Thursday, September 26, 2019

အကောင်းမထင်ဘူး မပြောင်းချင်ဘူး

🅾🅾🅾   အကောင်းမထင်ဘူး မဟြေင်းချင်ဘူး

“ ဟေ… ခင်ဗျား မပြီးသေးဘူးလား၊ ဖွင့်တော့လေဗျာ”

“ပွဲတော်ရက်မတိုင်မီ ဖွင့်နိုင်လိမ့်မယ်လို့ မှန်းတယ်ဗျာ”

     ၂၀၀၃ ခုနှစ်  မတ်လ ၁၃၊ ၁၃၆၄ တပေါင်းလဆန်း  ၁၁ ရက်နေ့က အောင်လံမြို့ တရော်ကုန်း ရပ်ကွက်က ညိမ်းစတိုးသို့ ရောက်သောအခါ        ဆရာလုပ်မိသည်။ ညိမ်းစတိုးဆိုတာက ကျောင်းသုံး ရုံးသုံးစာအုပ်၊ စာရေးကရိယာ၊  ဂျာနယ်၊ မဂ္ဂဇင်းတင်ရောင်းတဲ့ ဆိုင်ခင်ဗျာ၊  ဆိုင်ပိုင်ရှင်     ကိုညိမ်းနဲ့က  ညီအစ်ကိုလိုနေကြတာ။

     တပေါင်းလပြည့်ကျော်မှာ  ကျင်းပမယ့်  ကုသိနာရုံ  ဘုရားပွဲတော်အမီ  ဖွင့်နိုင်ဖို့ ရှေ့မျက်နှာစာနဲ့ အောက်ခင်းကို အချောကိုင်တဲ့ လုပ်ငန်းပြီးသလောက်ဖြစ်နေပါပြီ။ ဆိုင်ကလေးက အရှေ့ဘက်  ပြည်လမ်းကို  မျက်နှာမူထားတာဗျာ။  အဲဒါ နောက်က ဆောက်ပြီးသား တိုက်နဲ့ ဆက်ပြီး အရှေ့ဘက်မျက်နှာကို တိုးချဲ့ဆောက်လိုက်တော့ သူ့ဆိုင်ကလေးက မြောက်ဘက်က  လမ်းတိုကလေးဘက်  ဟြေင်းပြီး မျက်နှာမူလေရ ပြည်လမ်းဘက်မှ ကြည့်လိုက်လျှင် ဆိုင်ပျောက်သွားလေတော့၏

" မြင်မှ  ရောင်းရတာ ကိုညိမ်းရ”

“ဟုတ်ပါ့ဗျာ…   ဆောက်တုန်း  တန်းလန်း  မြောက်ဘက်လှည့်  ဆိုင်က ထင်းခနဲ မမြင်ရတော့ ရောင်းအားထိုးကျသွားတာပဲဗျို့၊ အဲဒါကြောင့် အမြန်ဆုံးလှော်ခတ်နေတာ”

     အမှန်ပဲခင်ဗျာ…  ကုန်ပစ္စည်းကို  ခလုပ်တိုက်မိမှ ရောင်းရတာ၊  ကမ္ဘာအရပ်ရပ် ဘယ်နိုင်ငံကြည့်ကြည့်  လမ်းပေါ်ဈေးတွေမှာ လူတွေပြည့်ကျပ်နေတာ  များတယ်။ (ကျွန်တော်တော့်      မရောက်ဘူးဖူး၊  ပိုက်ဆံမရှိလို့   ရုပ်ရှင်တွေကြည့်ပြီးဟြေရတာ။)

     မြန်မာနိုင်ငံ အရပ်ရပ်က မြို့ကြီးတွေတော့  ရောက်ဖူးပါတယ်။  ဖေဖော်ဝါရီ  ၂၂  ရက်နေ့က မူဆယ်ရောက်တော့ ပိုသိသာတယ်။ ညနေသုံးနာရီလောက်ဆို  မူဆယ် ဈေးကြီးထဲက ကုန်ပစ္စည်းမျိုးစုံ လူတွန်းလှည်းတွေနဲ့ဆွဲထုတ်ပြီး ညဈေး မှာ ခင်းကြပြီ။ ည ၉ နာရီ ၁၀ နာရီ ကြိတ်ကြိတ်တိုးပဲ။

     အဲဒါဟာ ဈေးရဲ့သဘော၊ ဈေးသည်ရဲ့ သဘောပါဘဲ။ ဝယ်သူဆိုတာ သိပ်ခက်ခက်ခဲခဲကြီး မရှာချင်ဘူး၊ မကြည့်ချင်ဘူး၊ အချိန်ကုန်မခံနိုင်ဘူးဗျာ။ အဲသည်တော့ သူက ကြည့်ထားတယ်။    ဘယ်နေရာလေးမှာ ဘာဆိုင်ရှိတယ်၊  ဘယ်လိုပစ္စည်းတွေ ရတတ်တယ်၊  ဘယ်အချိန်ဖွင့်တတ်တယ်၊  တချို့ဆို  ဆိုင်ပိုင်ရှင်  ဘယ်သူဘယ်ဝါကစ အလွတ်ကျက်ထားတာ။  (  အလစ်မှာရည်းစားစကားဟြေဖို့လည်း ပါတယ်။)
     မျက်မှန်းတန်းမိနေတဲ့  ဆိုင်ကလေး  ရုတ်တရက်ပျောက်သွားရင်   မျက်ခြေပြတ်သွားရော၊ ယုန်ကလေးများလို  (ကျွန်တော်တို့တောရွာမှာ  ယုန်ထောင်တော့မယ်ဆိုရင် ယုန်လမ်းကို အရင်ကြည့်ထားရတယ်။  ယုန်ကလေးတွေက သူတို့ပြေးမယ့်လမ်းမှာ မြက်ပင်ကလေးတွေကို ကိုက်ဖြတ်ထားကြတယ်။ စားတာမဟုတ်ဘူး၊ ပြေးရလွှားရလွယ်အောင် လမ်းဖောက်ထားတာ၊ အကြောင်းရှိသည်လမ်းကပဲပြေးတယ်၊ လမ်းကြောင်းမှားရင် မသွားတက်ကြတော့ဘူး။)    
     လူတွေလည်းသည်အတိုင်းပဲ  ဝယ်နေကျဆိုင်   ဝယ်နေကျ ဖောက်သည်ကို ယုံကြည်တတ်ကြတယ်၊ ဈေးများတာနည်းတာ အသာထား ပစ္စည်းက စိတ်ချတယ်။ ရဲရဲဝယ်တယ် ရဲရဲရောင်းတယ်။  ပစ္စည်းအသစ်၊   မျက်နှာအသစ်၊  လူအသစ် မဆက်ဆံချင်ကြဘူး၊ စကားအသစ်တွေ မဟြေချင်ကြဘူးဗျာ့။ လူ့သဘာဝ။
     ဆိုင်ရှင်အသစ်၊ မျက်နှာအသစ်ဆို ပစ္စည်းဈေးလျှော့ပေးတာတောင် မဝယ်ချင်ဘူး၊      လန့်တန့်တန့်၊ ရွံ့တွန့်တွန့်ဗျာ၊ ဟုတ်မှဟုတ်ရဲ့လား၊  သံသယတွေပွားတတ်တယ်။ ကျွန်တော်ဆို သည်အတိုင်းပဲ။

“အိုကေကြီး   ပဲဆန်သွင်းချင်တယ်ဗျာ၊   လိုချင်တဲ့ပုံစံ  ဖြစ်စေရမယ်၊  ဈေးလည်း
လျှော့ပေးမယ်ဗျာ” အဲသည်လိုမျိုးခဏခဏကြုံရတက်တယ်။

“ဟာ မလုပ်နဲ့ ငါ့မှာ ဖောက်သည်တွေ ရှိပြီးသား”

ငြင်းလွှတ်ရတာ အခါခါဗျာ၊ ဘာကြောင့်လဲဆိုတော့ လူအသစ် မဆက်ဆံချင်၊ စကားအသစ်  မဟြေချင်လို့ဗျာ။ ဈေးလျှော့ပေးလို့  အမြတ်ပိုရတာနဲ့ မကာမိဘူး၊  တစ်ခါ တစ်ရံမှာ အဖုအထစ်တွေ၊ စကားအလု အငြင်းဟြေရတာတွေ ကြုံရတက်တယ်။ (အလုပ်လုပ်နေကြသူတိုင်း ကြုံဖူးမှာပါ။)  မိတ်ပျက်ရတတ်တယ်။  အဲဒါကြောင့်
ဖောက်ပြီးသား ပြေးလမ်းကလေးကိုပဲ        အားကိုးတယ်။  ယုန်ကလေးများလိုပဲ။

     ဈေးအသစ်ကြီးတွေ  မစည်တာ၊ ခြောက်ကပ်နေတာဟာ ဒါကြောင့်ပါဘဲ။  လူတွေဟာ ဝယ်နေကြနေရာလေး၊  ဝယ်နေကျဆိုင်ကလေးကို       ဆက်လက်အားပေးနေကြတော့ ဈေးသစ်ကြီး        ဘယ်လောက်ကောင်းကောင်း  မူလ  လက်ဟောင်းဖောက်သည် ဆိုင်ကလေးတွေဟာ စည်ကားမြဲပါပဲဗျာ။ သွားကြည့်ဝယ်ကြည့်ပါ။ လမ်းကြောင်း မဟြေင်းချင်ဘူးဗျာ၊ လမ်းကြောင်းဟြေင်းရရင် မျက်စိလည်တယ်၊ အချိန်ကုန်တယ်၊ အဝယ်မှားမိရင် ဒေါသထွက်ဦးမယ်၊ အသက်တိုရမယ်ဗျာ။

(ကျွန်တော်ကတော့ အသက်ရှည်ရှည်နေချင်တယ်၊ ပိုက်ဆံရှိရင်ပိုကောင်းတယ်)

                                  မောင်ချမ်းသာ


Saturday, September 21, 2019

ကမ်းရိပ်ညို

ကမ်းရိပ်ညို  (  တေးရေး   လင်းခေးလုလင် )

◾   မြန်မာပြည် သိန်းတန်

https://yadi.sk/d/X_sVx89bruXJXg

◾   ရာဇာဝင်းတင့်

https://yadi.sk/d/9hgpnbwSIIBLEQ

◾    ဗညားဟန်

https://yadi.sk/d/9s9_pRNjJ-DYQg

 🎸 မြန်မာပြည်သိန်းတန် သီချင်းရဲ့ တီးလုံး သီးသန့်

https://yadi.sk/d/4bYF5szpLrlI9w

 🎸  ဗညားဟန် သီချင်းရဲ့ တီးလုံး သီးသန့်

https://yadi.sk/d/DdIrEAf_Gt_NgQ

 🎸  ရဲထွေး ( မြို့မ ) ရဲ့ တီးလုံးသီးသန့်

https://yadi.sk/d/3g-lWWLZoQL3gQ

        ကမ်းရိပ်ညို

          တေးရေး   လင်းခေးလုလင်

             ( ကမ်းရိပ်ညို ကမ်းရိပ်ညို ဝေးရပ်မြေလေး ကမ်းရိပ်ညိုရယ် လွမ်းစိတ်ပို လွမ်းစိတ်ပို အဝေးကနေသွေး လွမ်းစိတ်ပိုတယ် ) တော်သလင်းမှာကွယ် လှေတော်ခင်းတွေရယ် လှေပြိုင်ပွဲ ကျင်းပလို့ ရေဇလာပေါ်ဝယ် တော်သလင်းမှာကွယ် လှေတော်ခင်းတွေရယ် လှေပြိုင်ပွဲ ကျင်းပလို့ ပျော် ပျော် ပျော်တယ် လောင်းကနပျော် လောင်းကနပျော် စကြာတော် လွှမ်းတယ်လေ ထက်အာကာနန်းမှာလ စကြာတော် လွှမ်းတယ်လေ ထက်အာကာနန်းမှာလ တိမ်တန်းတွေ စီလို့ စီလို့ တိမ်တန်းတွေ စီလို့ စီလို့ တိမ်နီ တိမ်ပြာ တိမ်ဝါ သန်းတယ်လေ တိမ်ပန်းတွေဆိုင်း
             ( မဗေဒါ မဗေဒါ ပန်းပန်လျက်ပါ ၀ဲယာကြည့်ရင်း ရေစီးထဲမှာ )
             ကိုတံငါ လှေယာဉ်စီးပါလို့ ကိုတံငါ လှေယာဉ်စီးပါလို့ ပိုက်ကြီးနဲ့ ရေချလာ
             မှန်းဆ အတိတ်ကို ကမ်းရိပ်ညိုလေးဆီသို့ ကမ်းရိပ်ညိုလေးဆီသို့ လွမ်းစိတ်ပို မှန်းဆ ခင်ပျို သြော် တမ်းတမှန်းဆ လွမ်းရ ဘ၀င်ပို နွမ်းလျမရွှင် လွမ်းတယ်လေး ကမ်းရိပ်ညို
             ( ကမ်းရိပ်ညို ကမ်းရိပ်ညို ဝေးရပ်မြေလေး ကမ်းရိပ်ညိုရယ် လွမ်းစိတ်ပို လွမ်းစိတ်ပို အဝေးကနေသွေး လွမ်းစိတ်ပိုတယ် ) တော်သလင်းမှာကွယ် လှေတော်ခင်းတွေရယ် လှေပြိုင်ပွဲ ကျင်းပလို့ ရေဇလာပေါ်ဝယ် တော်သလင်းမှာကွယ် လှေတော်ခင်းတွေရယ် လှေပြိုင်ပွဲ ကျင်းပလို့ ပျော် ပျော် ပျော်တယ် လောင်းကနပျော် လောင်းကနပျော် စကြာတော် လွှမ်းတယ်လေ ထက်အာကာနန်းမှာလ စကြာတော် လွှမ်းတယ်လေ ထက်အာကာနန်းမှာလ တမ်တန်းတွေ စီလို့ စီလို့ တိမ်တန်းတွေ စီလို့ စီလို့ တိမ်နီ တိမ်ပြာ တိမ်ဝါ သန်းတယ်လေ တိမ်ပန်းတွေဆိုင်း