖို့ပဲတတ်တယ်။”

“ပျင်းတာမဟုတ်ပါဘူးကွာ၊ မလုပ်ဖြစ်တာပါ”

ကျွန်တော်တို့နှစ်ယောက်      လေကြော      ရှည်ကြလေ၏။      တယ်လီဖုန်းထဲမှာ ဆိုရင်တော့ မီတာတော်တော်တက်မှာ၊ ကွန်ပျုတာကို လှည့်စားလို့မရဘူး။

“လူတွေဟာ မွေးလာကြတုန်းက အတူတူပဲကွ၊ ဘယ်သူမှအပိုပါမလာဘူး”

“အပိုပါမလာလို့ တော်သေးတာပေါ့ဗျာ၊ အပိုပါလာရင် ဒုက္ခများကုန်တော့မှာပေါ့၊ ဥပမာဗျာ ပါးစပ်တစ်ပေါက် အပိုပါလာပြီဆိုပါတော့ အရမ်းစား အရမ်းစား…”

“ ဟေ့ကောင်… မင်းပါးစပ်ပိတ်ထားစမ်း”
ဦးနားဝေးက ငေါက်၍  ကျွန်တော့်ပါးစပ်ကို ဘရိတ်အုပ်လိုက်လေ၏။ ဒက်စတော့။ “ဒီမှာ စကားအကောင်းဟြေနေတယ်။ နားထောင်”

“ဟုတ်ကဲ့”
ကျွန်တော်   မျက်နှာပိုးသတ်လိုက်ရ၏။   ဆရာ့ရှေ့ရောက်   ကျောင်းသားကလေး ကဲ့သို့။

“အမေမွေးတုန်းက  ခြေနှစ်ချောင်း၊  လက်နှစ်ဖက်၊  ဦးခေါင်းတစ်လုံးကွ၊  ဒါပေမယ့် တချို့လူတွေက      ကြီးလာတော့      လူလားမြောက်လာတော့      လက်တွေ      ခြေတွေ ပွားလာတယ်”

“ဟာဗျာ… မဟုတ်ကဟုတ်က”

“ဥပမာ တင်စားတာကွ၊ တကယ်တော့ ဘယ်ပွားထွက်လာမလဲဟာ”
“အင်း… ဆိုပါဦး”
“ဒီလိုကွာ…         ခပ်ထူထူလူတွေထဲက         ခပ်ချွန်ချွန်လူတွေက         အတင်း
ကုန်းရုန်းဖောက်ထွက်၊  ဉာဏ်ရှိသလို လှော်ခတ်ကြတော့၊  လုပ်ငန်းတွေက  တစ်ခု နှစ်ခုဖြစ်၊တစ်နေရာက နှစ်နေရာဖြစ်၊  တချို့များကွာ  မိမိဇာတိမြို့ရွာမှာလည်း  လုပ်ငန်းတွေနဲ့ပြည့်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်လို မြို့ကြီးတွေမှာလည်း လုပ်ငန်းခွဲတွေထောင်”

“သဘောပေါက်ပြီ ဦးနားဝေး”

သည်တစ်ခါတော့  ဦးနားဝေးစကား  မှန်သဗျာ၊ ဟုတ်တာပေါ့ဗျာ၊  သည်ဟိုတယ် လုပ်ငန်းကိုပဲ၊ သည်စားသောက်ဆိုင် လုပ်ငန်းကိုပဲ၊ သည်မော်တော်ကား လုပ်ငန်းကိုပဲ ကိုယ့်ပြည်ကိုယ်ရွာမှာသာမကာ  အမေရိကန်မှာ၊ ဂျပန်မှာ၊ တောင်ကိုရီးယားမှာ၊ စင်္ကာပူမှာ စသည်အားဖြင့်  လုပ်ငန်းခွဲ  ထူထောင်ကြတာဗျာ့၊  သူတို့  အတိုင်းအတာနဲ့  သူတို့ပေါ့နော်။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူလို ငါလိုမနေဘဲ အတင်းဖောက်ထွက်ကြလို့ပေါ့ဗျာ။

“ဟား… ဟား… ဒါကြောင့် အချို့များလက်တွေ ခြေထောက်တွေ ပွားလာတယ်လို့ဟြေတာကွ”

“ တော်ပါတော့ ဦးနာဝေးရယ်”
       
                                  မောင်ချမ်းသာ

ရောင်းတတ်ရင် ဈေးကောင်းရတယ်


🚀 ရောင်းတတ်ရင်ဈေးကောင်းရတယ်

သြဂုတ်လ ၁၇ ရက် စနေနေ့က အောင်လံမြို့တောင်ပိုင်း ရွာထောင်ရပ်ကွပ်ကို ရောက်တယ်ခင်ဗျာ့။
“ကိုချမ်းသာ လာစမ်းပါဦးဗျာ”
ပွဲစားဦးအောင်မြိုင်က ပွဲရုံထဲက လှမ်းခေါ်လို့ စက်ဘီးအသာရပ်ပြီး သူ့ပွဲရုံထဲ ဝင်လိုက်တယ်။ ပဲတီစိမ်းအိတ်တွေက အထပ်လိုက်ပဲ။
“ကျွန်တော်တော့ ၇၁၀၀ နဲ့ထုပ်လိုက်ပြီ”
 “အမယ်… တယ်ဟုတ်ပါလား၊ ထိပ်ဈေးပဲနော်”
“ဟား… ဟား… ရောင်းတတ်ရင် ဈေးကောင်းရတာပေါ့ဗျာ”
“ဗျာ… ဘယ်လို”
“ဘယ်ပစ္စည်းမဆို ရောင်းတက်ဖို့လိုတယ်ဗျာ၊ ရောင်းတတ်ရင် ဈေးကောင်းရတယ်ဗျာ့၊ ကိုယ်က ရောင်းတော့မယ်ဆိုရင် ဝယ်သူကို အကဲခတ်ရတယ်၊ တကယ်ဝယ်ချင်တဲ့သူလား၊ ဈေးသိရုံ လာအကဲခတ်တဲသူလား၊ လက်ငင်းချေမယ့်လူလား၊ ငွေဆိုင်းထားမယ့်သူလား၊ လည်စေ့ညှစ်ပြီးဈေးဆစ်မယ့်လူလား၊ လျှံနေသူလား၊ ဆာနေသူလား ဝယ်သူ့အကဲကိုကြည့်”
“ဟုတ်ပြီဗျာ”
“ပြီးတော့ ကိုယ့်ဘက်ကလည်း အရမ်းရောင်းချင်နေတဲ့ ပုံစံမျိုး မဖမ်းရဘူး၊ ငရံ့ဟြလူး မလုပ်ရဘူး၊ တက်နိုင်သမျှ ဂုဏ်ခံထားရတယ်ခင်ဗျာ့၊ အဲ… တစ်ခုရှိတာက ကို့ပစ္စည်းကလည်း ဂုဏ်ခံနိုင်လောက်တဲ့ အဆင့်အတန်း အရည်အသွေးမျိုး ရှိရမယ်၊ ကိုယ့်ကတ္တား ကိုယ့်အလေးက စံကိုက်ဖြစ်နေရမယ်ဗျာ”
ပွဲစားငှဲ့ပေးတဲ့ ရေနွေးကြမ်းလေး တစ်ငုံသောက်၊ ပွဲကတော် သုပ်လာတဲ့ လက်ဖက်ကလေးတစ်ဇွန်းတို့ပြီး မြောက်ပိုင်းသွားတယ်။ (တောင်မြောက်မြို့တန်းရှည်၊ တောင်ပိုင်းမြောက်ပိုင်းအဝေးသား။) မြောက်ပိုင်းပွဲရုံများရောက်၊ လေးငါးရုံလျောက်မိတော့ ဈေးသိရပြီ။ ပဲတီစိမ်း အစုတ် (အညံ့ဆုံး နောက်ကျပဲသီး မအောင်၊ မမာ၊ စိုပျော့၊ မွဲခြောက်၊ အရောင်မတောက်) က ၆၂၀၀။ ဒုတိယတန်း အသင့်အတင့်က ၆၈၀၀။ အမြင့်ဆုံးအကောင်းဆုံးက ပထမတန်းစားက ၇၀၀၀ (အချိန်ပိဿာ ၂၀ ဝင်တစ်တင်းဈေး)။ ပေါက်တယ်ဗျာ။
" တောင်ပိုင်းမှာ ဘယ်ဈေးကြားခဲ့သလဲ ဆရာသမား”
“အယ်… ကျွန်တော် တောင်ပိုင်း မရောက်ခဲ့သေးဘူးဗျာ”
“ ရောင်းတတ်ရင် ဈေးကောင်းရတယ်” ဦးအောင်မြိုင်စကား ကျွန်တော့်နားထဲက မထွက်ဘူးဗျာ၊ သည်ဥပဒေသကို မလိုက်နာမိလို့ ကျွန်တော် ခံရပေါင်းလဲ များလှပါပြီ။ ၁၉၇၈-၁၉၈၅ ခုနှစ် အောင်လံမှာ ကျွန်တော် တောကုန်သည်ကလေးလုပ်ခဲ့စဉ်က လူကဲလည်း မခတ်တက်၊ မျက်နှာရိပ် မျက်နှာကဲလည်း မသိ၊ ဝယ်နေသူ အနားရောက်နေမှန်းလည်း မသိ၊ တောသား ငအ။ ကားပေါ်က ဖုတ်ကနဲ့ဆင်း၊ ပွဲရုံထဲဝင်၊ ပွဲစားရှေ့ရပ်။
“ဟာ… ပွဲစားရေ၊ ကျွန်တော်ပဲအိတ် ၅၀ ပါတယ်ဗျို့”
“ဘယ်ဈေးရရင်ရောင်းမလဲ” ပွဲစားကမေး၊ (အနားမှာ ဝယ်သူကရှိနေသည်။)
“ပွဲစား ကြည့်သာရောင်းလိုက်၊ ကျွန်တော်နားမလည်ပါဘူး၊ ပေါက်ဈေးရရင် တော်ပြီ”
ဟိုတုန်းက အဖြစ်ကို တွေးမိ၊ ရှက်ပြုံးကလေးပြုံးမိ။ “ ပေါက်ဈေးရရင်တော်ပြီ” ကျွန်တော်ဟြေလိုက်တဲ့စကား။ ပွဲစားနဲ့ အဝယ်တော် အကြိုက်ပေါ့။ ကျွန်တော့် စကားကြားရတော့ ပွဲစားက အားရဝမ်းသာ၊ အဝယ်တော် နှုတ်ခမ်းပါးနားများ လျှာနဲ့လျက်လိုက်လို့။ ဟာ… အချဉ်တော့တွေပြီပေါ့။ သြော်… အလွန်မိုက်မဲခဲ့တဲ့ မောင်ချမ်းသာပါတကား။ အ,ချက်ကယ်နာဘိခြင်း။ ဟင်း… ဟင်း… အဲသည်တုန်းကတော့ ကိုယ့်ကိုကိုယ် ဟုတ်လှပြီပေါ့။ အဝယ်တော်နဲ့ ပွဲစား လက်ခုပ်လက်ဝါးရိုက်။
“ဒီဈေးပေးတယ် ကိုချမ်းသာရေ၊ ကျွန်တော်တော့ လွှတ်လက်ပြီ၊ စုံစမ်းကြည့်၊ ခင်ဗျားပဲနဲ့ ဒီဈေးနဲ့ အသင့်ဆုံးပဲ”
“အို… ဘာစုံစမ်းစရာလိုလဲဗျာ၊ ပွဲစားပြီး ပြီးတာပဲ”
ပွဲစားရင်ပေးတဲ့ ငွေကလေးကိုယူ၊ ပွဲရုံကကျွေးတဲ့ ကြက်သားငရုတ်သီးချက်နဲ့ ချဉ်ရည်ဟင်းနဲ့ ထမင်းကလေးစား၊ အိတ်ခွံကလေးလိပ်၊ ကားပေါ်တင် ပြန်လာခဲ့၊ တောသို့တစ်ခေါက်။ ပဲကုန်ကူးတာ ခုနစ်နှစ်ဗျာ၊ ဝယ်တယ်၊ ရောင်းတယ်၊ သည်လောက်ပါပဲ။ သည်ထက်ပိုမတက်ခဲ့ဘူး။ သည်ခုနစ်နှစ်မှာ ပွဲစားနဲ့ အဝယ်တော် ကျွန်တော့်အပေါ်ကို ဘယ်လောက်ဆော်လိုက်ကြသလဲ ကျွန်တော်မသိတော့ပါ။ ပဲဝယ်တယ်ဗျာ၊ ပဲ လက်ထဲရောက်နေပြီဆို စိတ်က ရောင်းဖို့ပဲ အားသန်နေတော့တယ်။ ဈေးကောင်းရအောင်ဆိုတာလေးကို အရေးတကြီး ထည့်မတွက်မိဘူး။ ကျွန်တော်မှ မဟုတ်ဘူး။ အရောင်းသမား တော်တော်များများ ဖြစ်တက်ကြတယ်။ ရောင်းမယ်လို့ စိတ်ပိုင်းဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရောင်းစိတ်ဆိုတာ ဖြစ်သွားပြီ။
“ နှစ်ရက် သုံးရက်စောင့်ဦး၊ တက်ရိပ်ရှိတယ်” တစ်ယောက် ယောက်ကလာဟြေ လက်မခံဘူးဗျာ၊ ရောင်းစိတ်ကြီးက လွှမ်းမိုးနေတော့ ဘယ်ဈေးရရ ရောင်းမယ်ပဲ ဖြစ်ကရောဗျို့။ ဟော… ဒရောသောပါး ရောင်းချလိုက်ပြီ။ နောက်တစ်ရက် နှစ်ရက်အကြာ ဈေးက တက်သွားပြီ။ အဲသည်အခါကျမှ ကိုယ့်နှဖူး ကိုယ်ပြန်ထုမိ၊ ဟိုနေ့က ဟိုလူဟြေတာ အမှန်သား ငါက လောမိလို့။ ငိုရခက် ရယ်ရခက်၊ ခံရချက်နာလွန်းလို့ဗျာ။ အမှန်က အရောင်းသမားဆိုတာ ဗိုက်နာတဲ့ လက္ခဏာကို လုံးဝ မပြရဘူး။ ဘယ်လောက်ပဲ ဗိုက်နာနေနေ တင်းခံထားရမှာဗျာ့၊ (မျက်နှာကြော တင်းခိုင်းတာ မဟုတ်ဘူး၊ မျက်နှာက ပြုံးထား၊ စိတ်ကိုတင်းခိုင်းတာ။) ဝယ်သူတစ်ကယ်ကြိုက်နေပြီ၊ တကယ်ဗိုက်ဆာနေပြီဆို ပြန်လာပါလိမ့်မယ်ဗျာ။ တစ်ရစ်ဝဲဝဲနဲ့။ (ညိုဟြညက်ညက်ကလေးနား ကာလသားကလေးများ မခွာနိုင် သလို။)မူထားဗျာ၊ ဈေးကောင်းရတော့မယ်၊ ရတော့မယ်။ အဝယ်တော်ကြိုက်နေပြီ။ ကျိန်းသေဝယ်တော့မယ်၊ တောင့်ထား။ တောင်းတဲ့ဈေးပေးတော့မယ်။ အဲသည်အချိန်မှာ မသိချင် ယောင်ဆောင်၊ ဘေးကိုအသားလေးရှောင်ထွက်သွား၊ ပွဲစားနဲ့ အဝယ်တော် စကားဟြေကြပါစေ။ ကြည့်နေ၊ ကြည့်နေ အသာမယောင်မလည် ဘေးနားလေးက မကြည့်တကြည့်နဲ ကြည့်နေ။ ကိုယ်ကြည့်တာ လူမသိစေနဲ့၊ သူတို့မသိစေနဲ့။ ပွဲစားနဲ့ အဝယ်တော် လူချင်းပူးသွားပြီ။ (ခပ်မှိန်မှိန် မီးရောင်အောက်က အတွဲကဲ့သို့) နှုတ်ခမ်းချင်းပွတ်နေပြီ။ ဘေးဘီကိုလည်း တစ်ချက်တစ်ချက် အကဲခတ်လို့၊ သူတို့ဟြေတာလူသိမှာစိုး။ မျက်နှာရိပ် မျက်နှာကဲပြ။ ဘေးခွာလိုက်ကြ၊ (မိဘရှေ့ရောက် အတွဲကဲ့သို့ ) အမယ် ခုမှတွေရတဲ့ လူတွေလိုလို ဘာလိုလို။ ဘေးရှောင်နေရာမှ ရောင်းသူက ဝင်လာ။ သူတို့အကဲကို သိသော်လည်း မသိသကဲ့သို့။
“ဒီဈေးတော့ ပေးတယ်ဗျို့” ဘယ်နှယ့်လဲဆိုတဲ့ အမေးမျက်နှာနဲ့ ပွဲစားက ဟြေမေး။ အရောင်းသမားက စိတ်ထဲကတွက် ဦးနှောက် ကွန်ပျုတာကို သတင်းပို့။ ဦးနှောက်က ရောင်းချင်နေပြီ။ နှလုံးသားကွန်ပျူတာက ဈေးဆွဲချင်သေး။
“နည်းနည်းလောက် ထပ်တိုးခိုင်းကြည့်ပါဦး” ပွဲစားက အဝယ်တော်ကိုခေါ်၊ ဈေးတိုးတောင်း၊ ရောင်းသူရှေ့မှာ ရောင်းသူ လိုချင်သော ဈေးတောင်းပေးတယ်ပေါ့၊ ဟဲ ဟဲ။ အဝယ်တော်က ပေးပြီ။ (အမှန်က အစောကတည်းက သည်ဈေးပေးပြီးသား၊ ရောင်းသူ အမြင်ကောင်းအောင် ဂွင်ရိုက်နေတာ။) ပွဲစား၊ အဝယ်တော်၊ ရောင်းသူ သုံးဦးညီပြီ။ အရောင်းအဝယ်တည့်သွားပြီ။ ရောင်းလိုက်ပြီ။ ဝယ်လိုက်ပြီ။ သည်နေ့ သည်ဈေး အမြင့်ဆုံးပါပဲ။ စံချိန်တင်ဈေး အရောင်းတော်လှ၊ တော်လှ၊ ဟုတ်လှပြီ၊ ငါမှငါ။ ဟဲ… ဟဲ… မထင်လိုက်ပါနဲ့။ နောက်နေ့ ဈေးက ခုန်တက်သွားပါပြီ။ ပွဲစားနဲ့ အရောင်းသမား ခံလိုက်ပါပြီ။ အမှန်က ဈေးတက်တော့မယ်ဆိုတာ အဝယ်တော်က ကြိုတင်သိပြီးသား။
(ရည်းစားလူလု ခံရတာထက်ဆိုး။)

                                  မောင်ချမ်းသာ

Monday, September 3, 2018

ဖြတ်မထားနဲ့ ရပ်သွားမယ်


 ❌      ဖြတ်မထားနဲ့ ရပ်သွားမယ်

“ဟေ…    ဒီကား     စိမ်းနေသလိုလိုပဲကွ၊ တို့အောင်လံလိုင်းထဲ မမြင်မိပါဘူး၊ ဘယ်သူ့ကားလဲ”

“အဲဒါ ကိုလှကြီးကားလေ၊ ဦးလေး”

“ဟင်… လှကြီးက တို့လိုင်းထဲ ပြန်ဝင် လာပြန်ပြီလား”

 “ဟုတ်တယ် ဦးလေး”

ဇူလိုင်လ    ၁၀     ရက်နေ    အောင်လံမှ    ပြည်သို့အလာ     ဘွတ်ကြီးတံတား
အလွန်ကလေးတွင်  ကျွန်တော်စီးလာသောကား  ပျက်လေ၏။ စတက်ကတည်းက စိတ်ထဲတွင်  တထင့်ထင့်ခင်ဗျာ့။ သည်ကား  ပြည်ကိုမှ ရောက်ပါ့မလား။  လမ်းမှာ ပျက်နေမလား။ ကားကတော်တော်ရွဲနေပြီဗျာ။ ထင်တဲ့အတိုင်းပါပဲခင်ဗျာ၊ ဂရီး ဂရပ်ထိုးရပ်သွား၊  ပျက်ပြီ  ကား။  နောက်ကလိုက်လာသော ကားကိုတား၊  ဖတ်ခနဲ တက်၊ ကံကောင်းချင်တော့  ခေါင်းခန်းထဲကနေရာရ။  ခုတက်တဲ့ ကားကတော့  ဘာကောင်းသလဲ မမေးနဲ့။  အင်ဂျင်ပိုင်း  ဘောဒီပိုင်း  ဟြေစရာမရှိ၊ လှချော၊ တောင့်ဖြောင့် သန့်ဗျာ။ သည်လိုနဲ့ အုံနာ ဒရင်ဘာနဲ့ စကားဟြေဖြစ် (ကားပိုင်ရှင် တက်မောင်းတာဆိုတော အုံနာဒရိုင်ဘာပေါ့)။

ကိုလှကြီးဆိုတာက  ၁၉၈၀-၈၅ ခုနှစ်       ကာလတစ်လျှောက်  ပြည်-အောင်လံ လိုင်းမှာ  မသိသူမရှိ၊  ကားနှစ်စီးတောင်ပိုင်တာဗျာ။  နောက်  အောင်လံ- မကွေးပြေး၊ နောက်တော့ ပျောက်သွား၊  အခုပြန်တွေရတော့ အောင်လံလိုင်းမှာ၊ကားက ခပ်ရွဲရွဲ လူကလည်းသိပ်မတောက်ဟြေင်။

“ဘယ်လိုဖြစ်တာလဲကွာ၊ ဒီလူ  ဒီရုပ်မျိုးမဟုတ်ပါဘူး၊ သူ့ကားတွေဆို ဒေါင်ဒေါင်မြည်”

“မဟြေတတ်တော့ပါဘူး ဦးလေးရာ၊ ဘယ်ရောက် ဘယ်ပျောက်ပြီး အခုမှ ဘယ်ကပြန်ပေါ်လာတယ်မသိ”

အလုပ်ဖြစ်နေရာက ပျောက်သွား၊ပျောက်သွား ပြီးမှ ပြန်ပေါ်လာ။
ပြန်ပေါ်လာတော့ ခပ်မှိန်မှိန်။ ကိုလှကြီးအကြောင်းစဉ်းစားရင်း ပြည်မြို့ဈေးကြီးထဲက ရုံ (၂) နှင့် ရုံ (၃) ကြားက အရိုးဂျောင်းကို သွားသတိရမိတယ်။ အရိုးဂျောင်း၊ တရုတ်ပိန်ကလေးခင့်ဗျာ့၊ သူ့နာမည်ရင်းက ဖောင်စိန်ပါ။ အသားခြစ် ယူထားခံရသော ငါးဖယ်ရိုးကဲ့သို့  ပိန်ပါးလှပ် အရိုးပဒေသာကလေးဖြစ်နေ၍    သူ့အား အရိုးဂျောင်းဟု ခေါ်ကြကုန်၏။

၁၉၈၃-၈၉  ကျွန်တော်  ဥစားကြက်မတွေမွေးတော့ (ကျွန်တော်က မွေးတာ မဟုတ်ဘူး၊   လူကကြက်မွေးပါ့မလား၊   သူများဆီက  ဥစားကြက်မတွေ   ဝယ်ယူပြီး ခြံထဲထည့် အစာကျွေးတာ) အဲဒီ အရိုးဂျောင်းကလေး စတွေ့တာပဲခင်ဗျာ။ သူက ကြက်ဆေးလည်းရောင်းတယ်၊ လူဆေးလည်းရောင်းတယ်၊ ထိုးဆေးတွေဘာတွေဆို ဒိုင်လျှိုရောင်းရတာ၊  မှောင်ခိုခေတ်။ သူ့ဆိုင် တော်တော်အလုပ်ဖြစ်တယ်ခင်ဗျာ့၊ ကြက်သမား (ကြက်မွေးမြူသူများ) မှန်သမျှ သူ့ဆိုင်မှာချည်းပဲ။ ဈေးကလည်းချို၊ ပစ္စည်းကလဲလတ်တော့           ဝိုင်းအားပေးကြတယ်။ ကြက်သမားတွေလုပ်ကျွေးလို့ သူတော်တော်လေး စီးပွား တက်သွားတယ်။ အရိုးဂျောင်း         အရိုးဂျောင်း နဲ့ နာမည်တော်တော်ထွက်သွားတယ်။

မကြာဘူး၊ အရိုးဂျောင်း ဆေးလောကထဲက ပျောက်သွားတယ်။ သူ့ဆိုင်မှာ အသားမည်းမည်း ဝဝကြီးတက်လာတယ်။ အပြတ်ရောင်းလိုက်တာ အရိုးဂျောင်း သူ့မိတ်ဆွေတစ်ယောက်နဲ့ ပေါင်းပြီး ကားထောင်းသလိုလို ကြားလိုက်တယ်။ ပြည်- ကြို့ပင်ကောက်လိုင်း။    တစ်ခါတွေ့သေးတယ်။    ပြုံးပြုံးရွှင်ရွှင်    ဟြေင်ဟြေင်ရောင်ရောင်။ အရိုးဂျောင်း   ဟုတ်နေပြီ။   ငြိမ့်နေပြီပေါ့။   ကျွန်တော်   ဝမ်းသာ။   ၂၀၀၂  ခုနှစ်  ကျွန်တော်
ပြည်မှာလာပြီး အအေးဆိုင်ဖွင့်၊  ပြည်ဈေးကြီးသို့ နေစဉ်နှယ်နှယ်ရောက်၊
ဆိုင်အတွက်လိုအပ်သော ပစ္စည်းများဝယ်။

တစ်နေ့  မုန့်ဟင်းခါးစားနေတုန်း            အရိုးဂျောင်း  ဝင်လာထိုင်။ ကျွန်တော် မျက်စိ သေချာပွတ်ကြည့်၊ အသက်ကြီးလာတော့ မျက်စိက မှုန်ချင်နေပြီ။ လူမှားပြီး  နှုတ်ဆက်မိပေါင်းများလှပြီ။  လူတွေ့တိုင်း  နှုတ်မဆက်ရဲ။  ယောက်ျားချင်းမှားတာ ကိစ္စမရှိ။  မိန်းမကို သွားနှုတ်ဆက်လို့မှားရင် ဒုက္ခဗျာ့။    (မျက်စိမှုန်သူများသတိထား)။
သေချာပါတယ်။ အရိုးဂျောင်းမ အရိုးဂျောင်းအစစ်။ ကျွန်တော အရဲ   စွန့်၍ -

“ဟယ်… အရိုးဂျောင်း”

“ဟာ… အစ်ကို”

တော်ပါသေး၏။ လူမမှားသေးဘူး။

“အရိုးဂျောင်း နင်ဘာတွေလုပ်နေတုန်းဟယ် နင့်မတွေမိတာကြာပေါ့”

“ကျွန်တော်---------ရောင်းနေတယ်”

“အယ်”

ကျွန်တော်   စကားမဆက်နိုင်တော့ပါ။   သူ့မုန့်ဖိုး   ကျွန်တော်   ဒကာခံလိုက်ပါ၏။ ဘာမျှမဆိုင်။   အရင်   အရိုးဂျောင်းနဲ့    အခုအရိုးဂျောင်းနဲ့    ဘာမျှမဆိုင်။    အင်္ကျီအနွမ်း၊ ပုဆိုးဖင်ပေါက်နဲ့   အရိုးဂျောင်း။   ဟိုအရင်က စိန်လက်စွပ်နဲ့   အရိုးဂျောင်း၊   ဟန်းချိန်းကြီးနဲ့ အရိုးဂျောင်း၊    စီးကရက်ပါးစပ်ကမချွတ်သော    အရိုးဂျောင်း၊    ဘီယာကို   ဖာလိုက်တင်၍ ကားတစ်စီးအပြတ်ငှားကာ     သူငယ်ချင်းများနှင့်  ပျော်ပွဲစားထွက်ခဲ့သော     အရိုးဂျောင်း။ ကျွန်တော်တွေးမိပြီ၊  သတိရပြီ။  ယခု ကိုလှကြီးတို့၊  အရိုးဂျောင်းတို့  ဘဝဟြေင်းသွားခြင်းမှာ အရှိန်ရနေသော၊     အောင်မြင်နေသော  အလုပ်ကို  ဆက်မလုပ်တော့ပဲ ရပ်ပစ်လိုက်ကြသောကြောင့် ဖြစ်ပါ၏။ ဆက်မလုပ်သောအခါ အဆက်ပြတ်သွားပါ၏။ မိတ်များနှင့်ပြတ်သွားပါ၏။ အောင်မြင်မှု ရပ်သွားပါ၏။ ထိုအခါ နောက်ပေါက်များက အရှိန်ရနေလေပြီ။
ကိုယ့်ကို ကျော်တက်သွားကြလေပြီ။        ပြန်စ၊ ပြန်လုပ်၊ ပြန်ဝင်သော်လည်း အရှိန်ကသေနေလေပြီ။

ကျွန်တော်  သင်ခန်းစာ  ရလိုက်ပြီ။  အဆင်ပြေနေသောအလုပ်၊ အရှိန်ရနေသော အလုပ်၊ အောင်မြင်နေသောအလုပ်။ ဆက်လုပ်ပါ၊ စဉ်ဆက်မပြတ်လုပ်ပါ၊ အရူးအမူး သဲကြီးမဲကြီးလုပ်ပါ။      ဖြတ်မထားပါနဲ့၊      ရပ်မထားပါနဲ့၊      သံချေးတက်သွားပါလိမ့်မည်။
(လုပ်ငန်းအားလုံးကို ဆိုလိုပါ၏)။ မယုံမရှိပါနဲ့ခင်ဗျာ။

                                                     မောင်ချမ်းသာ

Saturday, September 1, 2018

ပြည်တော်ဝင်


  မန္တလေး ရောက် အမှတ်တရ ဖြင့် ဆရာညှာ ရဲ့  " ပြည်တော်ဝင် ” ကို တင်ပေးလိုက်ပါတယ်။
🎹  တီးလုံး သီးသန့် လိုချင်လျှင်တော့ အောက်က လင့်ခ် တွေမှာ ဒေါင်းပါဗျာ။ ဖိုင်ဆိုဒ်က 8.7 mb ရှိပ ။

pcloud ကနေဒေါင်းရန်

picosong ကနေဒေါင်းရန်


  🎺       ပြည်တော်ဝင်

တေးရေး     ဆရာညှာ

 ◼           ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ နေ့တိုင်းပဲ သတိရတယ်လေ ကျုပ်တို့ မြို့မ အသင်းသားများတွေ တောင်ရိုးတန်း စစ်ကိုင်းဘက်မှာနေ ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ ရွှေမန်းသူမေ မေးလိုက်သံတွေ သြော်  ကျန်းမာကြပါရဲ့လို့ ကျွန်တော်တို့ မြို့မမောင်တွေ ရွှေမန်းသူမေ ပြောလိုက်ပါလေ စစ်ကိုင်းမှာပဲ စိတ်ကစွဲ နတ်ပြည် တစ်ခါတလေတော့ မျှော်မှန်း လွမ်းမိတဝေေ၀ ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့ စိတ်စောလို့သာနေ

 ◼           ( အခါတော်ရောက်ချိန် နီးလို့လာပေ ဒေါ်ဒေါ် မမ နှမတို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ ) မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ

 ◼           ( မန္တလေး ရွှေမြို့ တို့ ရတနာပုံနေပြည် တင့်တယ် သာယာ စည်ကား ဟိုတုန်းအခါကလေ အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံကြံစို့လေ ) ( မေ့မေ့ ပျောက်ပျောက် အောက်မေ့ကြပေ တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ ) လူကြံရင် မခံနိုင်ဘူး အထူးပင်မှတ်ကြလေ ( အရင်လို ပျော်ပျော်ရွှင်ရွှင်နေ မြို့မ အသင်းက ပြောပေ ) ဖြစ်ဟဲ့ဆို ဖြစ်ရမယ်တဲ့ ခေတ်သစ်လူများ အားအင်တောင့်တင်းပေ

◼            ( အခါတော်ရောက်ချိန် နီးလို့လာပေ ဒေါ်ဒေါ် မမ နှမတို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ ) မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ