Saturday, August 31, 2019

ဂုဏ်

 💸  ဂုဏ်  (   တေးရေး   ရွှေပြည်အေး  )

         စိတ်ညစ်လို့ အရက်ကို သောက်တယ် အရက်သောက်တော့ သိပ်စိတ်ညစ်တယ် အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည် တစ်ခုတည်းသိတယ် ပိုက်ဆံမရှိရင် မျက်နှာ အင်မတန်ငယ်
         ( ဂုဏ် ဂုဏ် ဂုဏ် ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် ငွေကိုသာ ရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှ တင့်တယ် )  ( ယောက္ခမကြီးက မျက်နှာချိုမယ် ကိုယ့်မယားက စေတနာပိုတယ် ) ဟယ် လောကမှာလေ သောက်ကွယ် စားကွယ် လမ်းလယ်မှာ ဆဲ ဆဲ လူကိုတွဲလို့ အိမ်ထဲခေါ်မယ် လူမှာငွေမရှိရင် လင်ယူမိတာ နာတယ်ထင်တယ် သူတို့ကလေ သူတို့က သူတို့က ယောက္ခမအိမ်တက် သမက်မှာ မျက်နှာငယ် မျက်နှာငယ် ဒါတွေကို ငါသိပြီကွယ် အချစ်ဆိုတာ လောကမှာ နားမလည် ငွေ ငွေ ရအောင်ရှာမယ် ငွေ ငွေ ရေလိုဖြုန်းမယ် သောက်မယ်စားမယ် ပျော်မယ် ပါးမယ် အချစ်ဆိုတာ ကစားပြမယ် ယခုဘ၀၀ယ် ဘယ်သူ့မှ မတွယ် လူ့ဘ၀တကယ် ပျက်ပြုန်းစေတော့ တစ်သက်လုံးပဲ မိုက်ပြပါတော့မယ်

 ◾  သုခ     ဆိုထားတဲ့ ဂုဏ်  သီချင်းပါ

https://yadi.sk/d/fkPOZzSfNVZBZw

 ◾   ဇော်မင်းလေး  ဆိုထားတဲ့ ဂုဏ် သီချင်းပါ

https://yadi.sk/d/9mVn2Xpo4lZuoA

◾    သုမောင်   ဆိုထားတဲ့ ဂုဏ် သီချင်းပါ

https://yadi.sk/d/9rAEzXB2MXzodg

 ◾   ဗိုလ်ဟိန်း  ဆိုထားတဲ့ ဂုဏ် သီချင်းပါ

https://yadi.sk/d/6Ma5VfrneYfisQ

 ◾   လွှမ်းမိုး ဆိုထားတဲ့ ဂုဏ် သီချင်းပါ

https://yadi.sk/d/Wl1aP2Lqk1wC1w

 ◾    စိုးအောင် ဆိုထားတဲ့ ဂုဏ် သီချင်းပါ

https://yadi.sk/d/Z2UnA60NEDcRsw

🎹     စိုးအောင် ဆိုထားတဲ့ ဂုဏ် သီချင်းရဲ့ တီးလုံး သီးသန့် ဖြစ်ပါတယ်

https://yadi.sk/d/_4MyFQlP4CoHbw

🎹    စန္ဒရား လှထွတ် တီးခတ်ထားတဲ့ ဂုဏ် သီချင်း  လက်သံ ပါ

https://yadi.sk/d/28W415h26w2Ktw



Friday, August 23, 2019

မိုးစို ခြေအေး ဝမးရောင် ငွေးတိုး သတိပြု

☔  မိုးစို ခြေအေး ၀မ်းရောင် သွေးတိုး သတိပြု

       မိုးဥတုတွင် နေအိမ်ပြင်ပထွက်ပြီး နေ့စဉ်သွားလာ အလုပ်လုပ်ကြရသူများသည် ခြေထောက်ရေစိုရာမှ နောက်ဆက်တွဲအဖြစ် ခြေအေးဝမ်းရောင်ခေါ် အစာမကြေ ၊ ၀မ်းဗိုက်လေပွရောဂါနှင့်   အသက် ၄၀ ကျော်သူများမှာ သွေးတိုးရောဂါ ၀င်လာတတ်သည်ကို သတိပြုကြရန် တင်ပြလိုပါသည်။
      သွေးတိုးရောဂါသည် အစာမှားမှ အငန်စားမှမဟုတ် ပြင်ပအအေးပတ်ဖွဲ့ခြင်း ၊ မိုးမိခြင်းကြောင့်လည်း ဖြစ်နိုင်သည် ။ သွေးစီးဆင်းမှုကြောင့် ပုံမှန်ပူနွေးနေသော သွေးကြောသည် အအေးဓာတ်ကြောင့် ကျုံ့သွားပြီးဖိအားတစ်ခုဖြစ်လာကာ သွေးမသွားနိုင်ဖြစ်ရသည် ။ ထိုအခါ သွေးပုံမှန်သွားစေရန် နှလုံးမှပို၍ ညှစ်အားပေးသည် ။ ထိုအားကို သွေးပေါင်ချိန် ကိရိယာနှင့် တိုင်းသောအခါ  BP 140 / 90 mmHg ( အပေါ် သွေးဖိအား ၁၄၀ နှင့် အောက်သွေး ၉၀ မီလီမီတာ/ပြဒါး) အထိခံနိုင်ရည်ရှိသောအနေအထားဖြစ်သည်။ အပေါ်ရော အောက်ပါ ထို့ထက်ဖိအားပိုလာလျှင် သွေးတိုးရောဂါဟုသတ်မှတ်သည်။
       မိုးဥတုတွင် နေအိမ်မှ ထွက်သွားချိန်နှင့် ပြန်လာချိန်များကို သွေးပေါင်ချိန် (သွေးဖိအား) မှတ်တမ်းထားရှိ လေ့လာကြည့်သည့်အခါ အိမ်မှမထွက်ခွာမီ ပုံမှန်ဖြစ်သော်လည်း ပြန်ရောက်လာချိန်တွင် မိုးရေစိုခဲ့ခြင်း သို့မဟုတ် ခြေထောက် ရေစိုခဲ့ခြင်းဖြစ်ခဲ့လျှင် သွေးပေါင်ချိန်တက်နေသည်ကို တွေ့ရှိရသည် ။အချိန်ကြာကြာ မိုးမိသည်နှင့်အမျှ ပို၍တက်သည်ကိုလည်း လေ့လာတွေ့ရှိရသည် ။
       နံနက်စောစော အစာကိုစားပြီး နေအိမ်မှ ထွက်သွားသူများအတွက် မိုးမိပြီးနောက် အစာမကြေ ဖြစ်လာတတ်သည် ။ ခန္ဓာကိုယ်အအေးပပ်ခြင်း ၊ ခြေနှစ်ဖက် ရေစိုခြင်းကြောင့် ၀မ်းမီးနုံ့ပြီး အစာမကြေဖြစ်သည်ဟု ယူဆရသည် ။ အစာခြေခြင်းကို ၀မ်းမီးခေါ် ပါစက တေဇောဓာတ်က ဆောင်ရွက်သည် ။  ထိုဝမ်းမီးသည် အအေးဓာတ်ကြောင့် အားပျော့သွားခြင်းကို ၀မ်းမီးနုံ့သွားသည်ဟု ရိုးရာဆေးပညာက ဆိုသည် ။ ၀မ်းမီး အားကောင်းလာအောင် ချင်းနှင့် ရေနွေးပူပူကို သောက်ပေးခြင်းဖြင့် အစာကြေစေ နိုင်သည် ။
       ငရုတ်ကောင်း ၊ ပိတ်ချင်းနှင့် ချင်းကို တြိကဋတ်သုံးပါးဟု အာယုဗေဒ ဆေးကျမ်းများကဆိုသည် ။ အစာကြေစေသော ( အစပ်သုံးပါး ) ဆေးသုံးပါးဟု ဆိုသည် ။ မိုးဥတုတွင် အပြင်မထွက်မီ အစားအသောက် စားသုံးလျှင် ဟင်းနှင့် ဟင်းချိုတွင် ငရုတ်ကောင်း ခပ်ခြင်း ၊ ချင်းထည့် ချက်ခြင်းဖြင့် အစာကြေအောင် အထောက်အကူ ပြုနိုင်သည် ။ အထူးသဖြင့် အသားဟင်းချက်လျှင် ချင်းကို နိုင်နိုင်ထည့်ချက်လျှင် မိုးဥတုနှင့်သင့်သည် ။
       ရှေးလူကြီးများ ခြေအေးလျှင် ၀မ်းရောင်သည်ဟု ဆိုကြသည် ။ မိုးရေစိုချိန် ကြာသဖြင့် ခြေထောက် အေးလာသောအခါ အအေးဓာတ်သည် တဖြည်းဖြည်း အပေါ်သို့တက်လာပြီး ချက်တိုင်နှင့် ၀မ်းဗိုက်အထိ ရောက်လာသည် ။ အစာမကြေဖြစ်လာသည် ။ အစာမကြေလျှင် လေပွလာပြီး ၀မ်းဗိုက်သည် တင်းပြီး ဖောင်းလာသည်ကို ၀မ်းရောင်သည်ဟု ခေါ်ခြင်းဖြစ်သည် ။ အစာမကြေခြင်း၏ နောက်ဆက်တွဲ ရောဂါများမှာ ခေါင်းကိုက် ၊ ခေါင်းအုံခြင်းနှင့် သွေးတိုးရောဂါဖြစ်သည် ။
       မိုးရွာထဲမှ ပြန်လာပြီးနောက် ကိုယ်တစ်ခြမ်း လေဖြတ်သွားသူကို တွေ့ဖူးသည် ။ အသက်၅၀ ခန့် အရွယ်ကောင်းဖြစ်သည် ။ ယခင်က သွေးတိုးဖူးသည် ။ သို့သော် အမြဲမတိုးသဖြင့် သွေးကျဆေးကို ပုံမှန် မသောက်ဟု ဆိုသည် ။နေအိမ်တွင် လဲကျသဖြင့် ဆေးရုံပို့သောအခါ သွေးပေါင်အလွန်တက်ပြီး ဦးနှောက်အတွင်း သွေးခဲရောက်သဖြင့် ပိတ်ဆို့ပြီး လေဖြတ်ရခြင်းဖြစ်သည်ဟုဆိုသည်။ ခြေအေးခြင်းမှ စခဲ့သည့် သွေးတိုးရောဂါဖြစ်သည် ။ သတိပြုကြစေရန် တင်ပြရခြင်းဖြစ်သည်။
       သွေးတိုးရောဂါသည် သွေးအပျစ် ၊ အကျဲနှင့်လည်း ဆိုင်သည် ။ ပူလျှင် သွေးကျဲသည် ။ အေးလျှင် သွေးပျစ်သည်ဟုဆိုသည် ။ သွေးတိုးနှင့် နှလုံးရောဂါ ရေရှည် ဖြစ်နေသူများကို အထူးကု ဆရာဝန်ကြီးများက သွေးတိုးကျဆေးသာမက သွေးကျဲဆေးကိုပါ တွဲ၍ပေးသည်ကို တွေ့ရှိရသည် ။
      မိုးဥတုသည်  စွတ်စိုထိုင်းမှိုင်းသော ဥတုဖြစ်သဖြင့် သွေးထိုင်းသော ဥတုဖြစ်သည် ။ သက်ဥတုဖြစ်သည်ဟု မြန်မာဆေးဆရာကြီးများက ယူဆသည် ။ ၀မ်းပျက်လွယ်သော ဥတုဖြစ်သည် ။ ချဉ်ပေါင်ဟင်း ၊ ပဲဟင်းနှင့် အမှည့်လွန်သောအသီးများကို သတိထားစားသုံးသင့်သည် ။ အမှည့်လွန် သရက်သီးကို စားသုံးပြီး ၀မ်းမထိန်းနိုင်ဖြစ်ကာ ဆေးရုံရောက်ရသည့် လူကြီးများကို မိုးဥတုတွင်တွေ့ရသည် ။
အသီးအနှံပင် ဖြစ်သော်လည်း အမှည့်လွန်လျှင် ၀မ်းဗိုက်ကို ဥပဒ်ပေးတတ်သည် ။
       မိုးရွာထဲတွင် ကြွေကျသည့်သရက်သီးမှည့်များကို ကောက်၍ စားသုံးသည့် ကလေးငယ်များ ခြေအေးဝမ်းရောင်ရောဂါနှင့် ၀မ်းလျှောဝမ်းပျက်ရောဂါဖြစ်ကြသည်ကို တွေ့ရသည် ။ဆေးဆိုးသည့် အစာမှ အန္တရာယ်ရှိသည်မဟုတ်။ မိုးမိကြွေ ၊ လေကြွေ အသီးအနှံများသည်လည်း အစာအိမ်ကို ဒုက္ခပေး တတ်သည်ကို သတိပြုကြစေလိုသည် ။
       ရှေးကလူကြီးများသည် ရေမျောလာသည့်  အသီးအနှံကို  မစားရဟုဆိုသည် ။အချိန်ကြာမြင့်စွာ ရေစိမ်ပြီး ပွလာသည့် အသီးအနှံသည် အစာအိမ်နှင့် မသင့်ပါ ။ အာပေါဓာတ်လွန်ပြီး ပွဖောင်းသည့် အစာသည် ၀မ်းနှင့် ရင်ကို ဥပဒ်ပေးတတ်သည် ။ အချိန်လွန်၍ ရေစိမ်သော ပဲကြီး ၊ ပဲပင်ပေါက် နှင့် ပဲပြားများသည်လည်း ၀မ်းဖော ၀မ်းရောင်ဖြစ်စေနိုင်သည်ဟုဆိုသည် ။
       ယောအတွင်းဝန်မင်းကြီး ဦးဖိုးလှိုင် ရေးသားပြုစုသော ကာယနုပဿနာကျမ်း ( မင်းတုန်းမင်းတရားကြီး လက်ထက်က ပြုစုသည် )  တွင် “ ရုပ်ကိုဖြစ်စေသောဥတု ” အကြောင်းဖော်ပြထားသည်မှာ ...
       အအေးအပူ ဖြစ်သော တေဇောဓာတ်သည် ဥတုမည်၏ ။ ထို တေဇောဓာတ်သည် လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်ကုန်၏ ။ လောက ဝေါဟာရအားဖြင့် အအေး ၊ အပူ နှစ်မျိုးရှိသည် ။ ဥတု ဟူသည်ကား တေဇောဓာတ်၏ ရုပ်သဘောဖြစ်၍ ဥပါဒ် ခဏ ၊ ဘင် ခဏသည် စိတ်နှင့်အတူတကွ ဖြစ်သောကြောင့် လည်းကောင်း. . . ဟု ရေးသားထားသည် ။
       ရုပ်သဘောအရ နေကောင်းနေသူသည် ဥတုကြောင့် နေမကောင်းဖြစ်နိုင်သည် ။ ဥတုပျက်ခြင်းကြောင့် ရုပ်ကိုထိခိုက်စေနိုင်သည် ဟုယူဆရမည် ။ ဥတု မကောင်းသည့်အခါတွင် နေကောင်း ကျန်းမာနေသူများပင် အသွားအလာအနေအထိုင်  ဆင်ခြင်သင့်သည့် သဘောဖြစ်သည် ။
        ခြေဖ၀ါးတွင် ပထ၀ီကြောများ ရှိသည်ဟု ဆိုသည် ။ ရှေးကလူများသည် ဖိနပ်မစီးကြ ။ ခြေဖ၀ါးနှင့် မြေကြီးထိ၍ ခရီးသွားကြသည် ။ ထိုအခါ မြေကြီးမှ အခိုးအငွေ့ ပထ၀ီဓာတ်ရ၍ ကျန်းမာသည်ဟုဆိုသည် ။ ကလေးငယ်များကို မြေကြီးပေါ်တွင် ပေး၍ ဆော့ကစားစေလျှင် ကျန်းမာရေးကောင်းစေသည် ၊  သန်မာစေသည်ဟု ဆိုသည် ။
       ဖိနပ်စီးသောခေတ်သို့ ရောက်ရှိလာသောအခါ သားရေဖိနပ် ၊ ရာဘာဖိနပ်များသည် အခိုးပိတ် စေသည်ဟုဆိုသည် ။ တစ်ခါတစ်ရံ ဖိနပ်ချွတ်၍ မြေကြီးပေါ်တွင် လမ်းလျှောက်ပေးလျှင် ကျန်းမာစေနိုင်သည်။ ခြေဖ၀ါးမှ ပထ၀ီကြောများ သန်မာစေနိုင်သည်ဟု ရှေးအယူအဆရှိသည် ။ အုန်းမှုတ်ခွက် နင်းခြင်း ၊ဆားနင်းခြင်းများသည် ခြေဖ၀ါးမှ အခိုးထွက်စေသော နည်းများဖြစ်သည် ။
        ခြေဖ၀ါးကို အချိန်ကြာမြင့်စွာ ရေစိုခြင်းမှာ ဖ၀ါး ပထ၀ီကြောများ အေးစက်ပြီး အခိုးငုပ်စေသဖြင့်  မကောင်းသော အနေအထားဖြစ်သည် ။ ရေစိုသော ခြေထောက်ကို အမြန်ခြောက်သွေ့အောင် ပြုလုပ်သင့်သည် ။ ပြင်ပမှပြန်လာလျှင် ခြေထောက်မှ ရေကို စုပ်ယူနိုင်သည့် ခြေသုတ်ခုံမျိုး ထားသင့်သည် ။ လူကြီးများ ခြေထောက်ရေစိုလျှင် အ၀တ်ခြောက်ဖြင့် သေချာစွာသုတ်ပေးပါ ။
       မိုးဥတုတွင် နေအိမ်ပြင်ပရောက်လျှင် စိုနေသော အ၀တ်အစားများကို လဲခြင်း ၊ ဦးခေါင်းရေစိုလျှင် တဘက်ပ၀ါဖြင့်သုတ်ခြင်း ၊ ခြေနှစ်ဖက် (အထူးသဖြင့်) ခြေဖ၀ါးနှစ်ဖက်ကို ခြောက်သွေ့သောအ၀တ်ဖြင့် ပွတ်ပြီး နွေးထွေးအောင် ပြုလုပ်ခြင်းဖြင့် ခြေအေးဝမ်းရောင်ရောဂါ ၊ နောက်ဆက်တွဲ သွေးတိုးရောဂါများ ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပေသည် ။

       ကြည်လွင်မြင့် ( မုဒြာ )

       ကြေးမုံ  ၄-၇-၂၀၁၆

Sunday, August 18, 2019

ယောသူတို့ရွာ

🌳 🌳  ယောသူတို့ရွာ
            ◾ တေးရေး  ဂီတစာဆို စိန်မောင်မြင့်

      [ ( ပုံပြတေးဆို ခု အခြေခိုက်စရာမို့ လုံမလေးကိုနော်ဗျာ သူ့အမေ ရိုက်ပါလို့ ဟိုမှောင်မိုက်မှာတဲ့ ရှိုက်ရှိုက်ကာ ငိုသံတွေ ကြားရသူ ပူဗျာပါပွေ ကိုယ်လေမနေတတ်ပြီမို့ လာလာလေ လိုက်ခဲ့ပါတော့ မောင်တို့ဌာနေ ချစ်သော အညာမြေ )
      မောင်တို့ရွာမှာကွယ် ဘာ ဘာတွေ ပေါတယ် ပင်ထနောင်းနဲ့ ထန်းပင်တွေရယ် မကျည်း ၀ါပင် ပေါပါတယ် မောင်တို့ရွာမှာကွယ် ဘာ ဘာတွေ ပေါပါတယ် ပင်ထနောင်းနဲ့ ထန်းပင်တွေရယ် မကျည်း ၀ါပင် ပေါပါတယ်ဗျ ပင် ပင်နီ ချောရယ်နဲ့ ယောထမီ ယောထမီ မောင့်ချစ်သူလေးကိုလ ဆင်စေ့ချင်သည် လှစေချင်သည် သြော် ပင် ပင်နီ ချောရယ်နဲ့ ယောထမီ ယောထမီ မောင့်ချစ်သူလေးကိုလ ဆင်စေ့ချင်သည် လှစေချင်သည် ပိတ်အင်္ကျီမှာ ကြွေတွေစီလို့ ပိတ်အင်္ကျီ ပိတ်အင်္ကျီမှာ ကြွေတွေစီလို့ ကျောက်ဖန်ကပေါ ယော ယောသူတို့ရွာ
      ( လိုက်ခဲ့ပါလားကွယ် ချစ်သည်းရယ် ပစ်မခွဲလေ ပင်ပန်းရင်လည်း မောင့်ရင်မှာ အပန်းဖြေ ) သွားအတူတူ နားအတူတူ ယုယုယယ မောင်ချစ်မှာပါလေ ]

တီးလုံး သီးသန့် ကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။

https://yadi.sk/d/VIhsBS2bb8Xxig

မြန်မာပြည် သိန်းတန် ရဲ့ ယောသူတို့ရွာ

https://yadi.sk/d/6HSr4fMz3NlBWA

ပိုးဒါလီသိန်းတန် ရဲ့ ယောသူတို့ရွာ

https://yadi.sk/d/sN0xi8SVtwwk4Q

ရာဇာဝင်းတင့် ရဲ့ ယောသူတို့ရွာ

https://yadi.sk/d/U287gMsPod0xQA

အောင်ရင် ရဲ့ ယောသူတို့ရွာ

https://yadi.sk/d/bv5qHgAiq92X-g

မင်းအောင် ရဲ့ ယောသူတို့ရွာ

https://yadi.sk/d/P5t2ZBgKTspCgw

အိအိချွန် ရဲ့ ယောသူတို့ရွာ

https://yadi.sk/d/qVr3wpoOwiedJw


Monday, August 12, 2019

ငါ မသေဘူး ရေကူးတတ်တယ်

    ⛱   ငါမသေဘူး ရေကူးတတ်တယ်
 
၂၀၀၃ ခုနှစ်  မတ်လ ၁၄ ရက်နေ့က အောင်လံမြို့  မြောက်ပိုင်း  ရှေ့ဆောင်  ပွဲရုံသို့ရောက်သောအခါ…။

“ပာာ… ပော့ကောင် ငစံ၊ မင်းဘယ်လိုလုပ်လိုက်တာလဲ”

“အဆင်ပြောင်းမလို့လေကွာ”

“ဘယ်လိုအဆင်ပြောင်းမှာလဲပာ၊ လင်းစမ်းပါဦး”

“ဒီအတိုင်း  လက်မှိုင်ချပြီး  ငုတ်တုတ်ထိုင်နေမယ့်အစား  အဆင်ပြောင်းတာ ကောင်းလိမ့်မယ် ဆိုပြီး ဆော်လိုက်တာပဲကွာ”

ထိုနေ့ကပဲစင်းငုံတစ်တင်း  ၅၅၀၀ ကျပ်ပေါက်လေ၏။ ၆၂၀၀ နဲ့ထည့်ခဲ့သော ပဲစင်းငုံအိတ် ၂၀၀ (တင်း၃၀၀)  ကိုဖိုးစံသည် တစ်တင်း ၇၀၀ အရှုံးခံ၍ ၅၅၀၀ ကျပ်နှင့် ရောင်းလေသည်။ ဖေဖော်ဝါရီ (၇) ရက်နေ့က တစ်တင်း ၉၀၀၀ ကျပ်ဖြစ်စဉ်က မရောင်းဖြစ်လိုက်ပါ။

“ဒီလိုကွာ ၉၀၀၀ ဖြစ်တုန်းက မရောင်းမိ၊ ခုတိုင်းရောင်းမယ်ဆိုလည်း  ရှုံးနေ၊ ဒါပေမယ့် ခုလောလောဆယ် အရှုံးကိုကာမိဖို့ ငါအကြံတစ်ခုရတယ်ကွ”

“အဲ… လုပ်စမ်း”

“အခု… ငါ ဆီစက်ခပ်သေးသေးတစ်လုံး လည်နေတာရှိတယ်မပာုတ်လား၊ အဲဒါကို အကြီးဖြစ်အောင်လုပ်မယ်၊ ဒါမှမပာုတ် အသေးတစ်လုံး ထပ်ဆင်မယ်ကွာ၊ စက်တစ်လုံးတောင် ထပ်မှာပြီးနေပြီ”

“ပော… တယ်ပာုတ်ပါလား”

ကျွန်တော်သူ့အကြံကို သဘောကျသွား၏။ ဂိုထောင်ထဲမှာ ကျဈေးနဲ့ ပိတ်မိနေသော ပဲစင်းငုံများကို ထုတ်ရောင်းပြီး ငွေရပေါက်တစ်ခုဖြစ်အောင် ဖန်ဆင်းခြင်းဖြစ်လေ၏။ ဖိုးစံကား ကျွန်တော်တို့   အထဲတွင် ဦးနှောက် အလွန်ပြေးသူဖြစ်ပါ၏။  ဖိုးစံကား  ကျွန်တော့်အိမ်မှ  မြေကြွက်များကဲ့သို့  အလွန်ဉာဏ်ကောင်းသူဖြစ်ပါ၏။
ကျွန်တော်သည် နှစ်စဉ်  သြဂုတ်လ မြေပဲတောင့်အသစ်ပေါ်သည့်မှစ၍  ပဲတောင့်များ
ဝယ်ရသည်။ မြေပဲတောင့်လှော်၍ရောင်းသည်။  မြေပဲတောင့်အစိုများကို  နေလှန်းရသည်။
ပဲတောင့်များနေလှန်းသောအခါ ပထမ  တစ်ရက်နှစ်ရက် ၁၀-၉  ရက်ထိ မြေကြွက်များရောက်မလာသေး။  ၁၄-၅ ရက်လှန်းမိသောအခါ  သူတို့ရောက်လာပြီ။  မြေပဲတောင့်များကို ဆွဲစားကြလေပြီ။ လူလစ်ပြီဆိုပါက ပဲလှန်းဖျာပေါ်တက်ပြီး ဗြောင်ချီလေသည်။ ပဲတောင့်များသယ်လေသည်။ ကြည့်စမ်း။ ဖျာအောက်နားလေးက မြေကြီးထဲမှာ သူ့တွင်းဝဗျာ့။

ကျွန်တော် ပဲလှန်းတာ သူတို့ဘယ်လိုသိပါလိမ့်၊          နှာခေါင်းခင်ဗျာ့၊ နှာခေါင်းကသိသွားတာ။ မြေပဲဆိုတာ ကြွက်အလွန်ကြိုက်တဲ့ အစာကလားခင်ဗျာ။ တောထဲ မြေပဲခင်းမှာဆို တွင်းအောင်းပြီး မြေကြီးထဲက ပဲတောင့်တွေကိုစားစားပစ်ကြတာ။

“ကျွန်တော် ပဲလှန်း၊ သူတို့ ပဲအနံ့ရပြီဆိုတော့ မြေကြီးထဲကနေ တွင်းဖောက်ပြီး ပဲတောင့်ဆီ အရောက်လာကြတာဗျို့။ ဖျာအောက်တည့်တည့်ကို ရောက်အောင် တွင်းဖောက်ထားတာ။ တစ်ခါတလေ ပဲလှန်းတဲ့ဖျာတောင် အောက်ကနေ တဂျစ်ဂျစ်နဲ့ ကိုက်နေလိုက်သေးဗျာ။ မြေပဲတွေ လှမ်းပြီးပြီ။ ပဲတောင့်တွေခြောက်ပြီ၊ လေးတင်းဝင် အိတ်တွေနဲ့ထည့်ချုပ်၊  ထပ်ထားလိုက်ပြီ၊  သံမံတလင်းပေါ်မှာ။  သိပ်မကြာဘူးဗျို့။ သံမံတလင်း နှုတ်ခမ်းအစပ်မှာ ကြွက်ကျစ်စာတွေ တွေ့ရပြီ။ ကြွက်တွင်းရောက်လာပြီ။ ပိာုးအဝေးကြီးကနေ    သည်အရောက်   ဖောက်လာတာဗျို့။    ညမှောင်မှောင်  လူအလစ်၊ ခွေးအလစ်၊ ကြောင်အလစ်မှာ လှစ်ခနဲထွက်လာပြီ။ ကျွန်တော့်ပဲအိတ်တွေဖောက်ကြပြန်ပြီဗျာ။ အမလေး သည်ကြွက် မလွယ်ပါလားနော်။ ဖိုးစံကား ကျွန်တော့်မိတ်ဆွေ တရုတ်ကြီးလင်မယားနှစ်ယောက်ကဲ့သို့ ဘ၀ကို သတ္တိရှိရှိ ရင်ဆိုင်ရဲသူဖြစ်ပါ၏။

မှတ်မှတ်ရရ ၁၉၇၂ ခုနှစ်ကဗျာ၊  ကျွန်တော်  ကြည့်မြင့်တိုင် ညဈေးနားကပ်နေတဲ့ ရေတွင်းကုန်းမှာ အိမ်ကလေးတစ်လုံးဝယ်တယ်၊  ပျဉ်ထောင်သွပ်မိုး အိမ်ကလေး၊ ရေမီးအစုံ၊ ငွေတစ်သောင်းပဲပေးရတယ်။ တစ်သောင်းဆိုလို့ ပေါ့သေးသေးမထင်နဲ့။
အဲသည်တုန်းက ရွှေတစ်ကျပ်သားမှ ၄၀၀ ရယ်။ အိမ်ဝယ်ပြီး မကြာဘူးဗျို့။ ည ၁၁ နာရီလောက်ကြီး ကြည့်မြင့်တိုင်ညဈေးနားက တရုတ်ကြီးလက်ဖက်ရည်ဆိုင် မီးလောင်ပါလေရော။  မီးသတ်ကားတွေ  လေးဖက်လေးတန်က ညှပ်ပတ်၊ ကြည့်မြင့်တိုင် ညဈေးက ရေလည်းပေါတော့ သူ့ဆိုင်တစ်ဆိုင်ပဲ မီးသင့်တယ်။ ဘေးအိမ်တွေ မကူးဘူးဗျာ။
နောက်နေ့မနက်ကျတော့ တရုတ်ကြီးလင်မယား  မီးလောင်ပြင်မှာ  ကုန်းကုန်းကွကွ  ပိာုပာာ
သည်ပာာ   လိုက်ကောက်နေတာ  တွေ့ရတာပဲ။    သုံးလလောက်ပဲ ကြာမယ်ထင်တယ်။
မီးသင့်ထားတဲ့တိုင်တွေ ထိုးထိုးထောင်ထောင် မည်းမည်းမှောင်မှောင်ကြားထဲမှာ တဲထိုးပြီး လက်ဖက်ရည်ဆိုင် ပြန်ဖွင့်နေပြီဗျာ။ မကြာဘူးဗျို့    လက်ဖက်ရည်ဆိုင်  အလုပ်လည်း ပြန်ပြီး တန်းမိလာတယ်။  မုန့်ဆိုင်မှာဆိုလည်း ဖောက်သည်တွေနဲ့  သီးနေပြီဗျာ။
အာဂလင်မယားဗျာ။  အလုပ်လုပ်ဖို့လူဖြစ်လာတယ်လို့များ  ခံယူထားလေရော့လားမသိ၊ အဲသည်မြင်ကွင်းကို  သည်နေ့ထိ   စိတ်မျက်စိထဲမှာ  မြင်ယောင်နေတုန်းပဲဗျာ။  

ဖိုးစံပာာ ကျွန်တော်တို့  ငယ်ငယ်က လက်ဆော့ခဲ့ကြတဲ့  တောင်ပို့က ခြကလေးတွေနဲ့လည်း
တူတယ်ဗျာ။

ကျွန်တော်တို့  ငယ်ငယ်က အောင်လံမြို့နယ်၊           ဆက်ဆူဝရွာမှာ နွားကျောင်းကြရတယ်။      နွားတွေလွတ်ထား၊ လုပ်ခင်းကိုင်ခင်းထဲ       ၀င်မစားအောင် လိုက်လှည့်၊ တုတ်ကလေး လက်ကကိုင်၊ ဓားမတိုလေးခါးထိုးလို့။  လယ်ကမ်းပါးက ခြတောင်ပို့ဆိုတာတော့ ကျွန်တော့်တို့  နှိပ်စက်ခံဖို့  ဖြစ်တည်လာရသလိုပဲ။ ပိာုကောင်က
ခေါက်၊  သည်ကောင်ကထု၊  ကျွန်တော်တို့ပြန်ပြီဆို  သူ့ခမျာ တုံးလုံးပတ်ခေါက်၊ မရှုရက်စရာဗျာ။    အဲသည်နောက် နှစ်ရက်၊  သုံးရက်ကြာ  အဲသည်နေရာ   ပြန်ရောက်၊ အပေါက်တွေပိတ်ဆို့၊      အချွန်အတက်တွေထွက်၊  ပောာ ပီပီပြင်ပြင်     လှတပတ၊ ခြတောင်ပို့ကလေးတစ်ခု ဖြစ်နေပြန်ပါပြီဗျာ။

                                   မောင်ချမ်းသာ

Thursday, August 1, 2019

ဆီဆမ်းပြီးသားပါ ခင်ဗျား

🍽️    ဆီဆမ်းပြီးသားပါခင်ဗျား

“ ပော့ကောင်ချမ်းသာ ပဲကြီးလှော် ယူဦးကွာ၊ ထန်းရည်နဲ့အတော်ပဲ”

“ပာာ  ငါ့မှာ နှစ်ပိဿာလောက်ကို  ရှိနေသေးတာကွ၊ ထန်းရည်နဲ့  မြည်းဖို့ဝယ်ထားတာ”

“ယူပါဦးသူငယ်ချင်းရာ၊ အရမ်းရှုံးနေလို့ပါ”

“ကဲ… ကဲ… နမူနာပေး”

သူကနမူနာပြတယ်ခင်ဗျာ့။

“ဟင်…  မင်းကလည်း   အတူးအခြစ်တွေကော၊   ကိုက်ဖဲ့တွေရော၊   ဆန်ခါနဲ့ချပြီး သန့်ပစ်မှ ရောင်းပန်းလှတော့မှာပေါ့ကွ”

“ဟာကွာ… အလိုလိုမှ ရှုံးရတဲ့အထဲ”

“ပော့ကောင်… ရှုံးကာမှရှုံးရော၊ သန့်သန့်ပြန့်ပြန့် လှလှပပလေးမှ ဈေးကွက်ဝင်မှာ မောင်”

ကျောင်းနေဖက်သူငယ်ချင်း မောင်ပေရှုးသည်     ပဲကြီး ၀ယ်လှောင်ထားရာမှ မတရား  ဈေးကျသဖြင့် ပဲကြီးလှော်လှော်ပြီး ငွေပေါ်ရောင်းနေလေ၏။

“ဦးရီးတို့များ လှည့်ကြည့်ဖော်တောင်မရဘူး”

“လှည့်ကြည့်ပါတယ်ပာယ်၊ ပာင် နင့်မှာ ငါးတွေအများကြီး ကျန်ပါသေးလား၊ ကဲ… ငါးခူသုံးကောင် အရှိချိန်လိုက်၊ ကြော်စားမှာ အိုးဝင်လုပ်ပေးလိုက်နော်”

ငါးသည်မသည်   ကျွန်တော်ရွေးပေးသော   ငါးခူကြီးသုံးကောင်ကို   အညှီဆီထုတ်၊
ဝမ်းဗိုက်ကိုခွဲ၊  ကြော်လို့ဖြစ်အောင်  မွှန်းပေးလေ၏။  သူတို့ အရောင်းပါးပြီဆို  ကျွန်တော်တို့
ဝယ်လို့ကောင်းတယ်ခင်ဗျာ့၊ မျက်နှာက ပြုံး၊ အသံကချို၊ လက်ကသွက်၊ ကိုယ်လိုချင်တဲ့ပုံစံ
စိတ်တိုင်းကျခင်ဗျာ့။  အဲ…  ပဲာ…  ပာင်း… ပာင်း…      သူတို့ဈေးရောင်းကောင်းနေ
ဝယ်သူတွေ ၀ိုင်းအုံနေလို့ကတော့ အနားမကပ်နဲ့တော့ဗျို့၊  နှုတ်ဆက်ဖို့ခေါ်ဖို့ဝေးစွ၊
လှည့်တောင်မကြည့် မတော်တဆ မြင်သွားရင်တောင် မမြင်ချင်ယောင်ဆောင်နေတယ်ဗျာ့၊
မစားကောင်းတဲ့အသီး ပဒိုင်းသီးကြီးများမှတ်နေလားမသိ။

“ပာင်… အတက်တွေအားကြီးပါလား၊ အလုပ်မရှိအလုပ်ရှာလို့ဟယ်”

“ထမင်းဆိုင်တွေကမှာလို့”

“ပော”

ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အဓိကထားရောင်းသော ဈေးသည်မ မဲတူဆိုင်မှာ တပည့်မကလေးတစ်ယောက်က  ကြက်သွန်ဖြူ အကောင်းကြီးတွေ အတက်ဖဲ့နေတယ်ဗျာ့၊ ဗန်းကြီးတစ်ချပ်၊  အမောက်အဖြိုးရနေပါပြီ။  ဈေးထဲက ကုန်ခြောက်ဆိုင်တွေမှာ  ကြက်သွန်ဖြူအတက်ပဲ့များ  အပုံလိုက် အပုံလိုက် တွေ့ရလေ့ရှိသော်လည်း  အမှုမဲ့အမှတ်မဲ့သာ နေခဲ့မိလေ၏။ ချိန်ရင်းတွယ်ရင်း သယ်ယူရွှေ့ပြောင်းရင်း   ပဲ့ကျသွားသည့်  အတက်ပဲ့များကိုစုထားသည်ပာု   ထင်ခဲ့မိသည်။ ညံ့လိုက်လေခြင်းမောင်ချမ်းသာ   ပာား…  ပာား…  ဒါနဲ့များ  လူတတ်ကြီးလုပ်ပြီး  စီးပွားရေး
ဆောင်းပါးတွေရေးနေပါသတဲ့၊   ပဲာ… ပဲာ။  အခုမှသိရပါသဗျာ။   ထမင်းဆိုင်တွေကိုသွင်းဖို့ တမင် အတက်ဖဲ့ထားကြတာပါတဲ့ဗျာ။  အခွံသင်ပေးမှ  ယူမယ်ဆိုရင်လည်း သင်ပေးမှာပါပဲ။
ကိုယ်ကရောင်းချင်သကိုး။

“ဦးချမ်းသာရေ ရေသန့်ဘူးခွံအကြည်လေးတွေရရင် စုထားပေးပါဗျာ”

“အမလေး ပေါပါ့ဗျာ၊ ကျုပ်တို့အအေးဆိုင်မှာ”

ပြည်မြို့တွင်ဖွင့်ထားသော    ကျွန်တော့်သားရဲ့    အအေးဆိုင်မှာ    တစ်ခါသောက်
ရေသန့်ဘူးခွံ အကြည်တွေ အားကြီးပါ။

“ဘာလုပ်ဖို့လဲ ဆရာသမားရဲ့”

“ဆီထည့်ရောင်းဖို့လေဗျာ့၊ဗ ဘူးကြည်တစ်ဘူး ဆီငါးဆယ်သားအကိုက်ပဲ၊ ဘူးကြည်ဆိုတော့ အရောင်ကိုမြင်သာတယ်ဗျာ့၊ လူတွေကဆီလာဝယ်ရင် အခွံပါမလာခဲ့ဘူး ဗျာ့၊ အဆင့်သင့် ငါးဆယ်သားဝင်ဘူးတွေ ထည့်ထားလိုက်တော့ အကိုက်ပဲလေ”

ဆီစက်သမားဆိုတာကလညိး နှမ်းကလေးဝယ်၊ ဆီကလေးကြိတ်၊ စားအုန်းဆီက
လေးနဲ့ရော၊ တင်ကလိန်ချိတ်၊ အိပ်နေလို့မရဘူးလေဗျာ။ ၀ယ်သူ မ၀ယ်ချင်ဝယ်ချင်အောင်
ဖန်တီးကြရတာကိုးဗျာ့။   ကြည့်ပါလား၊   ပုဆိုးဆိုချုပ်ပြီးသား၊   တံဆိပ်ခွာပြီး   တန်းကောက်
ဝတ်လိုက်ရုံပဲ။  ဘယ်လောက် လွယ်ကူလိုက်သလဲဗျာ။  ဆန်ဆိုလည်း  ရွေးပြီးသား  ပြာပြီး
တီးပြီး၊    လုံးစင်းအိုးဝင်ဗျာ။    ငရုတ်မှုန့်၊  မဆလာ၊   နနွင်းအားလုံး    အဆင်သင့်ချည်းပဲ။
ပောာ်တယ်ကြီးတွေကိုကြည့်ဦးမလား တယ်လီဖုန်းအဆင်သင့်၊ တီဗီအဆင့်သင့်၊ စလောင်း အဆင်သင့်၊  အိပ်ရာဆိုခင်ြး့ပီးသား၊ သန့်လို့ပြန့်လို့၊   ရေခဲသေတ္တာမှာ  ဘီယာအသင့်၊ အချိုရည်အသင့်၊  ရေသန့်ဘူးအသင့်ဗျာ။   ရေပူချိုးမလား၊         ရေအေးချိုးမလား၊ အပူအအေးစပ်ချိုးမလား၊      သွားတိုက်ဆေး၊ သွားတိုက်တံ၊  ဆပ်ပြာ၊      တစ်ရှုးပေပါ အဆင့်သင့်ပါဗျာ။  မွေးကာစ       အူဝဲနီလေးကို  အမိအဖများက   လိုလေသေးမရှိ
စောင့်ရှောက်တဲ့ အတိုင်းပါပဲ။  ငါးခြောက်ဆို  ဖုတ်ပြီး၊  ထုပြီး၊  ကြက်သွန်လှီးပြီး  ဆီဆမ်းပြီး၊
အဆင်သင့်ဖြစ်အောင် စီစဉ်လေ့ရှိတဲ့ အိမ်ရှင်မ ကောင်းလိုပါပဲခင်ဗျာ။ ခုခေတ်ကြီးထဲမှာ ဘာမဆိုလိုလေသေးမရှိပါတဲ့ခင်ဗျာ။ ၀ယ်သူရဲ့ အလိုက် လိုက်ကြရတာ။

                                   မောင်ချမ်းသာ