စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Saturday, January 26, 2019
ခုန်ပျံကျော်လွှား ဖြတ်တောက် ပစ်လိုက်စမ်းပါ
🎈 ခုန်ပျံကျော်လွှား ဖြတ်တောက်ပစ်လိုက်စမ်းပါ
“အိုကေကြီး လာတယ်ဟေ့၊ ပါးပါးလေးတစ်ပွဲ”
ကျော်ဝေ ကော်ရည်ဆိုင်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ယောကျာ်းက မှာလေ၏။ မိန်းမက မုန့်ပွဲပြင်လေ၏။
“ဘာလဲကွ ပါးပါးလေးဆိုတာ”
“လာတော့ကြည့်ဗျာ၊ ခင်ဗျားလည်းမှာလေ”
မကြာမီ ပါးပါးလေးတစ်ပွဲ ရောက်လာ၏။ ခေါက်ဆွဲဖတ်နည်းနည်း၊ ကြက်ဥ အကာကျက်ကလေးတစ်လုံး၊ ကော်ရည်အနေသင့်၊ မွှေးချိုစိမ့်ကလေး။
“ပါးပါးလေးဆိုတာ ဒါကိုး”
“ဟုတ်ပါ ဦးတိန်တောင်”
“ဟိုနေ့က လက်ဖက်ရည်ဆိုင်မှာလည်း “ကြက်ပလာတာ ပူပါးကြွပ်နပ်ကလေး” လို့မှာတာ ကြားမိသလိုပဲ”
“ဟုတ်တယ်ခင်ဗျာ့၊ ပါးပါးလေးခေတ်လေဗျာ”
“ကောင်မလေးတွေကို ဟြေတာလား”
“လိုရာဆွဲမတွေးပါးနဲ့ဗျာ၊ အတုံးလိုက်အတစ်လိုက် ထူလပျစ်ကြီးတွေ ခေတ်မရှိတော့ဘူးလို့ ဆိုလိုတာ”
“အတုံးလိုက်အတစ်လိုက်ဆိုတာ…”
“ဒီလိုလေဗျာ ဦးတိန်တောင်…”
ကျွန်တော်နှင့် ဦးတိန်တောင် စကားတစ်ဟြေဟြေနဲ့ မုန့် တစ်ပန်းကန်စီ ချောလေ၏။
၂၀၀၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ကဗျာ၊ ကျွန်တော်တို့သားအဖ နှစ်ယောက် ပြည်မြို့က ပရိဘောဂဆိုင်တွေ၊ လက်သမားရုံတွေ၊ မင်္ဂလာပစ္စည်းဆိုင်တွေ နှံ့ရော၊ တစ်နေကုန်ရောဗျာ။ မင်္ဂလာခန်းဝင်ပစ္စည်း ခုတင်၊ ဗီရို၊ မှန်တင်ခုံ လိုက်ရှာကြတာ၊
တွေ့ပါ၏။ မျက်စိမှာ မတိုး။
“တို့သားအဖ ရန်ကုန်ဆင်းရှာကြစို့ကွာ”
အောက်တိုဘာ ၃၀ ရက်နေ နံနက် ၉ နာရီ ယုဇနပလာဇာရောက်၊ တစ်ထပ်လုံး မင်္ဂလာခန်းဝင်ပစ္စည်းတွေချည်း ခင်းကျင်းပြသထားတာဗျာ။
“ရှာကြဟေ့၊ ဈေးမမေးနဲ့ဦး၊ ဈေးမဆစ် နဲ့ဦး၊ ငွေမချေနဲ့ဦး၊ မဝယ်နဲ့ဦး၊ ကြည့်ရုံပဲကြည့်”
ဈေးဝယ်တာ မလောရဘူး၊ နှံနေအောင် တစ်ပတ်လျှောက်ကြည့်ရတယ်၊
လောကြီးဝယ်ပြီးကာမှ သူ့ထက်လှတာ၊ ကောင်းတာ၊ သူ့ထက်ဈေးချိုတာ တွေ့ရတက်တယ်။ သည်အခါမှာ ဝယ်ပြီးသားပစ္စည်းကြီး မကြိုက်ဘဲနဲ့ ယူလာရတာမျိုး ဖြစ်တတ်တယ်ဗျာ့။
အခန်းကျယ်ကြီးထဲမှာ တကယ့်နုနုရွရွကလေးတွေ အလှကလေးတွေ၊ အတုံးလိုက် အတစ်လိုက် ဆော်ထားတာတွေ၊ ဒုကြီး ဗြက်ကြီး ထူလပျစ်ကြီးတွေ၊ ခုတင်၊ ဗီရို၊ မှန်တင်ခုံ၊ မွေ့ယာ၊ ခေါင်းအုံး၊ စားပွဲ ကုလားထိုင်၊ ဆက်တီစုံမှစုံဗျာ။
အဲသည်အထဲက ခေတ်မှီလှပ နိုင်ငံခြားဖြစ် ပါးပါးကလေးကို ဆွဲလိုက်တယ်။ ခုတင်၊ ဗီရို၊ မှန်တင်ခုံ။ နိုင်ငံခြားဖြစ်ကို အရမ်းအထင်ကြီးလွန်းလို့၊ နိုင်ငံခြားဖြစ်ဆို ပြီး ရောဟ သဘောမျိုးနဲ့ ဆွဲတာမဟုတ်ဘူး။ သူ့ဈေးနဲ့သူ အဆင့်သင့်တယ်ဆိုပြီး ဝယ်တာ (ပြည်တွင်းဖြစ်တွေထက်တောင် ဈေးကချိုပါသေး။)
ဖြုတ်လို့ရတယ်၊ ပတ်ကင် လုပ်လို့ရတယ်၊ အဝေးကို သယ်လို့လွယ်တယ်။ ပတ်ကင်လုပ်၊ တင်ပို့။ ပြည်ရောက်တော့ ကတ်တလောက်ကြည့်ဆင်၊ သူတို့သားသမီးများ လုပ်ထားလိုက်တာ၊ လုပ်တက်လိုက် ကြတာ၊ ပေါ့ပေါ့ကလေးကို အခိုင်အခံဖြစ်အောင် လုပ်တတ်ပါ့ဗျာ၊ ပညာ။
သစ်သားဗီရို၊ သစ်သားမှန်တင်ခုံဆိုလို့ ကျွန်းသားတွေ ပျဉ်းကတိုးသားတွေလို့ မထင်လိုက်ပါနဲ့ဦး၊ ကြိတ်သားပါတဲ့ဗျာ။ ဘာသားမှန်းမသိ၊ ဈေးပေါသစ်သားကို ခေတ်မှီနည်း ခေတ်မှီစက်ကရိယာများနဲ့ လုပ်ထားတဲ့လက်ရာ။
နောက်ကျောတစ်ချပ်၊ ဘေးတစ်ချပ်စီ၊ အမိုးတစ်ချပ်၊ ဖင်ပိတ်တစ်ချက်၊ တံခါးတစ်ရွက်တစ်ချပ်စီ၊ သည်မှာလို ပျဉ်တွေကို လျှာထိုး၊ နဘေထပ်၊ ကော်နဲ့ကပ်ဆက်စပ်ထားတာမျိုးမဟုတ်ပါ။
ဗီရိုတစ်လုံး။ ကျွန်တော်တို့ တောရွာမှာတော့ သည်လိုဗီရိုဆို သုံးတစ်လက်မတွေ၊ ခြောက် တစ်လက်မတွေ၊ ပေပျဉ် (ဒုတစ်လက်မ ဗြတ်တစ်ပေ) ကြီးတွေနဲ့ လှော်ခတ်ကြတာ။ ပတ္တာတပ် အသေစပ်ထားကြတာဆိုတော့ အလုံးကြီးအတိုင်း မရွှေ့ရတာ။
လေးထပ်တိုက်ပေါ်ရောက်အောင် လူရှစ်ယောက်လောက် ဝိုင်းမရမယ်။ ၁၀ ထပ်တိုက်ပေါ်
တင်ရမယ်ဆို လျှာထွက်သေလောက်တယ်။ ဘာထူသလဲမမေးနဲ့။ ဘာလေးသလဲ မမေးနဲ့။
ခုတင်ဆိုလည်း သည်အတိုင်းပဲ။ ဒုကြီး ဗြတ်ကြီး ကျွန်းပျဉ်ကြီးတွေနဲ့ ဆော်ထားတာ။ လက်သမားရုံထဲသွားကြည့်၊ လူကိုယ်တိုင် ရွေဘော်ထိုး၊ ခုတ်ဟ၊ ထစ်ဟ၊ဖောက်ဟ၊ ထွင်းဟ၊ ချွေးတစ်ပြိုက်ပြိုက်ကျ၊ ပင်ပန်းလှ။ ထွက်လာတဲ့လက်ရာကတော့ သည်နေ့ထွက်တဲ့ပစ္စည်း နက်ဖြန်ပြတိုက်သာ ပို့လိုက်ပါတော့။ ကျွန်တော်တို့
တောသားများမှာတော့ ဒါကြီးတွေကိုပဲ အဟုတ်ကြီးမှတ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ သုံးနေကြရတာကလားဗျာ။ တကယ်ဆိုဗျာ၊ သူများလုပ်တာကြည့်၊ သူများပါးပါးလွှာလွှာ၊ ကိုယ်လည်းလွှာ၊ သူများပါးပါးလှီး၊ ကိုယ်လည်းလှီး၊ သူများနည်းပညာသုံး၊ ကိုယ်လည်းသုံး၊ သူများက ကြိတ်သားဆို၊ ကိုယ်လည်း ကြိတ်သားပေါ့ဗျာ။ ကျွန်းပျဉ်းကတိုး သစ်သားမပါရင် ပရိဘောဂ မဖြစ်တော့ဘူးလားဗျာ။ ပုံတုံးကြီးတွေနဲ့ပဲ ပြီးကြတော့မှာလား။ နောက်မှာ အဝေးကြီး ပြတ်ကျန်နေရစ်ခဲ့ကြတော့မှာလားဗျာ။
သည်အတိုင်းကတော့ ပျဉ်သာကုန် မောင်ပုံလက်သမားကျော် မဖြစ်နိုင်ပါ။ အတင်းနင်းကန် ဖြတ်ကျော်တက်ပစ်ကြစမ်းပါ။
အမီလိုက်ကြလော့၊ ခုန်ပျံကျော်လွှားကြလော့၊ သူများရှေ့က ဖြတ်တက်ကြကုန်လော့။
မြန်နိုင်သမျှ မြန်မြန်။
မောင်ချမ်းသာ
https://koaungnaingoo.blogspot.com
Monday, January 14, 2019
ဘယ်သူတွေ ရူးသလဲ
ခင်ဗျား လား?
ကျနော် လား?
သူ လား?
💃 ဘယ်သူတွေ ရူးသလဲ
တေးရေး ဂီတစာဆိုစိန်မောင်မြင့်
◼ တစ်ပင်မှ တစ်ပင်ကူး မြူးတူးပျော်ပါးတတ်တဲ့ ငှက်ကလေးပေလား
◼ ကိုင်းဖျားကို ကန် ပျံသွားတဲ့ ငှက်ကျေးတမာရဲ့ အဖြစ်သနစ်အညီ အချစ်စစ်မတည် ထိန်ညီမြလျှမ်း စိန်စီဘ၀လမ်းဆီ သစ္စာဝတိံဖျား မေတ္တာအိမ်တံခါး ဖွင့်သွားသူက စိမ်းရက်လေပြီ သစ်စိမ်းချိုး ချိုးခဲ့ပေမယ့် အညှိုးခက်တော့သည် မိုးလျှပ်နွယ် အိပ်မက်ပမာညီ လန့်နိုးကွယ်ပျောက် တစ်ယောက်အချစ်မတည် စိတ္တဇအသည်း အိပ်မရဘဲ အတိတ်ဘ၀ထဲ ၀ဲချာချာလည်
◼ ( လှိုက်လှိုက်ကယ် ဖိုအသည်းနဲ့ ရှိုက်ရှိုက်သာ ငိုလိုက်ချင်ရဲ့ ယောက်ျားအသည်းမို့ ဆင်ခြင်ရာသည် အချစ်ဦး သခင်ရဲ့ မပြစ်ဘူးအထင်နဲ့ ကြင်ခဲ့ မင်ခဲ့ ချစ်ခဲ့ပါသည် ယုံခဲ့ ပုံခဲ့ အပြုံးနဲ့ ကမ္ဘာတည် အမုန်းဆိုတာ ဝေလာဝေး တို့နှစ်ကိုယ် ကြင်သည့်အရေး ကြားလေသွေးမှာ စိုးမိသည် ချစ်ပင်ချစ်မိုး ချစ်စပျိုးခဲ့သည် ခုတော့ တစ်ပြည်ဆီ သွေဖီရှောင်ပုန်း အမုန်းပင်လေးများ စိုက်သွားလေတဲ့ သူ့ကိုမှ ရှာမိပြန်သည် မြင်မြင်သမျှ တွေ့သမျှ လူကို မေးမြန်းမိပြီ ကျနော့်ကိုလေ အရူးလို့ ပြောကြ ကျနော့်ကိုလေ အရူးလို့ဆိုကြ ဟားတိုက်လို့ ရယ်လိုက်ချင်သည် မခံစားဘူးတော့ ကိုယ်ချင်းမစာပြီ ပုစ္ဆာတစ်ပုဒ် လို အဖြေထုတ်ချင်သည် ပြေးသူနဲ့ ကျန်ရစ်သူ မြင်သူနဲ့ ပြောကြသူ ဘယ်သူတွေရူးသလဲ ခွဲခြားသိပါရစေ )
တီးလုံးသီးသန့် ကိုတော့ ကိုင်ဇာ ဆိုတဲ့ သီချင်းရဲ့ တီးလုံး နဲ့ စိုးစန္ဒာထွန်း ဆိုတဲ့ သီချင်းရဲ့ တီးလုံး ၂ ပုဒ် ကို အောက်က လင့်ခ်တွေမှာ တင်ပေးထားပါတယ်
ကိုင်ဇာ ဆိုတဲ့ သီချင်းရဲ့ တီးလုံး
https://my.pcloud.com/publink/show?code=XZCEix7ZEwisUcvGwVpdqeo5EW3fNjjqu0M7
ဖိုင်ဆိုဒ်က 8.0 mb ရှိပါတယ် ။
စိုးစန္ဒာထွန်း ဆိုတဲ့ သီချင်းရဲ့ တီးလုံး
https://my.pcloud.com/publink/show?code=XZlOix7ZDkgyE3uEpKYFDR8UcffEghVrIzJV
ဖိုင်ဆိုဒ်က 5.3 mb ရှိပါတယ် ။
အောက်က လင့်ခ်တွေမှာ တော့ အဆိုတော်တွေ ဆိုထားတဲ့ သီချင်းတွေပါ။
၈ ယောက် ဆိုထားတဲ့ ဘယ်သူတွေ ရူးသလဲ သီချင်း ကို တင်ပေးလိုက်ပါတယ်။
အိအိချွန် ရဲ့ သီချင်း ဖြစ်ပါတယ် ။11.48 mb ရှိပါတယ် ။
https://yadi.sk/d/VKFXi5iHliOHjA
စိန်မောင်မြင့် ရဲ့ သီချင်း ဖြစ်ပါတယ် ။5.39 mb ရှိပါတယ် ။
https://yadi.sk/d/8SvunIEhsEyDdQ
နီနီဝင်းရွှေ ရဲ့ သီချင်း ဖြစ်ပါတယ် ။8.51 mb ရှိပါတယ် ။
https://yadi.sk/d/Xmv_GH8-Xd_H-A
မာမာအေး ရဲ့ သီချင်း ဖြစ်ပါတယ် ။18.47 mb ရှိပါတယ် ။
https://yadi.sk/d/Naco-CZDKrBd6w
လွှမ်းမိုး ရဲ့ သီချင်း ဖြစ်ပါတယ် ။8.19 mb ရှိပါတယ် ။
https://yadi.sk/d/P3TUlujg5bPf7A
ရာဇာဝင်းတင့် ရဲ့ သီချင်း ဖြစ်ပါတယ် ။ 4.98 mb ရှိပါတယ် ။
https://yadi.sk/d/ZoXm9FLnjtocBw
ကိုင်ဇာ ရဲ့ သီချင်း ဖြစ်ပါတယ် ။ 7.75 mb ရှိပါတယ် ။
https://yadi.sk/d/ygCaeGcGTBlXNA
အောင်သူ ရဲ့ သီချင်း ဖြစ်ပါတယ် ။ 4.24 mb ရှိပါတယ် ။
https://yadi.sk/d/e--gBPU9t9dy5w
Tuesday, January 1, 2019
အစိမ်းရဲ့သဘော
🌱 🌱🌱 အစိမ်းရဲ့ သဘော
အိမ်ပြန်မိန်းမနဲ့ တိုင်ပင်လိုက်ပါဦးမည်
“ကျွန်တော်တို့ အရောင်းအဝယ် လောကမှာ မိတ်ကောင်းဆွေကောင်းဟာ အရေကြီးဆုံးပဲဗျာ”
သြဂုတ်လ ၃ ရက်နေ့က အောင်လံမြို့ မြောက်ပိုင်း ရှေ့ဆောင်ပွဲရုံသို့ ရောက်သောအခါ ပွဲစားကြီးဦးစိုးညွန့်ရွှေက အထက်ပါအတိုင်း နိဒါန်းချီလေ၏။
“အင်း… ခင်ဗျားတို့က ပွဲစားလက်ဟောင်းကြီးတွေဆိုတော့ လူ့သဘောကို နောကျေနေပြီပေါ့လေ”
“ဒီလိုဗျာ ကိုချမ်းသာရ၊ ကျွန်တော်တို့အောင်လံမှာ အဝယ်တော် ၁၀ ဦးရှိတဲ့အထဲမှာ လူအမျိုးမျိုး စိတ်အထွေထွေပေါ့ဗျာ”
ကျွန်တော်သည် “အင်း” လိုက်ရင်း သူ့ဆီမှ ပွဲစားပညာကို သင်ယူနေလေ၏။
“အဲဒီ ၁၀ ဦးထဲမှာ နှစ်ဦးသုံးဦးဟာ သဘောထား တော်တော်ပြည့်ဝကြတယ်ဗျာ့။ သူ့ဘက်ကိုယ့်ဘက်မျှတယ်”
သူက နာမည်တွေထုတ်ဟြေ၏။
“ဟာ… တစ်ယောက်ကတော့ဗျာ၊ သူ့ဂွင်ထဲဝင်ပြီဆို လည်ပင်းလျှာထွက်အောင် ညှစ်တော့တာပဲဗျို့၊ သူ့ကိုတော့ ကျွန်တော်က “မရှိပေါင်း” ပဲဗျာ”
သူ့ပွဲရုံသို့ ပဲတီစိမ်းအိတ် (တစ်အိတ်ပိသာ၃၀) ၁၀၀ မှ ၅၀၀ အထိ နေ့စဉ် ဝင်လေရာ အဝယ်တော်များနှင့် အမြဲ နပန်းလုံးနေရသော ပွဲရုံဖြစ်ပါ၏။
“ပဲတီစိမ်းလှောင်ရင် ဘယ်နှယ့်နေမလဲဗျာ”
ကျွန်တော်က ကိုလိုချင်တာ ဆွဲဟြေလိုက်၏။
“ခင်ဗျားဘာသာ ဆုံးဖြတ်ဗျာ၊ ပဲတီစိမ်းရဲ့သဘောကို ဟြေပြမယ်”
အောင်လံတွင် ယခုနှစ် ပဲတီစိမ်း အထွက်ကောင်းတယ်ခင်ဗျာ့၊ ကျွန်တော် ခန့်မှန်းတာက မေလ ၅ ရက်နေမှာ ထွန်လို့ယက်လို့ဖြစ်လောက်အောင် မိုးရွာလိုက်တော့ စိုက်ရက် အပင်လုပ်ရက်ကိုတွက်ပြီး ဇူလိုင် ၁၀ နေ့ပေါ်မယ် မှန်းခဲ့တယ်။ မှန်းတာထက် သုံးရက်စောပြီး ခုနှစ်ရက်နေ့မှာ ပဲတီစိမ်းစဝင်တာပဲ။ စပေါ်ပေါ်ချင်း အချိန် ၂၀ တစ်တင်းက ၆၂၀၀ နဲ့ဈေးဖွင့်ခဲ့ကြတယ်ဗျာ။ ၆၃၀၀-၆၄၀၀ ဇူလိုင် ၂၈ တနင်္ဂနွေနေ့မှာ ၆၅၀၀
ဖြစ်တာပါပဲ။ အဲသည်နောက် ဆက်တက်၊ သြဂုတ်လ ၃ ရက်နေ စနေနေ့ကျတော့ နည်းနည်း ပြန်အေးချင်သလိုလို (စနေ၊ တနင်္ဂနွေ ဘဏ်ပိတ်ရက်၊ ငွေလွဲမလာ ၊သီးနှံဈေးများအီတက်၏။ ထုံးစံ။)
“အတက်ကြမ်းတယ်လို့ ဆိုရမယ်ဗျာ့၊ ဒီဈေးမနေသေးဘူး ကိုချမ်းသာ တက်ဖို့ အလားအလာ ရှိသေးတယ်ဗျာ”
“အဟုတ်လား ပွဲစား”
"စောင့်ကြည့်လေ”
“ဒါဆို ဝယ်ထားရင် ဘယ်နှယ့်နေမလဲ”
“ခက်တယ်ကိုချမ်းသာ၊ မိုးပဲတီစိမ်းက “အထပ်” မခံချင်ဘူးဗျာ” (အိတ်နဲ့ထည့်ပြီး ထပ်ထားသည်ကို အထပ်ဟုခေါ်သည်)
“ပဲတီစိမ်းဟာ အသီးရဲ့ အခွံစိမ်းရာကနေ ရင့်မှည့်လာပြီ၊ အဆန်ရင့်ပြီ၊ ကျောက်စိမ်းလို ပြောင်လက်နေပြီ၊ အခွံက မည်းသွားပြီ၊ ခြောက်သွားပြီဗျာ၊ ဆွတ်လို့ရပြီပေါ့နော်။ (ပဲတီစိမ်းဆွတ်သည်ကို ပဲခြောက်ကောက်သည်ဟု ခေါ်သည်။)
“အဲ… ရင့်လို့ ခြောက်လို့ ကောက်တဲ့အခါ မိုးထဲရေထဲ လုပ်ရတာဆိုတော့ အခွံမှာ အစိုဓာတ်က ရှိနေတယ်၊ အခွံမှာရှိနေတဲ့ အစိုဓာတ်က အဆန်ကို သွားဟပ်တယ်ဗျာ၊ အဲဒီတော့ အဆန်ဟာ ကောင်းကောင်းမသွေ့ခြောက်ဘဲ ဖြစ်နေတယ်”
“ပဲခြောက်ကောက်ပြီး နေလှန်းမနေတော့ဘဲ ခြွေလှေ့စက်ပေါ်တင် ခွဲလိုက်တယ်ဗျာ၊ စက်ကထွက်လာတာကို အိတ်နဲ့ထည့်ပြီး ပွဲရုံလာချတယ်ဗျာ၊ ဝိတ်(အချိန်) နဲ့ ရောင်းစားရတာဆိုတော့ အချိန်လျော့မှာ စိုးတာကိုးဗျာ”
“ဟုတ်တာပေါ့ ပွဲစား၊ သူသူကိုယ်ကိုယ် လူ့သဘာဝ ရသလောက် ယူချင်ကြတာပေါ့ဗျာ၊ ဘယ်အလျော့ခံချင်ပါ့မလဲ”
“အဲဒီလို ဝိတ်လျှော့မှာစိုးလို့ ဖုတ်ပူမီးတိုက် ပွဲရုံလာချတော့ ထပ်ထားမယ်ဆို အရည်အသွေးက ကျသွားနိုင်တယ်ဗျာ့။ အရောင်ဖျော့လာမယ်၊ မိုးမိရေစိုလာမယ်ဆို ပိုဆိုးတာပေါ့၊ အရောင်ပျက်ရုံတင်မဟုတ်ဘူး၊ တစ်စေ့နဲ့တစေ့ ကပ်ပြီး အခဲလေးတွေ ဖြစ်သွားနိုင်တယ်ဗျာ့၊ ဒါကြောင့် အထပ်မခံဘူးလို့ဟြေတာ”
“ထပ်ထားလို့ အရောင်ပျက်သွားမယ်၊ ခဲသွားမယ်၊ ထွေးသွားမယ်ဆို အဝယ်ဘက်က ငြင်းမယ်ဗျာ”
“ဟုတ်တာပေါ့”
ဈေးမြောက်လာမယ်ဆိုတာ အကဲဖမ်းလို့ရတယ် ကိုချမ်းသာရဲ့၊ ဒါပေမယ့် ကျွန်တော်လည်း ထိန်းမထားရဲဘူးဗျာ၊ ရောက်လွှတ်ပဲ”
“အင်း… ပဲတီစိမ်းရဲ့သဘောက အခတ်သားပါလား”
“ဒီလိုတော့ရှိတယ် ကိုချမ်းသာရဲ့၊ ဝယ်၊ ခြောက်နေအောင်လှန်း၊ အစေ့ကို သွားနဲ့ကိုက်ကြည့်လို့ “ဂျွတ်” ခနဲနေပြီဆိုတော့မှ အိတ်ထဲထည့် ထပ်ထားလိုက်ရင်တော့ စိတ်ချရမယ်ဗျာ့၊ မပျက်နိုင်တော့ဘူး”
“အဲဒီလို “ရှယ်” ပြန်ကိုင်လိုက်မယ်ဆို ဝိတ်ကလျော့သွားမှာပေါ့”
“ဟာ… သေချာတာပေါ့ကိုချမ်းသာရယ်”
“ဈေးကျသွားရင် ပိုဆိုးမယ်နော်”
“အမယ်လေး ကိုချမ်းသာ၊ ဝိတ်ကလျော့၊ ဈေးကကျဆိုရင်တော့ အမြီးနုတ် ခေါင်းနုတ်နဲ့ ဘာကျန်တော့မလဲဗျာ၊ ပဲတီစိမ်းရဲ့သဘောက ငါးရဥ့်ဖမ်းဆုပ်ရသလိုပဲဗျာ့၊ အကိုင်ရခတ်တယ်၊ အဲဒါပဲ ကိုချမ်းသာ ၊ အကျိုးအကြောင်း အဆိုးအကောင်းကို ဟြေပြလိုက်ပြီ၊ လှောင်ဖို့မလှောင်ဖို့ကတော့ ခင်ဗျား သဘောပေါ့ဗျာ၊ လှောင်မယ်ဆို အိတ် ၁၀၀ လား၊ အိတ် ၂၀၀ လား၊ အခုကျွန်တော် သိမ်းခိုင်းလိုက်မယ်”
“ဟာ… ဟာ… နေပါဦးပွဲစားရဲ့၊ အိမ်ပြန်မိန်းမနဲ့ တိုင်ပင်ပါရစေဦးဗျာ”
“အဲ… အဲဒါကောင်းတယ်”

Subscribe to:
Posts (Atom)