Thursday, June 17, 2021

ဗေဒါရဲ့ ဗေဒါလမ်း


 ❝ ဗေဒါရဲ့ ဗေဒါလမ်း ❞


တေးရေးသူ - ဆရာဇော်ဂျီ (စာ)

                   စန္ဒရားချစ်ဆွေ (သံ)


တေးဆိုသူ - ကြည်ကြည်ဌေး


( မြစ်ကမ်းမှာတဲ့ လေကြမ်းဆင် ထန်လိုက်လေ လေမုန်တိုင်း လှိုင်း လှိုင်းက ဘောင်ဘင် ... )


တစ်လှိုင်းထွက် တစ်လှိုင်းဝင် ... ဗေဒါခင်ဖြစ်နဲ ရေလှိုင်း ဗရဗွေနှင့် မုန်တိုင်းလေ ရေတစ်ရိုးမှာ စိုးရွံ့မှာပဲ ...


စုန်ဆန်ရ တပေပေ ဒီရေနယ်တစ်ကျေး ဒီချောင်းရေ ဗေဒါလမ်း ပန်းဖွယ်တဲ့လေး ...


ဒီအပြိုင် ဒီအိုင်ထဲ ဝဲကတစ်ရာ ဝဲကတစ်ရာ ဒီအားကြောင့် မနားသာ ပတ်ချာလည်ဘဝ ဝဲခွင်ဝင်သမျှ တိုးထွက်နိုင်မှ ...


ဗေဒါထက်ဗေဒါ ဒီချောင်းမှာ အမည်မွှေး အေးငြိမ့်သာယာ မွှေးသမျှ အပြန်တစ်ရာ ခံစရာအရေး အတိုက်ခံနိုင်မှ အမွှေ့ခံနိုင်မှ ထိုးဝါးကိုင် ဒီဆိုင်ဝဲထဲ ရွှေဘဲရန် စုန်ဆန်လမ်းမှာ ရမ်းတတ်တယ်လေး ...


Monday, June 14, 2021

ဗေဒါလမ်း


    ❝  ဗေဒါလမ်း  ❞


တေးရေးသူ - ဆရာဇော်ဂျီ ( စာသား )

                       စန္ဒရားချစ်ဆွေ ( သံစဉ် )


တေးဆိုသူ - ကြည်ကြည်ဌေး


    ( ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက် .. လှိုင်းသက်ရာဆင်း )


    ( ဆင်းရလည်း မသက်သာ အုန်းလက်ကြွေ ရေပေါလော ... မျောစုန်လို့လာ ) 


    ( အဆင်းနှင့်အလာ ... ဗေဒါမအတွေး အုန်းလက်ကြွေ သူ့နံဘေးဆောင့်ခဲ့ ရသေး )


    ဆောင့်ခဲ့လည်း မသက်သာ နောက်တစ်ချီ ... ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ့ ... မြုပ်လေပေါ့ ပေါ်မလာ မဗေဒါအလှ တစ်လံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ ..


    ပေါ်ပြန်လည်း မသက်သာ ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ .. ဘဲအုပ်မှာ တစ်ရာ နှစ်ရာ မဗေဒါက တစ်ပင်တည်း ... အယက်အကန်ခံလို့  ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ ...