၁၉၈၀ တစ်ဝိုက် ပေါ်ပေါက်ခဲ့တဲ့
မုံရွာမြို့ မှ ချင်းတွင်းရောင်ခြည်သစ်
အိုးစည် ဒိုးပတ် အဖွဲ့ ရဲ့
ပင်နီ... ဒိုးပတ်သီချင်းပါ ။
ဒီအဖွဲ့ရဲ့ တေးပြုစာဆို အေးသလ္လာ
ကွယ်လွန်ခဲ့တာ ဒီနေ့ ( 30-6-2018 )
ဟာ ၁၂ -နှစ် ပြည့်သွားပါပြီ...
အောက်မေ့
သတိရ
တမ်းတခြင်း
များ စွာ ဖြင့်.........................
http://picosong.com/w9EM2
သီချင်းဖိုင်ဆိုဒ်က 8.5 Mb ရှိပါတယ်
https://my.pcloud.com/publink/show?code=XZ0EkB7Zfqj1seY9Eq48uMihI6UXApbjtIcy
https://yadi.sk/d/qYiy50kh3YcFNj
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Saturday, June 30, 2018
Monday, June 25, 2018
မျက်လုံဖွင့်ပြီး အိပ်ကြည့်ပါ
မောင်
ဘယ်လို ပမာနည်းနာနဲ့
နာကြည်း ကာ
မုန်းမေ့နိုင်ပါ့မယ်......
http://picosong.com/w9LL8
https://my.pcloud.com/publink/show?code=XZrSlf7Zg6ezfYW4X8YO2YPCTddYIQtkC5FX
👁️ မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ
တေးရေး ဂီတာဖေ၀င်း
တေးဆို ဂီတာဖေ၀င်း
[ 👁️ အချစ်ဆုံးရယ် အပြစ်ရှာအမုန်းစကားဆိုတော့
မေတ္တာအရှုံးသမားဘ၀နဲ့ သစ္စာနှလုံးသား အလှမဲ့ရုပ်ဆိုးရမယ်
လကွယ်ညသန်းခေါင် မိုးအမှောင်ကျတာထက်
မောင့်ဘ၀ညဥ့်နက်ရပြီကွယ်
သစ်ရွက်ကလေးတွေ လေမှာဝဲသလို
ကြွေစရာလည်း အသည်းအပိုမရှိ ချစ်မိသည့်ဝန်တာ
ရင်မှာပိုက်ထွေး ချစ်ကြွေးသံသရာလည်
👁️ သည်ဘ၀သည်မျှနဲ့ပဲ လမ်းခွဲကြပါစို့တဲ့
မုန်းမေ့ဖို့ သူကပြောလာတယ် အသည်းစိုင်မှူးရယ်
မောင်ဘယ်လိုမုန်းမေ့နိုင်ပါ့မယ် မခွဲနိုင်ဘူးကွယ်
မောင်ဘယ်လိုမုန်းမေ့နိုင်ပါ့မယ်
ကျောက်ဆစ်ရုပ်လို အသည်းမရှိရင်တော့
စွဲမိလေသမျှ မုန်းမေ့လို့ရနိုင်ပေလိမ့်မယ်
မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါအချစ်ရယ်
စိတ်အသိမှာမလွယ် ပင်ပန်းနွမ်းနယ် မဖြစ်နိုင်သလိုဘဲကွယ်
အသက်လိုချစ်တဲ့သူကို မောင်ဘယ်လိုပမာနည်းနာနဲ့
နာကြည်းကာမုန်းမေ့နိုင်ပါ့မယ်
မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါအချစ်ရယ်
မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါအချစ်ရယ်နော်ကွယ် ]

Friday, June 22, 2018
အစိန္တေယြ
မုံရွာ ဦးလေးခန့် ရေးသားခဲ့တဲ့
အစိန္တေယျ သီချင်း တီးလုံး သီးသန့်
ဖြစ်ပါတယ်။
ဖိုင်ဆိုဒ်ကတော့ 13.2 Mb ပါ။
အသံအရည်အသွေးကောင်းမို့ ဖိုင်ဆိုဒ်က ကြီးတာပါ။
Picosong နဲ့ Pcloud တို့ကနေတင်ပေးထားပါတယ်။
http://picosong.com/w9eiZ
https://my.pcloud.com/publink/show?code=XZKxnf7ZHvhGbySB1pBhDJavgrSmA0XT4y7y
အစိန္တေယျ
တေးရေး မုံရွာ ဦးလေးခန့်
တေးဆို ဌေးဌေးမြင့်
☸️ အစိေႏၱယ် အပၸေမယ် အနႏၱစၾကာသတၱ
အတုမရှိသော ကျေးဇူးဂုဏ်တော်
အပေါင်းတည်ရာ ဖြစ်တော်မူသော
အရှင်ဝိပသီမြတ်စွာ ဘုရားကိုယ်တော်
☸️ ဘုန်းတော်အနန္တ ကံတော်အနန္တ
ဥာဏ်တော်အနန္တ စကြ၀ဠာ ကမ္ဘာမိုးမြေ
ဖြန့်ဖြန့်ကျိုးမျှ တန်ခိုးတော်အနန္တနဲ့ ပြည့်စုံတော်မူသော
အရှင်သိခီမြတ်စွာ ဘုရားကိုယ်တော်
☸️ လောကီမာန်ချိုင် နှောတိဥာဏ်ပိုင်
ပေါပြည့်လျှံကြိုင် လျှံကြိုင် ဗောဓိမဏ္ဍိုင်
ခန်းဝါပိုင် ငါးခိုင်မာန်မျိုး နှိမ်ပယ်ချိုးလို့
တန်ခိုးတော်သခင်
အရှင်ဝိပသူ မြတ်စွာဘုရားကိုယ်တော်
☸️ သီလာမြေထု မေယုသမ္မင်္တိံ ၀ရဇိန်ပညာ
ထူးချွန်လွန်ကဲ သိမ်မွေ့နက်နဲ ခက်ခဲလှစွာ
တရားဒေသနာသခင် ဖြစ်တော်မူသော
အရှင်ကောက္ကုဿန် မြတ်စွာဘုရားကိုယ်တော်
☸️ သုံးလူ့ရှင်ပင် ကျွန်းထိပ်တင်
သောင်းခွင်စကြစဠာ နတ်ဗြဟ္မာတို့
ရှိခိုးကော်ရော် ဖူးမြော်ပါရ
အရှင် ကောဏဂုံ မြတ်စွာဘုရားကိုယ်တော်
☸️ ဘ၀သုံးပါး ဟုန်းဟုန်းသွားတဲ့
ရထားသံသရာ ယာဉ်စကြာဆိုတာ
ဘယ်လိုဘယ်သို့ ဟောဖော်မြွက်
ဓမ္မစက်သခင် ဖြစ်တော်မူသော
အရှင်ကဿပ မြတ်စွာဘုရားကိုယ်တော်
☸️ သမ္ဘာလျှံကြိုင် ကမ္ဘာမဏ္ဍိုင် မြရောင်လှိုင်
ခန့်ခိုင်ထင်ရှား ဖြစ်တော်မူသော
အရှင် ဂေါတမ မြတ်စွာဘုရားကိုယ်တော်
☸️ ( ဤ ခုနစ်ဆူကုန်သော
မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်
ဤ မင်္ဂလာမဏ္ဍပ် ကျောင်းတော်အမှတ်ဖြင့်သာလျှင်
ရွှေဖ၀ါး ရတနာ စကြာချလှမ်း ကြွမြန်းစံကြပါကုန်ဘုရား )
🎤 သီဆိုပူဇော်နိုင်ကြပါစေ

Tuesday, June 19, 2018
ချမ်းမြေ့ပါစေ
ချမ်းမြေ့ပါစေ ( အဆို မပါ )
စန္ဒရား တင်ဝင်းလှိုင် ရေးသီထားတဲ့ သီချင်းကို တီးလုံးသီးသန့် တင်ပေးလိုက်ပါတယ်။
သီဆိုသူကတော့ နီနီဝင်းရွှေပါ။
https://my.pcloud.com/publink/show?code=XZiiHf7Z0YEiQXwgHN5oGd3rgCWIOhsmhsEX
Picosong ကနေ လည်း အလွယ်တကူ ယူလို့ရပါတယ်
http://picosong.com/wcvnU
မေတ္တာဆိုတဲ့ နေခြည်အောက်မှာ
သောကဆိုတဲ့ နှင်းပေါက်တွေ ပျောက်ကွယ် နိုင်ကြပါစေ......
Subscribe to:
Posts (Atom)